၀င်ဘလေအိပ်မက်ဆိုးမှ မနိုးထနိုင်ခဲ့ပါ

၀င်ဘလေအိပ်မက်ဆိုးမှ မနိုးထနိုင်ခဲ့ပါ
Photo: Getty Images
Photo: Getty Images
Published 26 February 2024
Phoe Thar

ဖေဖော်ဝါရီ (၂၅)ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ လိဂ်ဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းကို (ဝ-၁)ဂိုးနဲ့အရေးနိမ့်ပြီး (၂)ရာသီဆက်တိုက် ဖလားလက်မဲ့အဖြစ်ဖြတ်သန်းရဖို့ နီးစပ်သွားခဲ့တယ်။ ဒီဗိုလ်လုပွဲအရှုံးဟာ ချယ်လ်ဆီးအသင်းအတွက် ပြည်တွင်းဖလားဗိုလ်လုပွဲ နောက်ဆုံး (၆)ကြိမ်ဆက်တိုက် (FA ဖလား ၃ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်) အရေးနိမ့်မှုဖြစ်ခဲ့ပြီး အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော မှတ်တမ်းလည်းဖြစ်ခဲ့တယ်။ ချယ်လ်ဆီးအသင်းနဲ့ သက်ဆိုင်သူအားလုံးအတွက် အနာကျင်ရဆုံးလို့ ဆိုရမှာက လီဗာပူးလ်အသင်းကို ပြည်တွင်းဖလား ဗိုလ်လုပွဲ နောက်ဆုံး (၃)ကြိမ်ဆက် (လိဂ်ဖလား ၂ ကြိမ်၊ FA ဖလားတစ်ကြိမ်) ရှုံးနိမ့်ခဲ့တာဖြစ်ပြီး၊ လာမယ့်ရာသီဥရောပဝင်ခွင့်အတွက် အခွင့်အရေးတစ်ခုကို လက်လွှတ်ခဲ့ရခြင်းပါပဲ။

 

Most Read

Most Recent