Rapper ဖြစ်ချင်တဲ့ ဘောလုံးသမားတွေအကြောင်း (Life)

Rapper ဖြစ်ချင်တဲ့ ဘောလုံးသမားတွေအကြောင်း (Life)
Photo: Getty Images
Photo: Getty Images
Published 28 February 2024
AK

Dide ဆိုတဲ့နာမည်နဲ့ မျက်နှာဖုံးစွပ် Rapper ဟာ ဂီတပရိသတ်တွေကြားသာမကဘဲ ဘောလုံးပရိသတ်တွေကြားပါ ရေပန်းစားနေတယ်။ Dide ဟာ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတစ်ဦးဆိုပြီး သတင်းထွက်နေပါတယ်။ တချို့ကလည်း Dide ဆိုဟန်က အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြတယ်။ သီချင်းဆိုနေရင်းနဲ့ Dide က ဘောလုံးသမားဖြစ်ကြောင်းဝန်ခံတယ်။ သူကစားနေတဲ့အသင်းက နိုင်ပွဲတွေဆက်နေတယ်ဆိုပြီး သဲလွန်စပေးတယ်။ ဒါကြောင့်လည်း Dide ဟာ အာဆင်နယ်ကစားသမား ဖြစ်ဖွယ်ရှိနေတာပါ။ အာဆင်နယ်မှာ Rapper ဖြစ်ချင်သူတွေက ဆာကာ၊ အန်ကီတီယာ၊ နယ်လ်ဆင်တို့ပါပဲ။ အဲဒီသုံးဦးထဲက အဖြစ်နိုင်ဆုံးဟာ အန်ကီတီယာပါ။ မျက်နှာဖုံးစွပ်ထားတဲ့ Dide ဟာ အန်ကီတီယာနဲ့ဆင်တူနေသလို၊ ဒဏ်ရာကြောင့်အနားယူရချိန်မှာ သီချင်းတွေလုပ်ခဲ့တာဖြစ်မယ်လို့ ပရိသတ်တွေ ယူဆနေပါတယ်။

 

Most Read

Most Recent