ချာချာလည်မူးဝေခြင်း

ချာချာလည်မူးဝေခြင်း
Published 11 February 2024
ဒေါက်တာလွင်သန့်

 ချာချာလည်မူးဝေခြင်းဆိုတာအခြားမူးဝေတာနဲ့မတူပဲ၊ပတ်ဝန်းကျင်ရှိအရာတွေချာချာလည်နေလို့မျက်လုံးစုံမှိတ်ထားရလောက်အောင်မူးတာမျိုးဟာနားကြောင့်ဖြစ်တယ်။ချာချာလည်မူးဝေတာကိုသက်သာစေမယ့်အလွယ်နည်းလမ်းတွေရှိပါတယ်။

အိပ်စက်ခြင်းပုံမှန်ပြုသင့်ပါတယ်။အိပ်စက်တာကခန္ဓာကိုယ်ရော၊စိတ်ကိုပါတည်ငြိမ်စေပါတယ်။အခြားပြဿနာတွေဖြစ်တဲ့စိတ်ဓာတ်ကျတာ၊ကြောက်ရွံ့တာနဲ့၊အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေတွေကနေလည်းကျော်လွှားနိုင်ပါတယ်။နေ့စဉ်(၆-၈)နာရီအပြည့်အိပ်စက်သင့်ပါတယ်။

ရှောက်သီးတစ်ခြမ်းကိုရေနွေးနွေးထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ထဲကိုအရည်ညှစ်ထည့်သင့်တယ်။ပြီးရင်ဆား၊ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်မွှေးပြီးသောက်ရင်၊ချာချာလည်မူးနေတာရပ်သွားနိုင်ပါတယ်။

ယောဂကျင့်ကစားနိုင်ပါတယ်။ယောဂကျင့်တာကြောင့်ခန္ဓာကိုယ်ဟန်ချက်ထိန်းတာကိုကောင်းမွန်စေပါတယ်။အာရုံစူးစိုက်မှုကောင်းမွန်စေတာ၊သွေးလှည့်ပတ်မှုကိုကောင်းမွန်စေတာ၊ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းကိုသန်မာစေတာစတဲ့ကောင်းကျိုးတွေရရှိစေပါတယ်။

စတော်ဘယ်ရီသီးနဲ့ဒိန်ချဉ်ရောသောက်ပါကလည်းနားကြောင့်ချာချာလည်ပတ်မူးစေတာကိုသက်သာစေပါတယ်။

နံနံစေ့ထမင်းစားဇွန်းတစ်ဇွန်း၊ဆီးဖြူသီးခြောက်မှုန့်ထမင်းစားဇွန်းတစ်ဇွန်းတို့ကိုရေအနည်းငယ်ထည့်ပြီးတစ်ညစိမ်သင့်ပါတယ်။နောက်တစ်နေ့မနက်မှာသကြားလက်ဖက်စားဇွန်းတစ်ဝက်ထည့်မွှေးပြီးချက်ချင်းသောက်သင့်ပါတယ်။

ပင်စိမ်းကိုရေဆေးပြီး၊အစိမ်းလိုက်ဝါးစားတာဖြစ်စေ၊အခြောက်ခံထားပြီးရေနွေးပူပူထဲစပ်သောက်တာဖြစ်စေ၊သောက်သုံးရင်ခေါင်မူးတာသက်သာစေပါတယ်။

ဖရဲစေ့(ကွာစေ့)ခြောက်ရှစ်စေ့နဲ့ဗာဒံစေ့ထမင်းစားဇွန်းတစ်ဇွန်းစာတို့ကိုတစ်ညရေစိမ်ထားပြီးကြိတ်ခြေသင့်ပါတယ်။မီးဖိုပေါ်ဒယ်အိုးတင်ပြီးထောပတ်အနည်းငယ်နဲ့ရေမွှေးပေးသင့်ပါတယ်။လေးညှင်းပွင့်နှစ်ပွင့်လည်းထည့်သင့်ပါတယ်။ပြီးရင်မီးဖိုပေါ်ချပြီး၊နွားနို့နဲ့ရောသောက်ပေးသင့်တယ်။တစ်ပတ်တစ်ကြိမ်သောက်သင့်ပါတယ်။

ရေဆာရင်ရေသာသောက်သင့်ပါတယ်။နေ့စဉ်ရေဖန်ခွက်(၆-၈)ခွက်(သို့)သောက်ရေသန့်(၂-၃)လီတာသောက်သင့်ပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်မခန်းခြောက်စေသင့်သလို၊အရက်၊ဘီယာ၊မသောက်သင့်ပါဘူး။အရက်နဲ့ဘီယာကခန္ဓာကိုယ်တွင်းရေဓာတ်ကိုညစ်နွမ်းစေလို့၊ရေများများသောက်သင့်ပါတယ်။

ဗာဒံစေ့ကိုတစ်ညအိပ်၊ရေစိမ်ပြီးနောက်တစ်နေ့မနက်မှာကြိတ်ခြေသင့်တယ်။ပြီးရင်နွားနို့နွေးနွေးထဲထည့်သောက်ပေးရင်ချာချာလည်ခေါင်မူးတာသက်သာသွားပါတယ်။

ချင်း(ဂျင်း)ကိုရေဆေး၊အခွံနွှာကာ၊ခပ်ပါးပါးလှီးကာစားပေးရင်၊ခေါင်မူးတာ၊အန်တာ၊သက်သာစေတယ်။

ချာချာလည်ခေါင်မူးရတဲ့အကြောင်းတွေကဦးနှောက်(Central Cause)၊နားကြောင့်(Peripheral Causes)၊မျက်စိကြောင့်(Peripheral Causes)၊ခြေထောက်ကြွက်သားဟန်ချက်ထိန်းခြင်း(Proprioception Peripheral Causes)တို့ကြောင့်ဖြစ်နိုင်ပါတယ်။

နားကြောင့်ချာချာလည်ခေါင်းမူးနိုင်ပါတယ်။ပထမဦးစွာဖြစ်လေ့ရှိတဲ့ခေါင်းလေးလှုပ်တာနဲ့ချာချာလည်မူးတဲ့(Benighn Positional Vertigo)ဆိုတဲ့မဆိုးရွားပဲသူ့ဖာသာသူပျောက်နိုင်ပါတယ်။အသက်အရွယ်မရွှေးဖြစ်တတ်ပေမယ့်အသက်ကြီးသူအမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။ခုချိန်ထိဘာကြောင့်ဖြစ်လဲတိတိကျကျမသိရှိရပေမယ့်နားအတွင်းမှာရှိတဲ့ဟန်ချက်ထိန်းညှိတဲ့ပြွန်အတွင်းမှာအမှုန်တွေလို၊အတွင်းနားထဲကရောင်ရမ်းမှုတစ်မျိုးကြောင့်ဖြစ်နိုင်ကြောင်းအကြမ်းဖျင်းတွက်ယူနိုင်ပါတယ်။

တစ်ခါမူးရင်စက္ကန့်(၆၀)လောက်ပဲကြာတတ်တယ်။တစ်ခါတစ်လေချာချာလည်မူးပြီးအန်တတ်တယ်။ခေါင်းဘယ်ညာတစ်ဖက်ဖက်လှည့်တာနဲ့(အမှုန်ထကာဖြစ်တဲ့နားဘက်)လှည့်မိရင်၊မူးတတ်ပါတယ်။အခြားနားအူတာ၊နားပင်းတာ၊အန်တာတွဲဖြစ်ခဲ့ရင်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ခေါင်းလှုပ်တိုင်းမူးနေရင်၊အရင်ဆုံးကိုယ့်ကိုချာချာလည်စေတဲ့ခေါင်းလှုပ်ရှားမှုပုံစံရှောင်သင့်ပါတယ်။ခေါင်းကိုငြိမ်ငြိမ်လေးထားသင့်ပါတယ်။ခေါင်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ခေါင်းကိုညာဖက်(၄၅ံ)လှည့်ကာ၊ကိုယ်ကိုဘယ်ဘက်လှဲချသင့်တယ်။စက္ကန့်(၂၀-၃၀)လောက်အဆိုပါပုံစံအတိုင်းနေပေးသင့်ပါတယ်။ပြီးရင်ဖြည်းဖြည်းလေးထပြီး၊စက္ကန့်(၃၀)ပြန်ထိုင်သင့်တယ်။သည့်နောက်ခေါင်းကိုဘယ်ဖက်(၄၅ံ)လှည့်ကာကိုယ်ကိုညာဘက်လှဲပြီး(၂၀-၃၀)စက္ကန့်လှဲနေသင့်ပါတယ်။

တစ်နေ့(၃)ကြိမ်လောက်လုပ်ပြီး၊တစ်ခါလုပ်ရင်(၁၀)မိနစ်လောက်လုပ်ပေးသင့်ပါတယ်။

ဒုတိယအချက်ကနားအိမ်ရောင်လို့ဖြစ်တယ်။နားအိမ်ရောင်(Acute Labyrinthitis)ကချာချာလည်မူးတာမတိုင်ခင်မှာကိုယ်ခံဗိုင်းရပ်(virus)ပိုးဝင်ခဲ့တာ၊အအေးမိတာကြောင့်ဖြစ်တယ်။ဖြစ်တဲ့ပုံစံကတော့တစ်ခါမူးရင်နာရီပိုင်းကနေ၊ရက်ပိုင်းထိကြာတတ်ပါတယ်။(၃-၄)ပတ်မှာပြန်ကောင်းတတ်ပါတယ်။

တတိယတစ်ခုကနားအူတာ၊နားအိမ်တင်းတာ၊အကြားအာရုံထိခိုက်တာ၊ပါးတွဲတတ်တဲ့နားအိမ်အတွင်းဖိအားတက်ခြင်း(meniere's disease)ကြောင့်ဖြစ်နိုင်တယ်။သူကတော့ချာချာလည်မူးရင်မိနစ်ပိုင်းကနေနာရီပိုင်းလောက်ကြာတတ်တယ်။ဟန်ချက်မထိန်းနိုင်ပဲ၊လဲကျတဲ့ထိဖြစ်နိုင်ပါတယ်။ပိုဆိုးရွှားစေတာကအရက်၊ချောကလက်၊အငံများတဲ့အစားအစာ၊စိတ်ဖိစီးမှုတွေရှောင်ရပါမယ်။ချာချာလည်မူးစေကာလူတစ်ယောက်ရဲ့ဟန်ချက်ပေါ်(balance)ကိုထိန်းပေးတဲ့နားအပြင်ဦးနှောက်အစိတ်အပိုင်းမှာအကြိတ်တည်တာ၊သွေးမရောက်တာ၊ထိခိုက်မိတာစတဲ့အခြားအကြောင်းတရာကြောင့်ရှိပါတယ်။ဒါကြောင့်ချာချာလည်မူးတာကိုအရေးမကြီးပါဘူး။လမ်းဘေးစပ်ဆေးပဲ၊သောက်လိုက်ပါမယ်မပြုသင့်ပါဘူး။

ချာချာလည်မူးခြင်းလက္ခဏာတွေကချာချာလည်နေခြင်း၊တိမ်းခြင်း၊စောင်းခြင်း၊ယိမ်းထိုးလှုပ်ရှားနေခြင်း၊ဟန်ချက်မထိန်းနိုင်ခြင်း၊တစ်ဖက်ဖက်ကိုစောင်းသွားခြင်း၊မအီမသာဖြစ်ခြင်း၊မျက်ဆံအထက်ဘယ်ညာအထိန်းအကွပ်မဲ့မြန်မြန်ယိမ်းခြင်း၊ခေါင်းကိုက်ခြင်း၊ချွေးထွက်ခြင်း၊နားအူခြင်း(သို့)အကြာအာရုံဆုံးရှုံးခြင်းစတဲ့လက္ခဏာတွေဟာမိနစ်ပိုင်းကနေနာရီပိုင်းထိကြာနိုင်တယ်။အခြားလက္ခဏာတွေလည်းရှိနိုင်တယ်။

ကိုယ့်ဆီမှာအဆိုပါရောဂါစု၊ရောဂါလက္ခဏာတစ်ခုခုရှိနေရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ချာချာလည်ခေါင်းမူးခြင်းဟာနားအလယ်ပိုင်းကိုသက်ရောက်မှုရှိတဲ့ကျန်းမာရေးပြဿနာကြောင့်ဖြစ်တယ်။အနေထားပြောင်းအမူးရောဂါ၊ခေါင်းအနေအထားပြောင်းလိုက်ခြင်းကြောင့်‌ချာချာလည်အောင်မူးတဖြစ်တယ်။ပုံဆောင်ခဲလေတွေအလယ်နားရဲ့လမ်းကြောင်းတွေမှာပိတ်ဆို့သွားပြီးအာရုံကြောတွေကိုဖိမိလို့ဖြစ်တယ်။နားအတွင်းပိုင်းရှိဝက်ပါပုံစံလမ်းကြောင်းယာယီရောင်ခြင်း၊ဗိုင်းရပ်ပိုးကြောင့်နားအတွင်းပိုင်းရောင်ခြင်းမှနားအတွင်းပိုင်းအရည်ပမာဏပြောင်ခြင်း(meniere's disease)ကြောင့်ဖြစ်စေပါတယ်။အခြားကျန်းမာရေးပြဿနာမှာဖြစ်တဲ့ဦးခေါင်းလည်ပင်းထိခိုက်မိခြင်း၊လေဖြတ်ခြင်း၊ဦးနှောက်အကျိတ်၊ဦးနှောက်ကင်ဆာ၊နားကိုထိခိုက်စေတဲ့ဆေးဝါးများ၊ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ဖြစ်စေပါတယ်။

ချာချာလည်မူးခြင်းမြင့်တက်စေတဲ့အကြောင်းရင်းတွေကအသက်ရွယ်ကြီးခြင်းနှလုံးအောင့်ခြင်း၊လေဖြတ်ခြင်းလိုနှလုံးသွေးလှည့်ပတ်မှုဆိုင်ရာပြဿနာများဆီးချိုရောဂါ၊လှုပ်ရှားမှုပုံမမှန်ခြင်းရောဂါ၊နားလုပ်ဆောင်ရည်ချို့ယွင်းခြင်း၊အချို့ဆေးဝါးများမှီဝဲနေရခြင်း၊နားခွဲစိတ်ဖူးခြင်း၊စိုးရိမ်ပူပန်မှုများခြင်း၊စိတ်ဓာတ်ကျခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။အကြောင်းရာပေါ်မူတည်ပြီးဆရာဝန်ကဆေးဝါးညွှန်ပေးနိုင်သလို၊သွေးပေါင်းကျဆေး၊အမူးပြေဆေးပေးနိုင်ပါတယ်။။ 

Most Read

Most Recent