စားသုံးသူအခွင့်အရေးနှင့် လှည့်ဖြားမှုကင်းစင်ရေး

စားသုံးသူအခွင့်အရေးနှင့် လှည့်ဖြားမှုကင်းစင်ရေး
Published 4 February 2024
(ဒေါက်တာလွင်သန့်)

စားသုံးသူအခွင့်အရေး ကျယ်ကျယ်လောင်လောင်မြည်လာကြသလို နိုင်ငံတကာမှာရော မြန်မာမှာပါလှည့်ဖြားမှုတွေရှိလာပါတယ်။ စိန်ဆိုင်တစ်ခုမှာ စိန်မဝယ်ခင် တွင်းထွက်စိန်လား၊ ဓာတ်ခွဲခန်းစိန်လား မေးမိမယ်ဆိုရင် စိန်ဆိုင်တွေက စိန်ဝယ်ဖူးရဲ့လားဆိုတဲ့ အကြည့်တွေအကြည့်ခံရနိုင်ပါတယ်။ သို့မဟုတ် အထပ်ထပ်အခါခါကတိပေးပြီး ဓာတ်ခွဲခန်းစိန်ကို ဈေးတင်ရိုက်နိုင်ပါတယ်။

စိန်ဖြစ်ဖို့ကနှစ်သန်းပေါင်းနှစ်ဘီလျံပေါင်းများစွာမြေကြီးထဲကြာခဲ့ရတဲ့ကာဗွန်ဒြပ်စင်ဖြစ်ပေမဲ့အခုနောက်ပိုင်းက တူညီတဲ့ကာဗွန်၊ ဖိအား၊ အပူချိန်ပေးရင်တစ်ကာရက်ရဖို့ ဓာတ်ခွဲခန်းမှာ တစ်ပတ်၊ ၁၀ ရက်ပဲကြာပါတယ်။ စိန်(၃-၈) ကာရက်ကို ၁၀ ရက်နဲ့ဓာတ်ခွဲခန်း (Lab) ထဲက ထွက်လာနိုင်ပါတယ်။

တွင်းထွက်နဲ့ခွဲမရအောင်တူတဲ့အပြင်တွင်းထွက်ကမှ သူ့သဘာဝအရ အမ်ဖြူရီတီး (Impurities) အပြစ်အနာအဆာပါကောင်းပါလာနိုင်ပါတယ်။ လူလုပ်စိန်တွေက တဖျတ်ဖျတ်နဲ့ အနာမဲ့ လက်နေပါတယ်။

 ကမ္ဘာပေါ်မှာ ဓာတ်ခွဲခန်းစိန်အများဆုံးထွက်တဲ့နိုင်ငံတွေက တရုတ် ၅၆ ရာခိုင်နှုန်း၊ အိန္ဒိယ ၁၅ ရာခိုင်နှုန်း၊ အမေရိကန် ၁၃ ရာခိုင်နှုန်းရှိပြီး အိန္ဒိယမှာလူလုပ်စိန်ထုတ်လုပ်ရေး (Diamond production) က ဘယ်လောက်ကြီးလဲဆိုရင်လုပ်သားဦးရေလေးသိန်းရှိပါတယ်။ စိန် ၂၇ ကာရက်အထိထုတ်လာနိုင်တယ်။သူတို့ရဲ့ဈေးကွက်ပစ်မှတ်က အမေရိကန်နဲ့ဒူဘိုင်းတို့ဖြစ်တယ်။မြန်မာနိုင်ငံမှာ စိန်မထွက်ပါဘူး။ သည်လောက်စိန်ထည်တွေ အွန်လိုင်းမှာ ရောင်းချနေတာဟာ တွင်းထွက်စိန်ဖြစ်ပါ့မလား။ အိန္ဒိယကတော့ ဒေါ်လာသုံးရာ (ငွေကျပ် ၁၀ သိန်း) တည်းနဲ့စိန်တစ်ကာရက်ကို အိမ်အရောက်ပို့ပေးနေတော့ ဈေးနှုန်းကွာလွန်းပါတယ်။

 သည်လိုပဲ အစားအစာကုန်သွယ်မှုကဏ္ဍဆိုတာ အစာကွင်းဆက်တစ်လျှောက်ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်ဖြစ်မှု ကာကွယ်ဖို့နည်းပညာအစီအမံများ အသုံးပြုဖို့လိုအပ်တဲ့ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတကာအစားအစာကုန်သွယ်ရေးမှာ ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကြီး (WTO-World Trade oragarization) စည်းမျဉ်းများအရ ကုန်သွယ်ဖက်နိုင်ငံတွေရဲ့လူ၊ အပင်၊ တိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ထိခိုက်ပျက်စီးယိုယွင်းမှုများ၊ ကာကွယ်နိုင်ဖို့အတွက် လူ၊ အပင်၊ တိရစ္ဆာန်ဆိုင်ရာ သန့်ရှင်းကျန်းမာရေးသဘောတူညီချက် (Sanitary and phytosanitory SPS.Agreement) နဲ့ ကုန်သွယ်မှုနည်းပညာ အတားအဆီးဆိုင်ရာ သဘောတူညီချက်(Technical Barriers to Trade, TBT Agreement)တို့ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။

စားသောက်ကုန်ထုတ်လုပ်တဲ့ ကွင်းဆက်တိုင်းဟာ အရေးကြီးပြီး ထုတ်လုပ်တင်ဖို့ရောင်းချရာမှာ အစာကွင်းဆက်တစ်လျှောက်ပါဝင်သူများရဲ့ကျင့်သုံးဆောင်ရွက်ချက်တွေဟာ ကောင်းမွန်ဖို့၊ လုံခြုံစိတ်ချဖို့လိုပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ဘေးအန္တရာယ်ကိုလည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တဲ့ဘေးအန္တရာယ်ကိုလည်းကောင်း ကာကွယ်ဖို့မဖြစ်မနေကျင့်သုံးဆောင်ရွက်ရတဲ့နည်းပညာအစီအမံများအသုံးပြုခြင်းက စားသုံးသူများအပြည့်အဝအကာအကွယ်ပေးထားခြင်းပဲဖြစ်ပါတယ်။

  ၂၀ ရာစုမှစကာ ယနေ့ထက်တိုင်အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖြားမှုဟာ ဖြေရှင်းနေရဆဲဖြစ်ပါတယ်။ အဆိုပါပြဿနာကိုဦးတည်ချက်ထားကာ တစိုက်မတ်မတ်ဆောင်ရွက်နိုင်မှသာ အစားအစာလုံခြုံစိတ်ချရမှု စီမံခန့်ခွဲရေးစနစ်တစ်ခုလုံးကို လွှမ်းခြုံနိုင်မှာပဲဖြစ်ပါတယ်။

စားသောက်ကုန်တစ်ခုရဲ့ အစားအသောက်၊ အစားအစာပါဝင်ပစ္စည်းများ သို့မဟုတ် အစားအသောက်ထုပ်ပိုးခြင်း၊ အညွှန်းကပ်ခြင်း၊ ထုတ်ကုန်အချက်အလက်များ သို့မဟုတ်  မှားယွင်းတဲ့ဖော်ပြချက်များကိုထမင်တကာရည်ရွယ်ချက်ရှိရှိနဲ့မမှန်ကန်တဲ့အရာများနဲ့အစားထိုးခြင်း၊ ထပ်မံပေါင်းထည့်ခြင်းကို စီးပွားရေးအကျိုးအမြတ်အတွက်ပြုလုပ်ခြင်းရဲ့အကျိုးဆက်ကြောင့်စားသုံးသူတို့ရဲ့ကျန်းမာရေး ထိခိုက်နိုင်ခြင်းကို အစားအသောက်လိမ်ညာခြင်းခေါ်ပါတယ်။

ကမ္ဘာအစာလုံခြုံမှု (Global Food  Safety Initiatives -GFSI) ရဲ့အဆိုအရ အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖြားမှုဆိုတာစီးပွားရေး (ငွေကြေး) ဆိုင်ရာရယူလိုမှုကြောင့်ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ရာမှဖြစ်ပေါ်တဲ့လိမ်လည်လှည့်ဖျားမှုဖြစ်တယ်။မြန်မာနိုင်ငံမှာစားသုံးသူကာကွယ်ရေးဥပ‌ဒေအခန်း(၁)အပိုဒ်(၂)(၁၁)အရ၊လိမ်လည်လှည့်ဖြားခြင်းဆိုတာတုန်စည်၊ဝန်ဆောင်မှုနဲ့စပ်လျဉ်းလို့မှားယွင်းတဲ့ဖော်ပြချက်များနဲ့ဖြစ်စေ၊မမှန်ကန်တဲ့ကြော်ငြာခြင်းနဲ့ဖြစ်စေ၊မရိုးဖြောင့်တဲ့သဘောနဲ့ဖြစ်စေ၊စားသုံးသူများလွှဲမှားစွာလက်ခံစေဖို့ရည်ရွယ်ဆောင်ရွက်မှုကိုဆိုလိုပါတယ်။

          ပညာရှင်များရဲ့အဆိုအရအစားအစာလိမ်ညာလှည့်ဖြားခြင်းအမျိုးအစား(၇)မျိုး၊ခွဲခြားထားရာအစာထိုးခြင်း၊ဖုံကွယ်ခြင်း၊မှားယွင်းတဲ့ကုန်အညွှန်းဖော်ပြခြင်း၊တရားဝင်မဟုတ်တဲ့မှောင်ခိုဈေးကွက်ထုတ်လုပ်ခြင်း၊တရားမဝင်တဲ့ထပ်ဖြည့်ပစ္စည်းများအသုံးပြုခြင်း၊အတုပြုလုပ်ခြင်းနဲ့ရောနှောခြင်းတို့ပါဝင်ပါတယ်။

          ဈေးကွက်မှာတွေ့ရလေ့ရှိတဲ့အစားအစာလိမ်လည်လှည့်ဖြားခြင်းဖြစ်စဉ်မှာ၊များစွာဈေးကြီးတဲ့စားသုံးဆီတွေကိုအခြားဆီများနဲ့ရောနှောခြင်းဖြစ်ပြီး၊သံလွင်ဆီ၊ပြည်တွင်းမှမြေပဲဆီမှာအခြားဈေးသက်သာတဲ့ဆီများရောနှောခြင်း၊ဈေးနှုန်းမတူညီတဲ့ငါးရောင်းချရာမှာဈေးနူန်းကြီးမြင့်တဲ့ငါး(ငါးဖယ်အစစ်နဲ့)ငါးဖယ်အတုပုံစံတူပြုလုပ်ရောင်ချခြင်း(သို့)အမျိုးအစားမတူတဲ့ဈေးနူန်းသက်သာတဲ့ငါးရောနှောရောင်းချခြင်း(သို့)အစားထိုးရောင်းချခြင်း၊နို့မှုန့်မှာမယ်လမင်းဓာတ်ဖြည့်ကာရောင်းချခြင်း၊လယ်ယာသီးနှံများတင်ပို့ရာမှာမျိုးရိုးဗီဇပြောင်းထားတဲ့သီနှံများ(Genetically Modified oragamism _GMO),သီးနှံများနဲ့ရောနှော ရောင်းချခြင်း၊ပျားရည်မှာပျားရည်မဟုတ်တဲ့ သကာရည်များ၊အခြားပစ္စည်းများရောနှောရောင်းချခြင်းကော်ဖီနဲ့လက်ဖက်ခြောက်အမျိုးစားနဲ့ထွက်ရှိရာဒေသတွေကိုစီးပွါးရေးအကျိုးအမြတ်ထွက်စေဖို့လိမ်လည်လှည့်များခြင်း၊ဈေနူန်းကြီးမြင့်ခြင်း၊ဟင်းခတ်အမွှေးအကြိုင်များကိုရောနှောရောင်ချခြင်း၊အရက်၊ဘီယာနဲ့ဝိုင်အတုပြုလုပ်ရောင်းချခြင်း၊အသီးအနှံဖျော်ရည်မှာသစ်သီးအစစ်မှပြုလုပ်တဲ့ဖျော်ရည်နဲ့ဓာတုပစ္စည်းသုံးဖျော်ရည်အတု၊ရောနှောအသုံးချခြင်းတို့ဖြစ်တယ်။

          ကမ္ဘာတစ်လွှားနိုင်ငံအလိုက်နာမည်ဆိုးနဲ့ကျော်ကြားတဲ့အစားအစာလိမ်လည်လှည့်ဖြားမှုဖြစ်စဉ်မှာနယူးဇီလန်ထုက်မနုဟာပျားရည်(manuha honey)ဟာအလှကုန်အဖြစ်‌၎င်း၊ဆေးဖက်ဝင်အဖြစ်၎င်း၊ ကျော်ကြားကာဈေးနူန်းကြီးမြင့်ရာတစ်နှစ်မှာတန်ချိန်(၁၇၀၀)ကျော်သာထွက်ရှိပေမယ့်ဈေးကွက်မှာတန်ချိန်တစ်သောင်းရှိနေတယ်။(၂၀၂၃)ခုနှစ်မှာအဂ်လန်၊ပြင်သစ်နဲ့ဥရောပတစ်ခွင့်အမဲသားညှပ်ဆာဝါများရောင်းချရာမှာအမဲသားအစားမြင်သားနဲ့ဝက်သားများသုံးပုံတစ်ပုံခန့်ရောနှောထုတ်လုပ်ထားတဲ့အမဲသားများအသုံးပြုရောနှောရောင်းချခြင်း(၂၀၀၈)မှာတရုတ်နိုင်ငံမှာဖြစ်ပွါးတဲ့ကလေးငယ်တွေအတွက်နို့မှုန်မှာ'မယ်လမင်း'ရောနှောကာလှည့်ဖြားရောင်းချခြင်း၊ဖာလာစေ့လိုဟင်းခတ်အမွှေးအကြိုင်မှာ၊မြေပဲများရောနှောထားရာ၊မြေပဲနဲ့ဓာတ်မတည့်သူများအတွက်ဆိုးကျိုးဖြစ်ခြင်း၊အာရှနိုင်ငံတွေမှာသံလွင်ဆီ၊  နေကြာဆီနဲ့မြေပဲဆီတွေမှာ ဈေးပေါတဲ့အခြားဆီ၊ဆီအုန်း၊ပြောင်းဖူးဆီများရောနှောခြင်း၊ အီတလီချိစ်ထုတ်လုပ်စဉ်မှာကျွဲနို့အစား၊ နွားနို့၊အသုံးပြုခြင်းက၊လွဲမှားတဲ့နို့အမျိုးအစားအသုံးပြုထုတ်လုပ်ခြင်း၊အီးယူမှာအသားထုပ်ပိုးသူများကလျှာနာခွါနာရောဂါဖြစ်ပွါးတဲ့ကျွဲနားများကိုလုံလောက်တဲ့ကာကွယ်တားဆီးမှုပြုလုပ်ဖို့ပျက်ကွက်ရုံမကစားသောက်ဖို့ဖြန့်ချီရောင်းချတဲ့ထိကျူးလွန်ခဲ့ကြခြင်းတို့ဖြစ်တယ်။

        အတုအပပြုလုပ်ခြင်းဖြစ်စဉ်တွေမှာတောအရက်ကိုနာမည်ရအရက်၊ဘီယာ၊ဝိုင်များထဲထည့်ကာအတုပြုလုပ်ခြင်း၊မှာအများစုဖြစ်တယ်။စားသောက်မှုကဏ္ဌကိုအသုံးချကာ၊ကြိုတင်ကြံစည်တဲ့ရာဇဝတ်မှုကျူးလွန်ခြင်းကိုမယ်လီဆီးယပ်ကွန်တာမင်နေးရှင်(maliciouscontamination)လို့ခေါ်တယ်။(၂၀၀၅)ခုနှစ်မှာဗြိတိန်မှာဖြစ်ပွါးတဲ့ကျူးလွန်ခြင်းမှာပေါင်မုန့်အတွင်းဖန်ထည်စများအပ်များပါဝင်ခဲ့ခြင်း၊အမေရိကန်အိုဂီဂွန်အရွက်သုပ်ဘားဆိုင်ရာစားစရာအသုပ်တွေမှာဆယ်မိုနဲလား(Salmonella)ပါဝင်လို့လူပေါင်း(၇၅)ဦးနာမကျန်းဖြစ်စေခဲ့ခြင်း၊(၂၀၀၇)ခုနှစ်မှာကိတ်မုန့်စက်ရုံတစ်ခုမှာမြေပဲကိုခွဲခြားသိမ်းဆည်းခြင်းမပြုပဲ၊ရောနှောနေခဲ့ရာ၊မြေပဲနဲ့ဓာတ်မတည့်တဲ့သူတွေဆိုးကျိုးဖြစ်စေခြင်း၊အတွက်အန္တရာယ်ရှိနိုင်လို့၊ဈေးကွက်အတွင်းအမြန်ပြန်ပြီးထုက်ကုန်များပြန်လည်ပိတ်သိမ်းဆည်းခဲ့ရပြီး၊စက်ရုံကိုလည်းတပတ်ခန့်ကြာအောင်သန့်ရှင်းရေးဆောင်ရွက်ခဲ့ရတဲ့ဖြစ်စဉ်များဖြစ်ပွါးခဲ့ပါတယ်။

           အစားအစာဆိုင်ရာလိမ်လည်လှည့်ဖျားခြင်းနောက်ထပ်နည်းလမ်းတစ်ခုမှာခြိမ်းခြောက်ငွေညှစ်ခြင်းဖြစ်တယ်။အစားအစာညစ်ညမ်းမှုဖြစ်ပွါးနေခြင်းကိုအကြောင်းပြုကာမသမာတဲ့အစိုးရတာဝန်ရှိသူကခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့မသာမာသူတစ်ယောက်ကစူပါမားကတ်ရှိအစားအစာတွေမှာညစ်ညမ်းမှုဖြစ်စေလို့၊ဆောင်ရွက်မယ်လို့ခြိမ်းခြောက်ခြင်းဖြစ်တယ်။

           လိမ်ညာလှည့်ဖြားမှုဖြစ်ပွါးဖို့အခြေအနေနဲ့ကြုံကြိုက်ပါကလူအများအနေနဲ့ဘယ်လိုတုံ့ပြန်ကြလဲဆိုတော့(၁၀-၈၀၁၀)ဥပဒေသအရ၊ကျူးလွန်ကြောင်း တွေရှိခဲ့တယ်။လူပေါင်း(၁၀၀)ရှိပါက(၁၀)ဦးမှာလိမ်လည်လှည့်ဖြားမှုကျူလွန်မယ့်သူများလုံးဝမဟုတ်ကြောင်း၊ဆန့်ကျင်ဘက်အနေနဲ့(၁၀)ဦးမှာလိမ်လည်လှည့်ဖြားမှုကျူးလွန်နိုင်မယ့်နည်းလမ်းများကိုအားထုတ်ကြိုးပမ်းကျူးလွန်ကြကြောင်း၊ကျန်တဲ့(၈၀)မှာလိမ်လည်လှည့်ဖြားမှုဖြစ်ပွါး‌ စေတဲ့အခြေခံအချက်သုံးချက်အရလိမ်လည်လှည့်ဖြားမှုကျူးလွန်ကောင်းကျူးလွန်ကြပါကြောင်း၊အဆိုပါအခြေအနေတို့ကြောင့်တာဝန်ရှိသူများအ နေနဲ့ စောင့်ကြည့်ထိန်းချုပ်ခြင်း၊ဥပဒေပြုခြင်းတို့ကို ဆောင်ရွက်ဖို့လိုအပ်မှာဖြစ် ကြောင်းမှုခင်းပညာရှင်များက ထောက်ခံအကြံပြုထားကြပါတယ်။ အစားအစာလိမ်လည်လှည့်ဖြားမှုကိုအားထုတ်ကျူးလွန်နေကြဆဲဖြစ်နေတယ်။စိန်ဈေးကွက်မှာတော့စိန်တုတွေဝင်နေဆဲဖြစ်ပါတယ်။။ ။

Most Read

Most Recent