၂၀၂၈ မှာ အနိုင်နဲ့ပိုင်းပါ MFF ဥက္ကဋ္ဌ (၁)

၂၀၂၈ မှာ အနိုင်နဲ့ပိုင်းပါ MFF ဥက္ကဋ္ဌ (၁)
Photos: MFF
Photos: MFF
Published 24 February 2024
Aung Naing Aung

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က လာမယ့် မတ်(၃၀)ရက်မှာ အမှုဆောင်ရွေးကောက်ပွဲ လုပ်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သမိုင်းတစ်လျှောက်၊ မြန်မာ့ဘောလုံးသမိုင်းတစ်လျှောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နဲ့ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့ တတိယအကြိမ် တရားဝင်ရွေးကောက်ပွဲပါ။ လာမယ့်ရွေးကောက်ပွဲက ယခင်ရွေးကောက်ပွဲတွေနဲ့မတူ တမူထူးခြားနေတာလေးတွေလည်း ရှိနေပါတယ်။ ဥပမာဆိုရရင် ယခင်ရွေးကောက်ပွဲတွေတုန်းက ဒုဥက္ကဌရာထူးအတွက် (၂) နေရာသာ သတ်မှတ်ခဲ့ပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာတော့ (၃) နေရာသတ်မှတ်ထားသလို ထပ်တိုးတစ်နေရာက အမျိုးသမီးဖြစ်နေလို့ပါပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် လာမယ့်ရွေးကောက်ပွဲကစပြီး အမျိုးသမီးဘောလုံးလောက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သွားမယ့်အစီအစဉ်တွေရှိနေတာ ကြိုတင်တွက်ဆလို့ ရနေပါတယ်။ ဒါဟာ ကောင်းတဲ့အရွေ့တစ်ခုဖြစ်လို့ ကြိုဆိုရမှာပါ။

 

Most Read

Most Recent