လိုတိုရှင်း စီးပွားရေးသုတ (၁၁-၁၅)

 လိုတိုရှင်း စီးပွားရေးသုတ (၁၁-၁၅)
Published 4 February 2024
စောနိုင်( အသုံးချဘောဂဗေဒ)

 

■ လိုတိုရှင်း စီးပွားရေးသုတ  (၁၁)  

အရင်းအနှီး (capital)

ကုန်ထုတ်စွမ်းအားစုတွင် မြေယာ၊ လုပ်အား၊ အရင်းအနှီးဟူ၍ ပါဝင်သည်ဟု ကျမ်းရိုးဘော ဂဗေဒ ဘာသာရပ် တွင် ဖော်ပြထားရာ အရင်းအနှီးဆိုသည်ကို ကုန်ထုတ်စွမ်းအားစု တစ်မျိုးဟု ဆိုနိုင် သည်။ အရင်းအနှီးတွင်ဘဏ္ဍာရေးဆိုင်ရာအက်ဆက်များဖြစ်သည့်အဆောက်အဦးများ၊စက်ကရိယာများ၊ မော် တော်  ယာဉ်များနှင့် ထုတ်လုပ်မှုဖြစ်စဉ် တစ်ခုတွင်အသုံးပြုသော အခြားသောအရာများ  ပါဝင် သည်။   

လူပုဂ္ဂိုလ်တစ်ဦးချင်းရှုထောင့်မှကြည့်ပါက  ၎င်းတို့ပိုင်ဆိုင်သည့် အိမ်ရာအဆောက်အဦများ၊ ပရိ ဘောဂ များ၊ မော်တော် ယာဉ်များနှင့် စတော့ရှယ်ယာများလည်း အရင်းအနှီးများ ပင်ဖြစ် သည်။  အဘိုး အဘွားများ၊ မိဘများထံမှ  အမွေအဖြစ်ရရှိ ထားသောအရာများ၊စုဆောင်းထားသည့် တံဆိပ်ခေါင်း ကဲ့ သို့ အရာများ ပင်လျှင် လူတစ်ယောက်တွင်ရှိသောအရင်းအနှီး၏ တစ်စိတ် တစ်ပိုင်း ဟုပင် ပြော နိုင် သည်။ ပိုင်ဆိုင် သည့် အရင်း အနှီးကို ရောင်း ချမှုနှင့် ပတ်သက်၍ လူတစ်ယောက်အနေဖြင့် ၎င်းပိုင်ဆိုင်သည့် အရင်းအနှီး ပစ္စည်း တစ်ခု ကို ရောင်း၍ အမြတ်အစွန်းများရရှိခဲ့လျှင် ထိုသူသည် အရင်းတန်ဖိုးတိုးခွန် ပေးဆောင်ရန် တာဝန်ရှိ လာ သည်။ 

ယနေ့ကာလတွင်အခြားသောအမျိုးအစားအရင်းအနှီးပုံစံများသည်လည်း ယခင်ကာလများ က ထက် ပိုမို အရေးကြီး လာသည်ကိုတွေ့ရှိနိုင်သည်။ထိုအရင်းအနှီးပုံစံတွင်    သဘာဝကပေးသည့် အရင်း အနှီး များ သို့မဟုတ် မြစ်၊ချောင်း၊အင်း၊အိုင် များကဲ့သို့ သဘာဝကပေးသည့် အသွင်သဏ္ဍန်   များ၏ တန်ဖိုးများ လည်း ပါဝင်သည်။လူမှု အရင်း အနှီးဟုခေါ်နိုင်သောအရင်းအနှီးများမှာ စီးပွားရေး အဆောက် အအုံ တစ်ခုထဲရှိ လူမှုရေး ဆက်စပ် ကွန်ယက်များကို ရည်ညွှန်းပြော ဆိုခြင်းဖြစ် ပြီး အသိဉာဏ်ပညာ ဆိုင်ရာ အရင်းအနှီး မှာ မူ အတွေးအခေါ် အိုင်ဒီယာများ ၏တန်ဖိုးကို ရည်ညွှန်းသည်။

ဝေါဟာရများ

ကုန်ထုတ်စွမ်းအားစု =   factors of production

အရင်းအနှီး =   capital 

ဘဏ္ဍာရေးဆိုင်ရအက်ဆက်များ =     financial assets

အရင်းတန်ဖိုးတိုးခွန်=  capital  gain tax   

 အသိဉာဏ်ပညာ ဆိုင်ရာ အရင်းအနှီး= intellectual capital 



■   လိုတိုရှင်းစီးပွားရေးအိုင်ဒီယာ (၁၂) 

လူသားအရင်းအနှီး ( human capital )

လူသား၏စွမ်းရည် ဟုဆိုနိုင်သော  လူသားအရင်းအနှီး ဆိုသည်မှာ     အသိဉာဏ်ပညာ ဗဟုသုတ၊ ကျွမ်း ကျင်မှု၊  အချိန်တိကျမှု၊ ရိုးသားမှု၊ စေ့ဆော်နိုင်စွမ်းရှိမှု စသည့် လူတစ်ဦးချင်းစီတွင်ရှိနိုင်သည့် ကိုယ်ရည် ကိုယ် သွေးတို့ကိုရည်ညွှန်းသည်။ကျမ်းရိုးဘောဂဗေဒဘာသာရပ်တွင်   အလုပ် သမား များကို စိတ်ဆန္ဒအရ အစားထိုးအသုံးပြုနိုင်သည့် “လုပ်အား”အဖြစ်လောက်သာ သဘောထား ၍အဆင့်အတန်း သတ်မှတ်ခဲ့ကြသည်။၁၉၅၀−၆ဝခုနှစ်များတွင် ထိုအယူအဆမှာ ပြောင်း လဲသွား ခဲ့သည်။

လူသားအရင်းအနှီးနှင့် ပတ်သက်၍အသစ်ရှာဖွေဖော်ထုတ်လေ့လာ့ထားသောသုတေသနများက  ပညာ ရေး၊ ကျန်းမာရေး၊လေ့ကျင့်သင်ကြားမှုတို့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အတွက် ကြီ:မားသောအကျိုးကျေးဇူးများဖြစ်ပေါ်လာစေနိုင်သည်ဟု ထောက်ပြကြသည်။ဤ အရင်း အမြစ် များကို လူသား အရင်းအနှီးဟု ဖော်ပြရခြင်းမှာ ၎င်းတို့သည် အသုံးပြု၍မကုန်ခမ်းနိုင်သော အရာများ တစ်နည်းအားဖြင့် အမြဲတည်ရှိနေသည့် အက်ဆက်များ( ပိုင်ဆိုင်မှုများ)ဟုလက်ခံထားသော ကြောင့် ဖြစ် သည်။ 

 လူသားအရင်းအနှီးနှင့်ပတ်သက်၍  လူမှုရေးအကြောင်းတရားများနှင့် စီးပွားရေး ရလဒ် များ ကြား အပြန်အလှန် ဆက်စပ်နေမှုကို လေ့လာချဉ်းကပ်မှု အသစ်အဖြစ် ကနဦး ဖော်ထုတ်သူများမှာ ပညာရှ င် ဂျက်ကော့(ဘ်)မင်စာ ( Jacob Mincer )နှင့် ဂါရီဘီကာ (Gary Becker ) တို့ဖြစ် သည်။ ထိုပညာရှင် နှစ် ဦး က အရင်းအနှီး ဆိုသည့်အရာအပေါ်တွင် ယေဘုယျ သဘောနှင့် အထူးပြုသဘော အဖြစ် ခွဲခြား သတ် မှတ်ရှုမြင် ခဲ့သည်။ အထူးပြုသဘောဖြင့်ရှုမြင်ရာတွင် နယ်ပယ် တစ်ခုတွင်သီး သန့်လုပ်ကို င်နေသည့် အလုပ် သမား များပိုင်ဆိုင်သည့် အထူးပြု  ကျွမ်း ကျင်မှုဖြစ်ပြီး၊ ယေဘုယျသဘော အမြင် မှာ အလုပ်သမား အားလုံးတွင်ရှိနေသော ပုံမှန် အရည်အချင်း မျိုးကို ဆိုလိုခြင်းဖြစ်သည်။  ၎င်းတို့ လေ့လာ တွေ့ ရှိသည်မှာ လူတစ်ယောက်ချင်း၏ နေထိုင်လှုပ်ရှားဖြတ်သန်း လာခဲ့ ရမှု အခြေ အနေသည်  စနစ် တကျ သင်တန်း ပေးပြုစုပျိုးထောင်ထားသကဲ့သို့ ထိုသူ၏ လုပ်ငန်းခွင် အတွင်း စွမ်းဆောင်ရည် အခြေအနေပေါ် လွှမ်းမိုးရှိသည်ဟူသည့် အချက်ဖြစ်သည်။ 

ဝေါဟာရများ

လူသားအရင်းအနှီး  =  human capital 

လူမှုရေးအကြောင်းတရားများ   =  social causes

စီးပွားရေးရလဒ်များ  =  economic outcome

အထူးပြု  ကျွမ်း ကျင်မှု=  specific skill    

အားလုံးတွင်ရှိနေသော ပုံမှန် အရည်အချင်း= general abilities  

■ လိုတိုရှင်း စီ:ပွားရေးသုတ  (၁၃)   

ရင်းနှီးမြှုပ်နှံမှု( investment)

ရင်းနှီးမြှုပ်နှံမှု ဝေါဟာရသည်   Vestis လက်တင် စကားလုံးမှဆင်းသက်လာခြင်းဖြစ်ပြီး   အဝတ် အထည် (clothing ) ဟု အဓိပ္ပါယ်ရသည်။ တစ်စုံတစ်ယောက်၏ အကျႌ  အိတ်ကပ်ထဲသို့   တစ်စုံ တရာ( ငွေကြေး)  ထည့်ခြင်းဟု ဆိုသည်။ ယနေ့ကာလ  ရင်းနှီးမြှုပ်နှံမှု  အဓိပ္ပါယ်ဆို သည်မှာ  ကုန်စည် သိုမဟုတ် ဝန်ဆောင်မှုတို့ကို  ထုတ်လုပ်ရန်  ကရိယာတန်ဆာပလာများ၊ ကျွမ်းကျင်မှုများ၊ နည်း ပညာများအပါအဝင် လိုအပ်သော အရာများကို ဝယ်ယူ ခြင်းဖြစ်သည်။ လောင်းကစားခြင်းတစ်မျိုးဟု အချို့က ဆိုသည်။လောင်းကစားခြင်းဟုသဘောထား၍ ကစားရာ၌အနိုင်ရပါက  ထုတ်လုပ်မှု တိုး တက် လာပြီး၊  လုပ်ငန်း၏ အမြတ် အစွန်း များလည်းမြင့် တက်လာ လိမ့် မည်။  အကယ်၍  ရှုံးခဲ့လျှင် ရင်းနှီးမြှုပ် နှံ မှုများဆုံးရှုံး၍ လုပ်ငန်းလည်း ပျက်စီး သွားပေလိမ့်မည်။ 

    ရင်းနှီးမြှုပ်နှံမှုသည် အရင်းအနှီးငွေ ဟူသောအရာနှင့်မတူ ကွာခြားမှုရှိသည်ဟုဆိုသည်။  အရင်း အနှီးငွေမှပြန်ရချက်သည် အတိုးငွေပေါ်တွင်လည်းကောင်း၊ အက်ဆက်များ ၏တန်ဖိုးတက်ခြင်း၊ ကျခြင်း တို့ပေါ်တွင်လည်းကောင်း မူတည်နေသည်။ ရင်းနှီးမြှုပ်နှံခြင်းမှာမူ ဈေးကစားခြင်း နှင့်  အနည်း ငယ် သာကွာခြားမူရှိသည်။ဈေးကစားခြင်းဆိုသည်မှာဈေးအတက်၊အကျကိုမှန်းဆ၍ ရှယ်ယာများ ၊အက်ဆက် များ အဝယ်အရောင်းပြုလုပ်ကာ ကာလတို အမြတ် အစွန်း ကိုရည်ရွယ်သည်။     ရင်းနှီးမြှုပ်နှံမှု တွင်  ကာလရှည်အကျိုးအမြတ်ရှိ လာနိုင်ပြီး ဈေး ကစားခြင်းသည်  အချိန်တိုအတွင်းအလျင်အမြန် အကျိုးဖြစ် ထွန်းရေး၊ မြန်မြန် ဆန်ဆန် အမြတ်ရရှိ ရေး သာ ဖြစ် ပေ သည်။  

      မြင့်မားသောအတိုးနှုန်းများသည် ရင်းနှီးမြှုပ်နှံမှုများကို ကျဆင်းစေသည်။ အဘယ့် ကြောင့် ဆိုသော် ရင်းနှီးမြှုပ်နှံမှုမှရရှိသော အမြတ်ငွေပမာဏ သည် စုဆောင်းမှုမှ ရရှိသော အတိုးငွေ ပမာဏကို မမီနိုင် သောကြောင့် (နည်းသောကြောင့်)ဖြစ်သည်။ အတိုးနှုန်းများကျဆင်းသောအခါ ရင်းနှီးမြှုပ် နှံမှု များပိုမိုပြုလုပ်လာကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ငွေကြေးချေးငှားမှုအတွက် ပေးရ သည့် ကုန်ကျ စရိတ်( အတိုးငွေ) ပိုမိုသက်သာလာသောကြောင့်လ ည်းကောင်း၊၊ ငွေချေးငှားရ လွယ်ကူလာ သော ကြောင့် လည်းကောင်းဖြစ်ပေ သည်။ 

ဝေါဟာရများ

ရင်းနှီးမြှုပ်နှံမှု   = investment     

အရင်းအနှီးငွေ = capital  

အတိုး  =  interest  

အက်ဆက်များ (ဘဏ္ဏာရေး စာချုပ်စာတမ်းများစသဖြင့်)= assets

ဈေးကစားခြင်း= speculation

■ လိုတိုရှင်း စီးပွားရေးအိုင်ဒီယာ ( ၁၄)

လုပ်သား စျေးကွက်  ( labour market)

ကျမ်းရိုးဘောဂဗေဒဘာသာရပ်တွင် လုပ်သားစျေးကွက် သည် အခြားသောစျေးကွက်ယန္တရားများ နှင့်သဘောသဘာဝအားဖြင့် တူညီသည်ဟုဆိုထားသည်။စျေးကွက်ဟုဆိုသဖြင့် ထိုစျေးကွက်ထဲတွင် ဝယ် လိုအားနှင့်ရောင်းလိုအားရှိလာသည်။အခြားဈေးကွက်များထဲရှိ   ဝယ်လိုအားနှင့် ရောင်းလိုအား တို့ အလုပ် လုပ်သကဲ့သို့ လုပ်သားစျေး ကွက်ထဲရှိ ဝယ်လိုအားနှင့်ရောင်းလိုအား တို့သည်   လည်ပတ် လှုပ်ရှား သည်။ လုပ်အား စျေးကွက်ထဲရှိ  ဝယ်လိုအား တို့နှင့် ရောင်းလိုအားတို့က လုပ်အားစျေးကွက် ၏စျေးနှုန်း ( လုပ် သားတို့၏လုပ်ခ)နှင့်အရေအတွက်(အလုပ်လုပ်ကိုင်မည့်အလုပ်သမားအရေအတွက်) တို့ကို ဆုံး ဖြတ် ပေး နိုင် သည်။ 

ပြိုင်ဆိုင်မှုအပြည့်အဝရှိနေသော စျေးကွက် ထဲ တွင် လုပ်အားဝယ်လိုအားနှင့် လုပ်အားရောင်း လို အား ညီမျှသော အခြေအနေ တနည်းအားဖြင့် အားမျှခြေအမှတ် သို့ ရောက်ရှိနိုင်သည်။ ထို အနေအထား မျိုးဖြစ်ခဲ့လျှင်  အလုပ် လက်မဲ့ မရှိနိုင်သည့် အခြေအနေဟု ယူဆနိုင်သည်။  ဤသီအိုရီ အရဆိုရလျှင်  အလုပ်လက်မဲ့ဖြစ်ပေါ်လာမှုသည်လုပ်အားစျေးကွက်အတွင်းဖြစ်ပေါ်နေသောအားမျှခြေလုပ်ခကို လက်ခံ ရန် ငြင်းဆို ကြသော အလုပ်သမားများ ကြောင့်ဖြစ်သည်ဟုဆိုသည်။ထို့ကြောင့် အလုပ်လက်မဲ့ ဖြစ် ပေါ်မှု အများစုသည်ကာယကံရှင် လုပ်သားတို့၏ စိတ်ဆန္ဒအရဖြစ်ပေါ်လာသည်ဟုကောက်ချက် ချကြ သည်။ 

အမှန်တကယ်တွင် အလုပ်လက်မဲ့ ဖြစ်ပေါ်မှု အခြေအနေမြင့်မားနေခြင်းသည် အလုပ်ရှင်တို့ အတွက် အကျိုးများစေသည်ဟုဆိုသည်။အဘယ့်ကြောင့်ဆိုသော် ထိုအခြေအနေသည် လုပ်သားဈေး ကွက်ထဲတွင်  အလုပ်လုပ်လိုသည့် အလုပ် သမား အရေအတွက်ပိုမိုများပြားလာစေခြင်း သို့မဟုတ် အလုပ် လက်မဲ့ဖြစ်နေသော အလုပ်သမားများ စုပုံနေ စေခြင်းတို့ဖြစ်ပေါ်စေသဖြင့်  အလုပ်ရှင်တို့အတွက် လုပ်ခ နှိမ့် ချပေး၍ အလုပ်သမားဌားရမ်းနိုင်သောကြောင့်ဖြစ်သည်။   

     စီးပွားရေးပညာရှင်ဂျွန်မေနတ်ကိန်း(စ်)ဆိုသူက  အလုပ် လက်မဲ့အခြေ အနေမြင့် မားစွာဖြစ် ပေါ်မူ သည် မရှောင် လွဲနိုင် သော အခြေအနေဖြစ်ပြီး  အသုံးစရိတ်များ တွန်းအားပေးသုံး စွဲခြင်း ဖြင့် အလုပ် အကိုင် အခွင့်အလမ်းများ တိုးတက်များပြားလာကာ ထိုအခြေအနေကို ကျော်လွားနိုင်သည်ဟု ၎င်း၏ အမြင်ဖြင့် လက်တွေ့အခြေအနေကို  စိန်ခေါ်ခဲ့ သည်။ အလုပ်လက်မဲ့ဖြစ်ရသည့် အကြောင်းအရင်း တို့ကို နှင့် ပတ်သက် ၍ လေ့လာကြရာတွင်   ပထဝီဆိုင်ရာ အချက် အလက် များ ၊ အလုပ်အကိုင်ရှာ ဖွေမှု နှင့် ဆက်စပ်သည့်   ပုဂ္ဂိုလ်ရေး အဆက်အသွယ် များအပါအဝင်  ၏  လူနှင့်ဆိုင်သည့် အချက် အလက် များ ကိုမူ လျှစ်လျှူရှုထားတတ်ကြသည်ကိုတွေ့ရသည်။    

ဝေါဟာရများ

လုပ်သားဈေးကွက် = labour market

အပြည့်ပြိုင်ဆိုင်မှုရှိသောဈေးကွက်=     perfect competition market

အလုပ်လက်မဲ့ =  unemployment    

ပညာရှင်  ဂျွန်မေနတ်ကိန်းစ်   =  John Maynard Keynes   

လုပ်ခများ =   wages

အလုပ်အကိုင်အခွင့်အလမ်းများ=  employment opportunities   

 

■ လိုတိုရှင်း စီးပွားရေးအိုင်ဒီယာ ( ၁၅)

ဆန်းသစ်တီထွင်မှု (  innovation ) 

ဆန်းသစ်တီထွင်မှု ဆိုသည်မှာ  နည်းပညာများ ၊ အသိပညာ သိုမဟုတ် ဈေးကွက် အခြေအနေ များ နှင့်ပတ်သက်၍ တိုးမြှင့်လုပ်ဆောင်မှုများပြုလုပ်လျက်  ထုတ်ကုန်တစ်ခုကို ဖွံဖြိုးတိုးတက်မှု ပြုလုပ် ခြင်းဖြစ်သည်။ အပြိုင်အဆိုင်ရောင်းဝယ်နေကြသော ဈေးကွက်တစ်ခုထဲတွင် ဆန်းသစ် တီ ထွင် ပြုလုပ် ခြင်းဖြစ်ကြောင့် လုပ်ငန်းတစ်ခု အတွက်အကျိုးအမြတ်ရရှိမှုကြီးမားလာနိုင်သည်။ဆန်းသစ် တီထွင် မှု  ပြုလုပ် ခြင်း ကြောင့်ရရှိသော အကျိုးအမြတ်သည်  ထုတ်လုပ်မှုစွမ်း ဆောင် ရည်မြှင့်တင်ခြင်း သို့မဟုတ်  ဈေးနှုန်း တစ်မျို  တည်းပေါ်တွင် ပြိုင် ဆိုင်မှု ပြုလုပ်ခြင်းတို့ထက်   ကြီးမားသော သက်ရောက်မှုများရှိ သည် ကို တွေ့ ရသည်။ 

    ဆန်းသစ်တီထွင်မှုသည်  စီးပွားရေးအခြေအနေအများစုကို အထွက်အထိပ်ရောက်ရှိစေသည်။ ၁၈ဝဝပြည့်နှစ်များက အင်္ဂလန်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော စက်မှုတော်လှန်ရေး၊ ၁၉၉ဝပြည့်နှစ်များက   စက်ရုံအလုပ်ရုံများတွင်နည်းပညာတိုးတက်လာမှုများ၊၂ဝဝဝပြည့်နှစ်များကဖြစ်ပေါ်လာသောဆက် သွယ် ရေး နည်း ပညာဆန်းသစ်တီထွင်မှုများသည်      စီးပွားရေးအခြေအနေကို  အထွက် အထိပ်ရောက်စေ သည်ကို လက်ရှိအခြေအနေများကမျက်မြင်သက်သေပင်။   

    ၁၉၄ဝပြည့်နှစ်များက စီးပွားရေးပညာရှင် ဂျိုးဇက်ရွှန်းပီတာ သည်  ဆန်းသစ်တီထွင်မှုများ၏ အရေးပါမှု ကိူ အလေးထားပြောဆိုခဲ့ဖူးသည်။ ၎င်းက စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများအနေဖြင့် ဆန်းသစ်တီထွင်မှု နှင့် ပတ်သက်ပါက  ကြိုတင်ပြင်ဆင်၍အမြဲမပြတ်ဖန်တီးဆောင်ရွက်သင့်သည်ဟု အကြုံပြု ပြော ဆိုခဲ့သည်။ 

ဝေါဟာရများ

ဆန်းသစ်တီထွင်မှု  = innovation    

အကျိုးအမြတ်ရရှိမှု= profitability    

စက်မှုတော်လှန်ရေး=  Industrial Revolution 

ဂျိုးဇက်ရွှန်းပီတာ= Joseph Schumpeter 

စီးပွားရေးအခြေအနေအထွက်အထိပ်   =   economic peak  



 

Most Read

Most Recent