ပြိုင်ဘက်ပရိသတ်များကို မဖွယ်မရာပြုလုပ်ပြခဲ့သည့် စီရော်နယ်လ်ဒို တစ်ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်ခံရ

ပြိုင်ဘက်ပရိသတ်များကို မဖွယ်မရာပြုလုပ်ပြခဲ့သည့် စီရော်နယ်လ်ဒို တစ်ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်ခံရ
Photo: Getty Images
Photo: Getty Images
Published 29 February 2024

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ပြိုင်ဘက်အသင်းပရိသတ်များကို မဖွယ်မရာပြုလုပ်ပြခဲ့သောကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးချမှတ်ခံခဲ့ရကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီ ၂၅ ရက်က အယ်လ်ရှာဘတ်အသင်းနှင့်ယှဉ်ပြိုင်ကစားသည့် အဝေးကွင်းပွဲစဉ်အပြီးတွင် ပြိုင်ဘက်အသင်းပရိသတ်များက မက်ဆီ၏အမည်ကိုအော်၍ လှောင်ပြောင်ခဲ့သောကြောင့် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် လက်တစ်ဖက်ကို နားတွင်ကပ်၍ နားထောင်သည့်အမူအရာပြုလုပ်ပြီးနောက် ခါးကိုညွှတ်ကာ လက်ဖြင့် မဖွယ်မရာအပြုအမူပြုလုပ်၍ တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်မှာ ရုပ်သံကင်မရာများတွင် တွေ့မြင်ရခြင်းမရှိသော်လည်း ပွဲကြည့်စင်ပေါ်မှ ဖုန်းဖြင့်ရိုက်ကူးထားသည့်ဗီဒီယိုမှာ လူမှုမီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်။

၎င်း၏အပြုအမူကို ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီးနောက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက စီရော်နယ်လ်ဒိုအား တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးချမှတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းအနေဖြင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်အား ဆော်ဒီနိုင်ငံသုံးငွေ ၁၀၀၀၀ (၂၆၆၆ ဒေါ်လာ) ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သလို အယ်လ်ရှာဘတ်အသင်းအား တိုင်ကြားစာတင်သွင်းမှုအတွက်  ကုန်ကျစရိတ် ဆော်ဒီနိုင်ငံသုံးငွေ ၂၀၀၀၀ ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုပြစ်ဒဏ်အတွက် အယူခံဝင်ခွင့်မရှိကြောင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent