■ နည်းပညာကုမ္ပဏီ HP နှင့် အင်္ကျီလက်မောင်း စပွန်ဆာစာချုပ် ချုပ်ဆိုရန် ရီးယဲလ်အသင်း သဘောတူညီမှုရရှိ

■ နည်းပညာကုမ္ပဏီ HP နှင့် အင်္ကျီလက်မောင်း စပွန်ဆာစာချုပ် ချုပ်ဆိုရန် ရီးယဲလ်အသင်း သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 2 February 2024

ရီးယဲလ်အသင်းသည် အမေရိကန်နည်းပညာကုမ္ပဏီ HP နှင့် အင်္ကျီလက်မောင်း စပွန်ဆာစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ ကြောင်း သိရသည်။ 

    

ရီးယဲလ်အသင်းသည် အဆိုပါသဘောတူညီမှုကို ဖေဖော်ဝါရီ(၂) ရက်(ယနေ့)တွင် အတည်ပြုကြေညာရန် စီစဉ်ထားပြီး ဘောလုံးလောက၌ တန်ဖိုးအကြီးဆုံး အင်္ကျီလက်မောင်း စပွန်ဆာအဖြစ် မှတ်တမ်းဝင်ဖွယ်ရှိကြောင်း သိရသည်။ 

HP နှင့် ရီးယဲလ် အသင်း၏စာချုပ်မှာ (၃)နှစ်မှ (၅)နှစ် အထိဖြစ်ဖွယ်ရှိပြီး တစ်နှစ်လျှင် ယူရို (၁၄)သန်းမှ (၂၃)သန်းကြား တန် ကြေးရှိမည်ဟု သိရသည်။ 

လက်ရှိ ဘောလုံးလောက၌ အင်္ကျီလက် မောင်းစပွန်ဆာစာချုပ်တွင် တန်ဖိုးအကြီးဆုံးရရှိနေသည်မှာ မန်ယူနှင့် မန်စီးတီးတို့ဖြစ်ပြီး ရီးယဲလ်အသင်းက အဆိုပါစာချုပ်များကို ကျော်ဖြတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် ယခင်က  အင်္ကျီလက်မောင်း စပွန်ဆာလက်ခံဖူးခြင်းမရှိသေးသည့်အတွက် HP သည် ၎င်းတို့၏ ပထမဆုံး အင်္ကျီလက်မောင်းစပွန်ဆာအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ 

    

ရီးယဲလ်အသင်းသည် ယခုကဲ့ သို့ ဝင်ငွေပိုမိုရရှိအောင် လုပ်ဆောင်ခဲ့ခြင်းမှာ PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူရန်အတွက် ဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။ 

ရီးယဲလ်အသင်းသည် လက်ရှိအချိန်၌ ၎င်းတို့၏ ဝတ်စုံနှင့်ပတ်သက်၍ Adidas ထံမှ တစ်နှစ်လျှင် ယူရိုသန်း(၁၂၀) ရရှိနေပြီး Fly Emirates ထံမှ တစ်နှစ်လျှင် ယူရိုသန်း(၇၀) ရရှိနေကြောင်း သိရသည်။