ဖေဖော်ဝါရီ လလယ်ပိုင်းမှစတင်ပြီး ထိုင်းသတင်းဌာနများတွင် မြန်မာနိုင်ငံအကြောင်း နှင့် ပတ်သက်သည့် သတင်းများတွင် ဖမ်းဆီးခံနေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သတင်းများဟု ဆိုနိုင်သည်။
ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်ပြီး ထိုင်း နိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနက် အများ စုမှာ အောက်လမ်းမှတရားမဝင်သွားရောက် လုပ်ကိုင်မှုကြောင့်ဖြစ်သည်ဟု ထိုင်းအခြေ စိုက် ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြ ချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်းနိုင်ငံ ချွန် ဖော်ခရိုင်တွင် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်း ပတ်မောင်းနေသည့် ကားတစ်စီးကိုတွေ့ရှိသ ဖြင့် ကြားဖြတ်စစ်ဆေးရာ အဆိုပါကားအတွင်း တွင် မြန်မာနိုင်ငံသားအမျိုးသားနှစ်ဦး၊ အမျိုး သမီး သုံးဦး၊ ကလေးငယ်နှစ်ဦးတို့ကိုတွေ့ရှိ သဖြင့် ဖမ်းဆီးခဲ့သည်။
ကလေးငယ်များပါ ပါဝင်သည့် မြန်မာ လုပ်သားများမှာ ရနောင်းမှတစ်ဆင့် ပစ်ကပ် ကားဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာ ခြင်းဖြစ် ပြီး ချွန်ဖော်ခရိုင်လန် (င်) စွန်မြို့သို့ တစ်ဦးလျှင် ဘတ် ၃၅၀၀ ပေးကာလာရောက်ခဲ့ ကြောင်း၊ ၎င်းတို့သည်မြန်မာ-ထိုင်းနယ်စပ်မှ တစ်ဆင့် (Border Pass) နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်ကိုင်ဆောင်ကာ ဝင်ရောက်လာ ပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများ တွင်ဖော်ပြသည်။
ထို့အတူ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်း နိုင်ငံ နခေါ (န်) ပထုမ်ခရိုင်ရှိ ကျေးရွာအုပ်စု သုံးခုတွင် သံသယ ဖြစ်ဖွယ် ဗင်ကားနှစ်စီးအား စစ်ဆေးရာ ကားအတွင်းတွင် လိုက်ပါလာ သည့် အထောက်အထားမဲ့မြန်မာအလုပ်သ မား ၄၆ ဦး တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ မှာ လူငယ်များဖြစ်ပြီး လူကယ်ရီပွဲစားများနှင့် ချိတ်ဆက်ကာ ကော့သောင်း-ရနောင်းလမ်းမှ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများဖြစ် ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင်မူ တစ်ရက် တည်းနေရာသုံးခု၌ ထိုင်းဘက်သို့ဝင်ရောက် လာသည့် တရားမဝင်မြန်မာလုပ်သားများကို ဆက်တိုက်ဖမ်းဆီးရမိခဲ့သည်။
ထိုင်းနိုင်ငံ ရနောင်းခရိုင် နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲ့က ရနောင်းခရိုင် ကရဘူရီမြို့ ကျော်ပေါရော် ကျေးရွာ ဟင်(န်)ဒမ်ကျေးရွာအနီးတွင် ရပ် ထားသည့် ပစ်ကပ်ကားတစ်စီးအား ဖေ ဖော်ဝါရီ ၂၀ ရက် နံနက် ၂ နာရီခန့်က စစ်ဆေး ရာတရားမဝင်မြန်မာအလုပ်သမား အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦးနှင့် ယာဉ်မောင်း တို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် ရနောင်းခရိုင် ကရဘူရီမြို့ကျော် ပေါရော် ကျေးရွာအုပ်စု ရော်ဘာခြံအနီးတွင် ခြေကျင် လျှောက်နေသူ မြန်မာအလုပ်သမား လေးဦး ကို ထပ်မံတွေ့ရှိဖမ်းဆီးခဲ့သည်။
အဆိုပါ မြန်မာလုပ်သား လေးဦးသည် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းရန် ခြေကျင် ဖြင့် ဝင်ရောက်လာသူများဖြစ်ကာ စစ် ဆေး ရေးဂိတ်ကျော်သွားပါက စောင့်နေသည့် ကား ဖြင့် ချွန်ဖော်သို့သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာလုပ်သားများ တရားမဝင် ဝင်လာမည်ဆိုသည့် သတင်းကြောင့် ကရ ဘူရီမြို့၊ ရနောင်းမြို့၊ စူခ်ဆမ်ရာမြို့တို့တွင် ထိုင်းအာဏာပိုင်များက စစ်ဆေးရေးဂိတ်များ ချထားပြီး ကားဖြင့်လုံခြုံရေး လှည့်ပတ်စစ်ဆေး နေစဉ် ရနောင်းခရိုင် စူခ်ဆမ်ရာမြို့ရှိ စားအုန်း ဆီခြံဘေး တောလမ်းတွင် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီး မောင်းနှင်သည်ကို တွေ့ရှိ သဖြင့် စစ်ဆေးရာကားထဲတွင် တရားမဝင် မြန်မာအလုပ်သမား ငါးဦးကိုတွေ့ရှိဖမ်းဆီးခဲ့ကြောင်း၊ထို့နောက် စူခ်ဆမ်ရာမြို့ နာခါကျေး ရွာတွင် သံသယဖြစ်ဖွယ် ကားတစ်စီးတွေ့ရှိသ ဖြင့် ကမ်ဖွန်ကျေးရွာ အုပ်စု ၄ တွင် အရှေ့ နောက် လမ်းပိတ်ပြီး ကားကိုစစ်ဆေးရာတွင် တရားမဝင် မြန်မာအလုပ်သမား သုံးဦး ဖမ်း ဆီးခံရကြောင်း၊ ထို့နောက် မြန်မာအလုပ် သမားကို တင်ဆောင်လာသည့် ကားနှစ်စီးကို ထပ်မံတွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးရာတွင် ပထမတစ်စီးကို စူခ်ဆမ်ရာကျေးရွာ ကမ် ဖွန်ကျေးရွာ အုပ်စု၂ အနီးတွင်ဖမ်းဆီးရမိပြီး ကားထဲတွင် တရားမဝင် မြန်မာ အလုပ်သမား ငါးဦးနှင့် ဒုတိယ ကားအတွင်မှ မြန်မာအလုပ် သမား ၁၄ ဦးတို့ကို ထပ်မံတွေ့ရှိ ဖမ်းဆီးခဲ့ ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်း များအရသိရသည်။
ထို့ပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့တွင်လည်း စတိုးဆိုင်၊ စားသောက် ဆိုင်များ သာမက လမ်းဘေးတွင်စျေးရောင်းနေသည့် မြန်မာလုပ်သားများကိုလည်း ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
“ ထိုင်းနိုင်ငံကို ရောက်နှင့်နေပြီးသား မြန်မာစျေးဆိုင်အများအပြား ထိုင်းနယ်စပ် မဲဆောက်မှာ၊ ထာ့ဆောင်ရမ်းမှာ၊ ထိုင်းအ လယ်ပိုင်းက စမွတ်ပရာကန်ပြည်နယ်ထဲမှာ၊ အရှေ့ပိုင်းက ချွန်ဘူရီပြည်နယ်။တောင်ပိုင်း က ဖူးခတ်ပြည်နယ်ပတ္တယားမြို့ တွေမှာရှိတဲ့ မြန်မာစျေးဆိုင်တွေဟာ ထိုင်းဥပဒေအတိုင်း လျော်ညီမှုရှိမရှိ၊ လုပ်သားတွေ စာရွက်စာတမ်း အထောက်အထား ရှိမရှိ နောက် လုပ်ကိုင်နေ တဲ့ အလုပ်တွေက ထိုင်းနိုင်ငံသားတွေ လုပ်ရ မယ့်အလုပ်တွေလား၊ နိုင်ငံခြားသားတွေ လုပ် ကိုင်ခွင့်မရှိဘဲ ကန့်သတ်ထားတဲ့ လုပ်ငန်းတွေ လားဆိုတာကို ဗဟိုအထူးရဲ၊ ဒေသခံရဲ၊ အလုပ် သမားဌာနတို့ပေါင်းစည်းပြီးတော့ ရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ တော် တော်များများ ငွေဒဏ်ထိကြပါတယ်။အခြေ အနေတွေက တစ်ပြိုင်တည်း ဖြစ်နေတော့ ထိုင်းနိုင်ငံထဲ ရှိနှင့်ပြီးသားသူတွေရော ထိုင်းနိုင်ငံကိုလာကြမယ့်သူတွေလည်း ပို၍ ပို၍ ဂရုစိုက်ကြရမှာဖြစ်ပါတယ်” ဟု မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောကြားသည်။
ထိုင်းအစိုးရက မြန်မာနိုင်ငံသားများအ ပါအဝင် ထိုင်းနိုင်ငံရှိ ပြည်ပလုပ်သားများ မ လုပ်ကိုင်ရန် တားမြစ်ထားသည့် လုပ်ငန်း ၄၀ ကျော်ရှိသည်ဟု ဦးမိုးကြိုးက ဆိုသည်။
“ထိုင်းအစိုးရကတားမြစ်ထားတဲ့ အ လုပ် အကိုင်အမျိုးအစား ၄၀ ရှိပါတယ်။အဲဒါက မြန်မာ၊ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို စတဲ့ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ကိုင်ခွင့် မပြုတာပါ။ ခွင့်မပြုတဲ့ထဲ စျေးရောင်းတာ၊အလှပြင်ဆိုင်ဖွင့်တာ၊ဘုရားဆင်းတုတော် ပြု လုပ်တာတို့ စတဲ့အလုပ်တွေပါတာပေါ့ဗျာ။ ဒါတွေကို ပြုလုပ်မယ်ဆိုရင် ဒဏ်ငွေအနေနဲ့ ဘတ်၅၀၀၀ ငနေ ဘတ်၅၀၀၀၀ ထိရှိပါတယ်။ ဒါ့ပြင်ကို ထိုင်နိုင်ငံထဲကို ပြည်ဝင်ခွင့် ဗီဇာ နှစ်နှစ် ပိတ်ပင်ခြင်းခံရနိုင်တယ်။ မဝင်ရဘူး ပေါ့၊ လာရင်ဖမ်းမယ်ပေါ့” ဟု ဦးမိုးကြိုးကပြော ကြားသည်။
ကြိတ်ကြိတ်တိုး တန်းစီခဲ့ရတဲ့ ထိုင်းဗီဇာ လျှောက်ထားမှု
ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ် ကိုင်ရန်၊ ကျောင်းတက်ရန် အစရှိသည့်အခြေ အနေများကြောင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့ တွင်လည်း ဗီဇာလျှောက်ထားရန် တန်းစီစောင့် ဆိုင်းနေသည့် မြန်မာလူငယ်အများအပြားကို လည်း ပြီးခဲ့သည့် ရက်ပိုင်းများက နေ့စဉ်မြင် တွေ့ရမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင် ထိုင်းသံရုံးရှေ့ ၌ တန်းစီနေသည့် မြန်မာလူငယ်အများစုမှာ မနော်ဟရီလမ်းတစ်လျှောက်တွင် နံနက်အ စောပိုင်းက စတင်ကာ တန်းစီခဲ့ကြခြင်းဖြစ် သည်။
“ ဗီဇာလျှောက်ဖို့ တိုကင်အရင်ယူရတာ။ ဗီဇာကို မလျှောက်ရသေးဘူး။ တိုကင်ရမှ ဗီဇာ လျှောက်လို့ရမှာမို့လို့ တန်းစီနေတာ” ဟု ထိုင်း သံရုံးရှေ့တွင် တန်းစီနေသည့် မြန်မာလူငယ် တစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြား သည်။
ထိုင်းဗီဇာရရှိရန် တိုကင်တန်းစီနေသည့် လူငယ်အများအပြားရှိနေသဖြင့် ထိုင်းသံရုံးအ နေဖြင့်လည်း စနစ်နှစ်ခုကို စမ်းသပ်လုပ်ကိုင် ခဲ့ရသည်အထိဖြစ်ခဲ့ရသည်။
ယခင်က လူကိုယ်တိုင်တန်းစီသည့်စနစ် ဖြင့် တိုကင်ကိုတစ်ရက်လျှင် လူ ၄၀၀ ပေးဝေ ခဲ့သော်လည်း လာရောက်တန်းစီသူများပြား လာသဖြင့် အွန်လိုင်းမှတစ်ဆင့် တိုကင်ယူ သည့်စနစ်ကို ပူးတွဲပြုလုပ်ခဲ့ရသည်။
တစ်ရက်လျှင် လူ ၄၀၀ အတွက် တိုကင် များကို ပေးဝေရာတွင် အွန်လိုင်းစနစ်အတွက် ၂၀၀၊ လူကိုယ်တိုင်တန်းစီစနစ်အတွက် ၂၀၀ ဆိုသည့် ပုံစံကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။
https://thaiconsularyangon.com/visa/ rS Visa Appointment Booking On-line (VABO) စနစ်ကိုအသုံးပြု၍ အွန်လိုင်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့သွားရောက်ရန် ဗီဇာ လျှောက်ထားခြင်းများအတွက် တိုကင်နံပါတ် များတင်ရန်လက်ခံပေးခဲ့ကြောင်း၊ ဖေဖော် ၀ါရီ ၂၂ ရက်မှ စတင်ပြီး ရက်ပေါင်း ၃၀ စာအ တွက် တစ်ရက်လျှင် တိုကင်အခု ၂၀၀ နှုန်းဖြင့် ကြိုတင်လျှောက်ထားနိုင်ရန် ဆောင်ရွက်ခဲ့ ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။
အဆိုပါ VABO စနစ်ကို စတင်ဖွင့်လှစ် အသုံးပြုပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းမှ စတင်၍ လူအများအပြား လာ ရောက်ကြိုတင်တိုကင် တောင်းခံလျက်ရှိသ ဖြင့် အဆင်ပြေသောစနစ်တစ်ခုဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်သည်။
ယင်းကြောင့် သံရုံးရှေ့တွင်လူကိုယ်တိုင် တန်းစီစနစ်ဖြင့် ဗီဇာရက်ချိန်းယူခြင်းကို ဖျက် သိမ်းမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ရက်ပေါင်း ၃၀ စာအတွက် တစ်ရက်လျှင် တို ကင် ၄၀၀ ခုနှုန်း ထပ်မံဖြည့်သွင်းကာ ကြိုတင် လျှောက်ထားခြင်းအား လက်ခံပေးမည်ဖြစ် ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
VABO စနစ်ဖြင့် ရက်ချိန်းတစ်ခုကြိုတင် မှာယူသည့်အခါ လျှောက်ထားသူသည် အီး မေးလ် လိပ်စာ၊ နိုင်ငံကူးလက်မှတ်တွင် ပါရှိ သည့်အတိုင်း လူအမည်နှင့် ပတ်စပို့နံပါတ် တူညီမှန်ကန်မှုကို တိကျစွာစစ်ဆေးရမည်ဖြစ် ကြောင်း၊ တိုကင်ရယူပြီးသောအခါ ဓာတ်ပုံ ရိုက်ပါ သို့မဟုတ် ဝက်ဘ်ဆိုက်မှအတည်ပြု ပေးသော တိုကင်စာမျက်နှာ သို့မဟုတ် စနစ် မှ သင့်ထံပေးပို့ထားသည့် တိုကင်အတည်ပြု အီးမေးလ်ကို ထိုင်းသံရုံး ကောင်စစ်ဌာနသို့ ပြသနိုင်ရန် ပရင့်ထုတ်ရမည်ဖြစ်ကြောင်း၊ ပတ်စပို့နံပါတ်တစ်ခုအတွက် တစ်ကြိမ်သာ လျှောက်ထားနိုင်ပြီး တခြားသူထံသို့လွှဲပြောင်း အသုံးပြုခြင်း ပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ စနစ်အသုံးပြုသူ အများအပြားရှိနေသည့် အ ခြေအနေတွင် လူအများတစ်ပြိုင်နက်တည်း ဝင်ရောက်လျှောက်ထားရန် မဖြစ်နိုင်ကြောင်း၊ ယင်းကြောင့် ကြိုတင်စာရင်းပေးလိုသူများ သည် စနစ်ပြန်လည် အသုံးပြုနိုင်ရန် အချိန်အနည်းငယ်စောင့်ဆိုင်းပြီးမှသာ နောက်တစ် ကြိမ်ပြန်လည်ဝင်ရောက် လျှောက်ထားနိုင် မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက် ထားမှုမှာ ဆယ်ရက်ကျော်အတွင်း လူ ခုနစ် ထောင်ကျော်ရှိခဲ့သည်ဟု ထိုင်းမီဒီယာ တစ်ခု ဖြစ်သည့် ဘန်ကောက်ပို့စ်က သတင်းဖော်ပြခဲ့ သည်။
ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်း များသည်လည်း မတ် ၁ ရက်အထိပြည့်နေပြီး ထပ်တိုးလာရန်ရှိနေကြောင်း ထိုင်းသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Kanchana Patarach က ကြာသပတေးနေ့တွင် ပြောကြားသည် ဟု သတင်းတွင် ဖော်ပြထားသည်။
ဗီဇာလျှောက်ထားသူ များပြားလာမှုမှာ လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် စစ်မှုထမ်းဥပဒေနှင့် သက်ဆိုင်ခြင်းရှိမရှိ ကို မပြောနိုင်ကြောင်း သူက ဆက်လက်ပြော ကြားသည်ဟု သတင်း၌ ရေးသားထားသည်။
မြန်မာလုပ်သားအရေး ထိုင်းဝန်ကြီးချုပ် ဘာပြောလဲ
ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်လာ သည့် မြန်မာလုပ်သားများကို လက်ခံကြိုဆိုနေ မည်ဖြစ်သော်လည်း တရားမဝင်ဝင်ရောက် လာသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်း ဝန်ကြီးချုပ် ဆရတ်သာ ထားဝီဆင်းက ဖေဖော် ၀ါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
“သူတို့ဟာ နိုင်ငံကို တရားဝင်ဝင်ရောက် လာမယ်ဆိုရင် သူတို့ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တရားမဝင် ဝင်ရောက်လာ မယ်ဆိုရင်တော့ သူတို့ကို တရား ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို ကျွန် တော်ဟာ လုံခြုံရေးဌာနတွေနဲ့ လည်း ဆွေးနွေး ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ် ဆရတ်သာက ပြော ကြားခဲ့သည်။
မြန်မာရွှေ့ပြောင်းများက နယ်ခံထိုင်းနိုင် ငံသားများထံအလုပ်အကိုင်များကို ရယူသွား လိမ့်မည်ဟူသော ပူပန်မှုများကို ထိုင်းဝန်ကြီး ချုပ်က ဖြေဖျောက်ပေးခဲ့ပြီး လတ်တလောတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော မြန်မာနိုင် ငံသားများသည် မဖြစ်မနေ စစ်မှုထမ်းခြင်း ကို ရှောင်ရန်ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏စစ်မှုထမ်းစေခြင်းက ထိုင်းနှင့်မြန်မာ နိုင်ငံနားလည်မှုစာချွန်လွှာအ ရ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော အလုပ် သမားများကို ကာမိစေမည်ဖြစ်ပြီး ယင်းက စီးပွားရေးလုပ်ငန်းအချို့ကို ထိခိုက်စေသည့် လုပ်သား ပြတ်လပ်မှုများကို ဦးတည်စေလိမ့် မည်ဟု သမ်မာဆက် တက္ကသိုလ်ရှိ ပရီဒီဘာ နိုမြောင်အင်စတီကျု၏အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ အနူဆွန်းတာမာဂျိုင်က ပြောကြားခဲ့ သည်။
စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းခြင်း၏ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံသားများ ဝင်ရောက်မှု မြင့်တက်လာခြင်း နှင့်တရားမဝင် အလုပ်လုပ်ခြင်းတို့ မြင့်တက် လာခြင်းကို မြင်ရလိမ့်မည်ဟု ၎င်းင်းက ဖြည့် စွက်ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်၏ ပြောကြားမှုအပြီး တွင် ထိုင်းအာဏာပိုင်များဘက်မှ တရားမဝင် မြန်မာလုပ်သားများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုများ ရှိလာပြီး တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများကိုလည်ဆက် တိုက်ဖမ်းဆီးရမိမှုများ ရှိလာခဲ့သည်။
“ ထိုင်းဘက်ကတော့ ပိုက်စိပ်တိုက် စစ် ဆေးနေတာတွေရှိနေတော့ သွားချင်တဲ့မြန်မာ နိုင်ငံသားတွေတော့ တော်တော်အခက်တွေ့ နေတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောကြား သည်။
နယ်စပ်မှာ သောင်တင်နေတဲ့မြန်မာလုပ်သားတွေ
ထိုင်းဘက်သို့ ဝင်ရောက်ရာတွင် မြဝတီ နယ်စပ်မှတစ်ဆင့် ဝင်ရောက်ခြင်း၊ ဘုရားသုံး ဆူဘက်မှတစ်ဆင့် ထိုင်းနိုင်ငံ နောင်းခရိုင်သို့ ဝင်ရောက်ခြင်းများရှိသည်။
ပုံမှန်အလည်အပတ်ဝင်ရောက်သူများ အနေဖြင့် မြဝတီဘက်တွင် အမှတ် ၁ ချစ် ကြည်ရေးတံတားမှတစ်ဆင့် ခုနစ်ရက်ဗီဇာ ဖြင့် ဝင်ရောက်ကာ လည်ပတ်နိုင်သည်။
လေကြောင်းမှတစ်ဆင့်သွားရောက်မည် ဆိုပါက ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်ခွင့်ရ သည်။
လက်ရှိတွင် မြဝတီမြို့၌လည်း ထိုင်းဘက် သို့ ဝင်ရောက်ရန်စီစဉ်နေသည့် မြန်မာလုပ် သားများလည်းရှိသကဲ့သို့ ဘုရားသုံးဆူမြို့တွင် လည်း ထိုင်းဘက်သို့ဝင်ရောက်ရန် စီစဉ်နေ သည့် မြန်မာလုပ်သားများလည်းရှိနေပြီး ဝင် ရောက်ခြင်းမပြုနိုင်ဘဲ စောင့်ဆိုင်းနေရသည့် မြန်မာလုပ်သားများလည်းရှိနေသည်။
မြန်မာနိုင်ငံသားအများအပြားမှာ ထိုင်း နိုင်ငံဘက်သို့ ထွက်ခွာရန် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာနေကြောင်း ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောကြားသည်။
“ ဘုရားသုံးဆူကတဆင့် ထိုင်းဘက်ကို တက်မယ့်သူတွေက ထောင်နဲ့ချီပြီးတော့ကိုရှိ နေတယ်။ ထိုင်းဘက်ကိုလည်း ဝင်ဖို့ကမလွယ် နေတော့ ဘုရားသုံးဆူမြို့မှာပဲ နေနေကြရ တယ်။ မြို့မှာရှိတဲ့ တည်းခိုခန်းတွေ၊ တည်းခို ဆောင်တွေ၊ ဘုရားကျောင်းတွေအပြင်ကို ဂျပန်ရေတွင်းဘက်က ခြံတွေမှာလည်း နေနေ ကြတာမျိုးတွေ့ရတယ်” ဟု ဘုရားသုံးဆူ မြို့ခံ တစ်ဦးက ပြောကြားသည်။
ထိုင်းအာဏာပိုင်များက တရားမဝင် ဝင် ရောက်လာသူများအား ဥပဒေအရ အရေးယူ မည်ဟု အသိပေးပြောဆိုလာပြီးနောက် ထိုင်း နိုင်ငံဘက်သို့ ဝင်ရောက်ကြမည့်သူများမှာ ဘုရားသုံးဆူမြို့တွင် သောင်တင်နေခြင်းဖြစ် သည်။
ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသည့် မြန်မာလုပ်သားများမှာ ပွဲစားများမှတဆင့် မြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်းနှင့် နေထိုင်ရသည့်ရက်ကြာလာသည်နှင့် အမျှ စားရေးသောက်ရေးနှင့် နေရေးထိုင်ရေး ခက် ခဲလာနေကြောင်း သိရသည်။
ယခင်က ထိုင်းဘက်သို့ ဝင်ရောက်ရန် လွယ်ကူခဲ့သော်လည်း လက်ရှိတွင် တစ်ရက် လျှင် ၁၀၀ ကျော်သွားရောက်ရန်ရှိနေသော် လည်း ၁၀ ဦးခန့်သာ သွားရောက်နိုင်သည်ဟု လည်း ဘုရားသုံးဆူမြို့ခံအချို့က ပြောကြား သည်။
ဘုရားသုံးဆူဒေသအတွင်း ယခင်က မြန်မာနိုင်ငံဘက်ကမှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လိုသူများအနေဖြင့် ပွဲစားကြေး မြန်မာကျပ်ငွေ ၁၀ သိန်းကျော်သာ ပေးသွင်း ရသော်လည်း ယခုလက်ရှိအချိန်တွင် ကျပ် သိန်း ၄၀ အထိ ပေးသွင်းနေရကြောင်း သိရ သည်။
အိမ်နီးချင်းမြန်မာလုပ်သားများ ဝင် ရောက်လာမှုများပြားလာသည်နှင့်အမျှ ထိုင်း နိုင်ငံအတွက်လည်း တင်းကြပ်သည့်စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်ကာ နယ်စပ်တစ် လျှောက် ခိုးဝင်မှုများမရှိစေရန် လုပ်ဆောင်နေ ရသည်ဟု ဆိုရမည်ဖြစ်သည်။
ထို့အတူ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက် မည့် မြန်မာနိုင်ငံသားများမှာလည်း နယ်စပ် တွင်စောင့်ဆိုင်းနေရခြင်းများရှိနေရာ မြန်မာ အစိုးရနှင့် ထိုင်းအစိုးရအကြား မည်သည့်ပုံစံ ဖြင့် ဆက်လက်ကိုင်တွယ်မည်လဲဆိုသည်ကို စောင့်ကြည့်ရမည်လည်းဖြစ်သည်။