ရပ်တည်ရှင်သန်ရေး အာရုံစိုက်နေရသည့် အထည်ချုပ်လုပ်ငန်းများ

ရပ်တည်ရှင်သန်ရေး အာရုံစိုက်နေရသည့် အထည်ချုပ်လုပ်ငန်းများ
ဌာနဆိုင်ရာ တာဝန်ရှိသူများ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို စစ်ဆေးနေစဉ် (Photo: MOI)
ဌာနဆိုင်ရာ တာဝန်ရှိသူများ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို စစ်ဆေးနေစဉ် (Photo: MOI)
Published 4 February 2024

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ပြီး နောက်ပိုင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများသည် စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

နှစ်ခွဖြစ်နေသော စီးပွားရေး စနစ်တွင် သာမန်လူများ၏ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်း တစ်ရပ်တွင် ကဏ္ဍအချို့မှာ ယို ယွင်း ပျက်စီးနေပြီး အထည်ချုပ်လုပ်ငန်း အပါအဝင် အခြားကဏ္ဍအချို့တွင် မူ ပြန်လည် ဦးမော့လာရန် အဆင့် တစ်ခုသို့ ရွေ့လျားနေကြောင်း နိုင်ငံ တကာသတင်းအချို့ ဖော်ပြခဲ့ သည်။

အနောက်နိုင်ငံအစိုးရများက တပ်မတော်နှင့် ပတ်သက်သည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူမှု များ ချမှတ်ထားသော်လည်း လူ အများအပြား အလုပ်လက်မဲ့ ဖြစ်စေ မည့် ကြီးမားသော ပိတ်ဆို့အရေးယူ မှုများ ချမှတ်ခြင်းကို ရှောင်ကြဉ်ခဲ့ကြ သည်။ မြန်မာနိုင်ငံရှိ မိတ်ဖက် ကုမ္ပ ဏီများနှင့် ဆက်ဆံရာတွင် အနောက် နိုင်ငံကုမ္ပဏီများအတွက် တရားဝင် ကန့်သတ်ချက်များ ထားရှိခြင်း မရှိ ပေ။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုး တက်မှုအတွက် အထည်ချုပ်ကဏ္ဍသည် အဓိကကျသော ကဏ္ဍမှပါဝင် သည်။၂၀၁၉ ခုနှစ်အတွင်း မြန်မာ နိုင်ငံမှ ပြည်ပပို့ကုန်များတွင် အများ ဆုံး တင်ပို့ထားသည့် ပို့ကုန်ဖြစ်ပြီး လုပ်သားအင်အား အခြေပြုသည့်ကုန် ထုတ်လုပ်ငန်းများ၊ labour intensive Industry မှ အလားအလာ အကောင်းဆုံးမှာ အထည်ချုပ်လုပ် ငန်းများဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံမှ ချုပ်ပြီးအထည်များကို နိုင်ငံ ပေါင်း ၈၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီး ယား၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ USA ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်လ် ဂျီယံတို့မှာ အဓိက တင်ပို့နေသည့် စျေးကွက်များဖြစ်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် တွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ အထည် ချုပ် ကဏ္ဍမှ ပြည်ပတင်ပို့မှုမှာ USA စနစ်နဲ့ ဆောင်ရွက်တဲ့လုပ်ငန်းဟာ ဆိုရင် အများဆုံးဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်မှာ အထည်ချုပ်က နေ ဒေါ် လာ  ၅ ဒသမ ၃ ဘီ လျံတင်ပို့ နိုင်ခဲ့ ပါတယ်။ ချုပ်ပြီးအထည်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်ကို တင်ပို့ နိုင်ခဲ့ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်မှာ လည်း နိုင်ငံပေါင်း ၈၀ ကျော်ကို အဓိ ကထားပြီး တင်ပို့လျက်ရှိပါတယ်။ ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီး ယား၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊  CMP ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီ ယံတို့ဟာ အဓိက တင်ပို့တဲ့စျေးကွက် များဖြစ်ပါတယ”ဟု ဒုတိယဝန်ကြီး ဦးမင်းမင်းက ဆိုသည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၃၈၈ ဒသမ ၈သန်း ရရှိပြီး ဒုတိယသုံးလပတ်အတွင်းက ဒေါ်လာ ၁၈၄၁ သန်းကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာ ရင် းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုအနေဖြင့် ပထမသုံးလပတ် အတွင်း ဒေါ်လာ ၁၃၆၃ ဒသမ ၉ သန်း၊ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၈၄၁ ဒသမ ၁ သန်း၊ တတိယ သုံးလပတ်အတွင်း ဒေါ် လာ ၁၁၃၆ ဒသမ ၄ သန်း၊ စတုတ္ထ သုံးလပတ်အတွင်း ဒေါ်လာ ၁၀၄၇ ဒသမ ၄ ဖြင့် စုစုပေါင်း ဒေါ်လာ ၅၃၈၈ ဒသမ ၈ သန်း ရရှိခဲ့ခြင်း ဖြစ် သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သည့် ဧပြီမှ  မတ်လအထိဖြစ် သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ သုံး လပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ မှ ဇွန်လအတွင်း ပြည်ပသို့ ချုပ်ပြီး အထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၃၆၃ ဒသမ၉ သန်း ရရှိခဲ့သည်။ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၈၄၁ ဒသမ ၁ သန်း၊ တတိယသုံး လပတ်အတွင်း ဒေါ်လာ ၁၁၃၆ ဒသမ ၄ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ mini budget  ခြောက် လအတွင်း လအလိုက် ပြည်ပသို့ ချုပ်ပြီးအ ထည် တင်ပို့မှုအနေဖြင့် အောက် တိုဘာတွင် ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင် ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင် ၄၁၄ ဒသမ ၃ သန်း၊ ဇန်နဝါရီတွင် ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်တွင် ဒေါ်လာ ၄၀၃ ဒသမ ၈ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၂၂၂၉ ဒသမ  ၈ သန်း ရရှိခဲ့ ကြောင်း စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

လအလိုက် ပြည်ပသို့ ချုပ်ပြီး အထည် တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၁၇ ဒသမ ၂ သန်း၊ မတ်တွင် ဒေါ် လာ ၂၆၈ သန်း၊ ဧပြီတွင် ဒေါ်လာ ၂၃၈ ဒသမ ၇ သန်း၊ မေတွင် ဒေါ် လာ ၂၇၈ ဒသမ ၅ သန်း၊ ဇွန်တွင် ဒေါ်လာ ၃၁၉ ဒသမ ၃ သန်း၊ ဇူလိုင် တွင် ဒေါ်လာ ၃၁၀ ဒသမ ၇ သန်း၊ သြဂုတ်တွင်ဒေါ်လာ ၄၂၄ ဒသမ ၅ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၃၇၈ ဒသမ ၃ သန်း၊ အောက်တိုဘာ တွင်ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင်ဒေါ် လာ ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင် ဒေါ်လာ ၄၁၄ ဒသမ ၃ သန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်၌  ၄၀၃ ဒသမ ၈ သန်း ရရှိခဲ့သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင် ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီး ပါး ရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် ဒေါ်လာ ၆၃ သန်း ကျော် လျော့ကျခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စက်ရုံ ၇၀၀ ကျော်ဖြင့် လည် ပတ်နေသည့် မြန်မာနိုင်ငံ၏ အထည် ချုပ်လုပ်ငန်းများတွင် ကိုဗစ်ကာလ အတွင်း စက်ရုံ ၁၀၀  ကျော် ရပ်နား ခဲ့ရပြီး ဝင်ငွေရာခိုင်နှုန်း ၄၀ ခန့် ကျ ဆင်းခဲ့ကြောင်း သုတေသနစစ်တမ်း များအရ သိရကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့အထည်ချုပ် လုပ်ငန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်မှုတွေ ရှိခဲ့တာတွေ့ ရမှာဖြစ်ပါတယ်။ အထည်ချုပ်စက် ရုံ ၇၀၀ လောက် လည်ပတ်နေတာ ကနေ ပထမလှိုင်းမှာ စက်ရုံ ၅၀ ကျော်၊ ဒုတိယလှိုင်းမှာ စက်ရုံ ၅၀ ကျော်လောက် ရပ်နား ခဲ့ရတာတွေ့ ရမှာဖြစ်ပါတယ်။သူတို့ရဲ့ဝင်ငွေ ဟာ စုစုပေါင်း  ၄၀ ရာခိုင်နှုန်း လောက် လျော့ကျသွားတယ်လို့ သု တေသနစာတမ်းများမှာ တွေ့ရမှာ ဖြစ်ပါတယ”ဟု ဒုတိယဝန်ကြီး ဦးမင်းမင်းက ဆိုသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်း ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ် သည့်သွင်းအားစုများကို တရုတ် နိုင်ငံက အဓိထားဖြည့်ဆည်း လျက်ရှိကြောင်း သိရသည်။

“အထည်ချုပ်လုပ်ငန်းဟာ ဆိုရင် မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ ရင်းနှီးမြှုပ်နှံမှုအပါအဝင်  စီးပွား ရေးအတွက် တစ်စိတ်တစ်ပိုင်းအား ဖြင့် အထောက်အကူဖြစ်ရုံမက အ လုပ်အကိုင် အခွင့်အလမ်းဖော် ဆောင်ပေးနိုင်တဲ့အတွက် အရေးပါ တဲ့ ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရ အလုပ်အကိုင်အခွင့်အ လမ်းဖော်ဆောင်ပေးနိုင်တာမို့လို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေအနက် ပထမ ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးအတွက်လည်း အကျိုး ပြုနိုင်မယ်လို့ မြင်မိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြော ကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၏ အ ထည်အလိပ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကို လေ့လာကြည့်ပါက ထင်သလောက် တိုးတက်မှုမရှိသေး ကြောင်း အထည်ချုပ်လုပ်ငန်းလုပ် ကိုင်နေသူများက ပြောကြားခဲ့ သည်။

“လက်ရှိမြန်မာနိုင်ငံရဲ့ အထည်အလိပ် လုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်မှုကို လေ့လာ ကြည့်မယ်ဆို ရင် ထင်သလောက် တိုးတက်မှု မရှိ သေးတာကို အရိုးသားဆုံး ဝန်ခံ တင် ပြလိုပါတယ်။ အခြေခံ အဆောက်အ အုံ မပြည့်စုံမှု၊ အထည်အလိပ်လုပ် ငန်းမှာ ကျွမ်းကျင်လုပ် သားရှားပါးမှု၊ ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင် နိုင်ရန် မီးမပြည့်စုံမှု၊ ငွေကြေးအရင်း အနှီး၊ စျေးကွက်ပြိုင်ဆိုင်မှု အလုပ် အကိုင်နည်းပါးမှု၊ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မား လာမှုစတဲ့အချက်တွေကြောင့် တိုး တက်မှုတွေ နှေးကွေးလျက်ရှိတာကို တွေ့ရပါတယ်” ဟု အထည်ချုပ်လုပ် ငန်းရှင်တစ်ဦးက ဆိုသည်။

“အထည်ချုပ်ကဏ္ဍမှာ လက်ရှိ အခြေအနေမှာ အသင်းဝင်ပေါင်း ၅၀၀ နီးပါးရှိပါ တယ်။ USA စက်ရုံ ပေါင်း ၅၀၀ နီးပါးပေါ့။ အသင်းဝင် ကတော့ ဒါ့ထက်ကျော်ပါတယ်။ လုပ်သားအင်အားအနေနဲ့ဆိုရင် အထည်ချုပ်အသင်းဝင်ကပဲ လေး သိန်းခွဲနဲ့ ငါးသိန်းကြားမှာရှိတယ်။ ထုတ်လုပ်မှုတွေလည်း စဉ်ဆက် မပြတ်ထုတ်လုပ်နေတယ်။ တချို့ သော  brand တွေက တချို့ထွက်ခွာ မယ်လို့ ကြေညာတဲ့ brand တွေရှိ တယ်။ အော်ဒါလည်း လျှော့မယ် ပြောတဲ့ brand တွေရှိတယ်။ အ သစ်အသစ်ရောက်လာတဲ့ brand တွေ အများကြီးရှိပါတယ်ရှင့်။ ကျွန်မ တို့အနေနဲ့ ရောက်လာတဲ့သူတွေကို ပိုဆွဲဆောင်နိုင်ဖို့ ကြိုးစားကြမှာပါ}}ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်း ရှင်များအသင်း အေ ထွထွေအတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ၂၀၂၃ ခုနှစ်အတွင်းက ပြောကြားထား သည်။

အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ အလုပ်အမှုဆောင်အဖွဲ့ ဝင်များနှင့်  အသင်းသူ အသင်းသား များ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

“လောလောဆယ်မှာတော့ လုပ်သား အင်အားပါပဲ။ လုပ်သား တော်တော်များများကို Migrant အနေနဲ့ ထွက်ခွာနေတာကို သိ တယ်။ သူတို့အနေနဲ့ ရေကြည်ရာ မြက်နုရာပေါ့နော်။ မြန်မာနိုင်ငံမှာ ရှိတဲ့အထည်ချုပ်လုပ်ငန်းမှာလုပ်နေ တဲ့ အလုပ်သမားအများစုဟာ  ၉၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီး ငယ်တွေဖြစ်တယ်။ အဲဒီအထဲမှာ ၇၆ ရာခိုင်နှုန်းက ကိုယ့်နိုင်ငံရဲ့ အ နယ်နယ်အရပ်ရပ်က လာတဲ့အလုပ် သမားတွေဖြစ်တယ်။ ထိုနည်းတူစွာ အပြင်ကို  ထွက်နေတဲ့ အလုပ်သမား တွေလည်းရှိတယ်။ကျွန်မတို့အနေနဲ့ ရေ ကြည်ရာ မြက်နုရာပေါ့။ ပိုရမယ် ပိုကောင်းမယ်လို့ သွားတဲ့နေရာကို တားလို့မရပါဘူး။ ကျွန်မတို့ဒီမှာ နေခြင်းအားဖြင့်  ပိုကောင်း မယ်ပိုရ မယ်ဆိုတဲ့အနေအထားကိုရဖို့ပဲ ကြိုး စားရမှာပါ။ ဒါကို ကျွန်မတို့လုပ်ရမှာ ပါ”ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆက် လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ အ ထည်ချုပ် တင်ပို့မှုမှ ဝင်ငွေရရှိမှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၂ ရက်အ ထိ ဒေါ်လာ ၃၃၈၀ ဒသမ ၇၀၀ သန်း (ဒေါ်လာ ၃ ဒသမ ၃၈၀ ဘီလျံ ကျော်) ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ၁၀ မျိုးတွင်  အထည်ချုပ်ကဏ္ဍမှဝင် ငွေမှ ထိပ်ဆုံးမှရပ် တည်လျက်ရှိ နေ ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွား ရေးစောင့် ကြည့်လေ့လာမှုအ စီရင်ခံ စာအထူးကဏ္ဍတွင် ပြီးခဲ့သည့် ဆယ် စုနှစ်ကတည်းက အလုပ်အကိုင် ဖန်တီးမှုနှင့် ဝင်ငွေအတွက် အဓိက တွန်းအားဖြစ်သည့် မြန်မာ့အထည် ချုပ်စက်ရုံလုပ်ငန်းများ၏ အခြေအ နေအပေါ် သုံးသပ်ထားသည်။ သို့ ရာတွင် ပဋိပက္ခ၊ မြင့်မားသောကုန် စည်သယ်ယူပို့ဆောင်စရိတ်များ၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲ လှယ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများက စီးပွားရေးလုပ်ငန်းကုန်ကျ စရိတ်အပေါ် ထပ်မံဖိစီးနေသဖြင့် နိုင်ငံတကာ စျေးကွက်ယှဉ်ပြိုင်နိုင် စွမ်းကို လျော့နည်းသွားစေသည်ဟု ဖော်ပြထားသည်။

“စီးပွားရေးလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်း ကျဆင်းလာမှုနဲ့ အ တူ အနာဂတ်အတွ က် မရေရာမှုတွေ ပိုများလာတာကြောင့် မြန်မာနိုင်ငံ ရဲ့အထည်ချုပ်စက်ရုံများဟာ ရင်းနှီး မြှုပ်နှံမှုနဲ့ တိုးချဲ့နိုင်ဖို့အတွက် မဟုတ်ဘဲ ရပ်တည်ရှင်သန်ရေးကို သာ ပိုပြီးအာရုံစိုက်နေ ကြရပါတယ်။ မကြာသေးခင်က ဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှုတွေကြောင့် အ ထည်ချုပ်လုပ်ငန်းတွေသာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံး ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အလား အလာအပေါ် အများကြီးအဟန့်အ တားဖြစ်စေနိုင်ပါတယ်”ဟု ကမ္ဘာ့ ဘဏ်၏ အကြီးတန်းစီးပွားရေး ပညာရှင် ကင်မ်အယ် လန်အဒ်ဝပ်က ထောက်ပြထားသည်။

Most Read

Most Recent