အယ်လ်နီညိုကြောင့် ငတ်မွတ်ခေါင်းပါးမှု၊ မိုးခေါင်မှုများနှင့် ရင်ဆိုင်နေရသည့် မာဒါဂက်စကာနိုင်ငံ

အယ်လ်နီညိုကြောင့် ငတ်မွတ်ခေါင်းပါးမှု၊ မိုးခေါင်မှုများနှင့် ရင်ဆိုင်နေရသည့် မာဒါဂက်စကာနိုင်ငံ
Published 8 February 2024

 

ရာဇ

မာဒါဂက်စကာနိုင်ငံ တောင်ပိုင်းရှိ ကျေး ရွာလေးတစ်ရွာတွင် ဒါဇင်နှင့်ချီသည့် အမျိုး သမီးများသည် ချစ်ချစ်တောက်ပူပြင်းနေ သည့် နေရောင်အောက်တွင် အရိပ်အာဝါသ ရရှိရန်အတွက် သစ်ပင်တစ်ပင်၏ အရိပ် အောက်တွင် ခိုလှုံနေပြီး ၎င်းင်းတို့ ကလေးများ ၏ ကိုယ်အလေးချိန်ကို ချိန်ရန် စောင့်ဆိုင်းနေ ကြသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံ ဖြစ်သည့် မာဒါဂက်စကာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက မိုးရွာသွန်းမှု လျော့နည်းခဲ့ပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု အခြေအနေ ပိုမိုဆိုးရွားလာစေနိုင်မည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

မာဒါဂက်စကာသည် ယခင်ကတည်းက မုန်တိုင်းများ၊ မိုးခေါင်ရေရှားမှုများကဲ့သို့ ဆိုး ရွားပြင်ထန်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ရင်ဆိုင်ခဲ့ရပြီး ရာဦဥတုဖောက်ပြန်ပြောင်းလဲ မှုနှင့်အတူ ထိုမိုးလေဝသဖြစ်စဉ်များ ပိုမိုဆိုး ရွားလာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြော ကြားခဲ့သည်။

“အခုချိန်မှာ မာဒါဂက်စကာနိုင်ငံဟာ  ရာသီဥတုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါ တယ်” ဟု ကုလသမဂ္ဂ၏ အယ်လ်နီညိုဖြစ်စဉ် တုံ့ပြန်ရေးဆိုင်ရာ ရာသီဥတုအကျပ်အတည်း ညှိနှိုင်းဆောင်ရွက်သူ ရီနာ ဂီလာနီက ပြော ကြားခဲ့သည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲတွင် ပါ ဝင်နေသည့် မာဒါဂက်စကာတွင် လူပေါင်း ၁ ဒသမ ၃ သန်းခန့်သည် အာဟာရချို့တဲ့မှု ကို ခံစားနေရကြောင်း ကုလသမဂ္ဂက ပြော ကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း မာဒါဂက် စကာတောင်ပိုင်းရှိ ကျယ်ပြန့်သည့် နေရာ ဒေသတစ်ခုတွင် ဆယ်စုနှစ်လေးစုအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

မေလတွင် စတင်မည့် ကောက်ပဲသီးနှံ များရိတ်သိမ်းသည့်ရာသီအတွက် အလွန်ဆိုး ရွားသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာနိုင်ခြေရှိမှုနှင့်အတူ ၂၀၂၄ ခုနှစ်အ တွင်း မိုးလေဝသခန့်မှန်းချက်တွင် ပိုမိုခြောက် သွေ့လာနိုင်ကြောင်း ဖော်ပြခဲ့သည်။

“ကျွန်မတို့ လယ်ထဲမှာ ဘာမှ စိုက်လို့ မရပါဘူး။ ကျွန်မတို့ စိုက်သမျှအပင်တွေက လည်း သေကုန်ကြပါတယ်။ အဲဒါတွေကြောင့် မို့လို့ ကျွန်မတို့ ဆင်းရဲဒုက္ခခံစားနေကြရတာ ပါ” ဟု ကလေး ၁၀ ဦး၏ မိခင်ဖြစ်သူ နာဆိုလို က ပြောကြားခဲ့သည်။

အစားအစာ လုံလောက်မှုမရှိခြင်း

နာဆိုလိုသည် သူ့ကလေး၏ ကျန်းမာ ရေးစစ်ဆေးမှု ခံယူရန် မာနင်ဒရာကျေးရွာ မှ ရပ်ကျေးအဆင့် ကျန်းမာရေးစင်တာသို့ အခြားမိခင်များနှင့်အတူ လာရောက်ခဲ့သူ ဖြစ်သည်။

ခြောက်သွေ့သည့် လေပူများက အပူ ချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့်ရှိသည့် အနီ ရောင်မြေသားပေါ်တွင် တိုက်ခတ်လျက်ရှိ သည်။

“ကျွန်မ ကလေးရဲ့ ကိုယ်အလေးချိန်ကို ချိန်ဖို့နဲ့ သူ့ကျန်းမာရေးကို စစ်ဆေးဖို့ ဒီကို နှစ်ပတ်တစ်ကြိမ် လာပါတယ်”ဟု အသက် တစ်နှစ်အရွယ် သားဖြစ်သူနှင့်အတူ ခုနစ်ကီ လိုမီတာ (လေးမိုင်ကျော်) ကွာဝေးသည့်ခရီး ကို လမ်းလျှောက်လာခဲ့ရသည့် အသက် ၃၇ နှစ်အရွယ် အာရီဆိုအာက ပြောကြားခဲ့သည်။

သူ့သားသည် အာဟာရ အလွန်ချို့တဲ့ နေသည့်အကြောင်းကို လွန်ခဲ့သည့် သုံးလခန့် ကမှသိရှိခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သူ့သား၏ ကြွက်သားကြီး ထွားမှုကို တိုင်းတာရန် လက်ပတ်လေးတစ်ခု ကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

“ကျွန်မသူ့ကို ငါးတွေ၊ ငှက်ပျောသီးတွေ နဲ့ နာနတ်သီးတွေ ကျွေးချင်တာပေါ့။ ဒါပေ မယ့် ကျွန်မတို့မှာ အဲဒါတွေမှမကျွေးနိုင်တာ။  အစာရေစာကလည်း မလုံလောက်ဘူး။ မိုးက လည်း မရွာဘူးလေ”ဟု အာရီဆိုအာက စိတ် ပျက်အားငယ်စွာဖြင့် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်သည် စံချိန်တင် အပူနွေးဆုံးနှစ်ဖြစ်ကြောင်း ကမ္ဘာ့ မိုးလေဝသအဖွဲ့ WMO က ပြောကြားခဲ့ သည်။

သို့သော် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက စတင်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၂၄ ခုနှစ်သည် ပိုမိုပူပြင်းလာနိုင်ကြောင်း WMO က ပြီးခဲ့သည့်လအတွင်း သတိပေးခဲ့  ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ရန် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို လျှော့ချရန် တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် ဇွန်လမှ ဒီဇင်ဘာလအကြား လစဉ်အပူချိန်များသည် စံချိန်တင်မြင့်တက်ခဲ့ ပြီး ထိုဖြစ်စဉ်သည် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ဆက်လက်ပြီးပူနွေးလာနိုင် ကြောင်း WMO က ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်သည် ၂၀၂၃ ခုနှစ် ထက် ပိုမိုပူပြင်းနိုင်မည့် အလားအလာသည် သုံးပုံတစ်ပုံရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ် ငါးနှစ်ထဲတွင် ပါဝင်လာရန် ၉၉ ရာခိုင်နှုန်းသေချာကြောင်း အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုအုပ်ချုပ် ရေးအဖွဲ့ NOAA က ခန့်မှန်းခဲ့သည်။

အမေရိကန် အမျိုးသားလေကြောင်းနှင့်  အာကာသအုပ်ချုပ်ရေးအဖွဲ့ NASA ၏ ရာသီဥတုပညာရှင် ဂါဗင် ရှမစ်ကမူ ထိုဖြစ်နိုင် ခြေများကို ပိုမိုမြှင့်တင်ခဲ့သည်။

“အခုနှစ်က ပိုပြီးပူနွေးလာနိုင်ခြေရှိတဲ့ အလားအလားကို ၅၀-၅၀ သတ်မှတ်ထား ပါတယ်”ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာန ကို ပြောကြားခဲ့ပြီး ကမ္ဘာ့ရာသီဥတုစနစ် များတွင် ထူးဆန်းသည့် အပြောင်းအလဲများ ကြောင့် အချက်အလက်များကို ပိုမိုရရှိရန် လိုအပ်သည်ဟု ဆိုသည်။

WMO က ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လသည် အပူပြင်းဆုံးလများအဖြစ် စံချိန်တင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်သည် အပူနွေးဆုံးနှစ်ဖြစ်ကြောင်း တရားဝင်အတည်ပြုခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင်အပူလှိုင်းများ၊ မိုးခေါင် မှုများနှင့် တောမီးများကို ပိုမိုပြင်းထန်လာစေ ကာ ကမ္ဘာလုံးဆိုင်ရာသာမိုမီတာကို စက်မှုမ တိုင်မီစံအမှတ်အထက် ၁ ဒသမ ၄၈ ဒီဂရီ ဆဲလ်စီးယက်စ်အထိ တွန်းပို့ခဲ့သည်ဟု ဥရော ပသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ Copernicus climate change service (C3 S ) ကထုတ် ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်သည် စံချိန်တင်အပူဆုံးနှစ် ဖြစ်ခဲ့ပြီး ကမ္ဘာ့မျက်နှာပြင်အပူချိန်သည်အ လွန်အရေးပါသော စံနှုန်းဖြစ်သည့် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်စ်ကို ကျော်လွန်လုနီးပါး မြင့်တက်လာခဲ့သည်ဟု C 3 S က ဆိုသည်။

အယ်လ်နီညို အစွန်းရောက်ရာသီဥတု ဖြစ်စဉ်ကြောင့် ပုံမှန်အားဖြင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်များသည် အယ်လ်နီညိုဖြစ်ပွားပြီး နောက် တစ်နှစ်အကြာတွင် မြင့်တက်လေ့ရှိ သည်။

ပြီးခဲ့သည့် သီတင်းပတ်က မာဒါဂက်စ ကာနိုင်ငံသို့ သွားရောက်ခဲ့သည့် ဂီလာနီက  ရာသီဥတုအန္တရာယ်များကို ထောက်လှမ်းသိ ရှိနိုင်ရန် ကြိုတင် သတိပေးသည့် စနစ်များ သည် မျိုးစေ့များ၊ အစားအစာနှင့် ငွေကြေး များကဲ့သို့ အကူအညီများ ထောက်ပံ့မှုအ တွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ သည်။

ကုလသမဂ္ဂ၏ စားနပ်ရိက္ခာအေဂျင်စီ FAO ကလည်း ရာသီဥတု၏ စိန်ခေါ်မှုများ ကို ရင်ဆိုင်နေရသည့် လယ်သမားများးကို ကူညီပေးရန် ကြိုးပမ်းလျက်ရှိသည်။

အချို့ကလည်း စိုက်ပျိုးရေးနှင့် မိုးလေဝ သဆိုင်ရာ အချက်အလက်များစုဆောင်းထား သည့် မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းကို အသုံးပြုနေသည်။

“ဒီအက်ပလီကေးရှင်းက မိုးလေဝသ အခြေအနေတွေခန့်မှန်းမှုကို ပိုမိုကောင်းမွန် စေပါတယ်။ သီးနှံတွေ စိုက်ရမလား၊ မစိုက် ရဘူးလားဆိုတာကို ကြိုတင်ခန့်မှန်းသိရှိနိုင် ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဘဝကို ပြောင်းလဲစေခဲ့ပါတယ်”ဟု ပြောင်းဖူးနှင့် မြေ ပဲများ စိုက်ပျိုး သည့် တောင်သူတစ်ဦးဖြစ်သူ ဘီယန်ဗန်နျူး မာနာဆိုအာက ပြောကြားခဲ့ သည်။

အချို့တောင်သူများကမူ မိုးခေါင်းမှုဒဏ် ကို ခံနိုင်ရည်ရှိသည့် သီးနှံအမျိုးအစားများကို စတင်စိုက်ပျိုးခဲ့ကြသည်။

“ကျွန်တော်ကတော့ ကောက်နှံပင်တွေ စိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရေအများကြီးလောင်းဖို့ မလိုဘဲ အာဟာရ ပြည့်ဝတဲ့ နှံစားပင်တွေဖြစ်လို့ပါပဲ”ဟု လယ် သမားတစ်ဦးဖြစ်သည့် အီယာလီ စီဗွန်နာနွမ် ဘီက ပြောကြားခဲ့သည်။               

Ref: AFP

Photo: AFP

 

Most Read

Most Recent