ရီးယဲလ်အသင်း၏ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ဘာနေဗျူးကွင်းတွင် ကစားရခြင်းမှာ Gladiator တစ်ဦးလို ခံစားရသည်ဟု ပြောကြားခဲ့သည်။
အသက် (၂၀) အရွယ်ရှိ ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေရာသီကမှ Add-ons ကြေးများအပါအဝင် ယူရို (၁၃၃.၉) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၂၇) ပွဲတွင် (၁၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ထားသည်။
ရီးယဲလ်အသင်းတွင် ခြေစွမ်းပြနေသည့် ဘယ်လင်ဟမ်က "ရီးယဲလ်က ကမ္ဘာမှာ အင်အားအကြီးဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဒီအသင်းရဲ့ကွင်းမှာ ကစားရတာက Gladiator (ရောမခေတ်က အသတ်အပုတ်စွမ်းရည်ဖြင့် ပရိသတ်ကို ဖျော်ဖြေရသူ)တစ်ဦးလို ခံစားရစေပါတယ်။ ဒီအသင်းက တခြားအသင်းတွေထက် ပိုမြင့်တဲ့ အဆင့်တစ်ဆင့်မှာ ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက မိမိသည် အခြားကစားသမားများကို လိုက်လံတုပ၍ ကြိုးစားနေသူမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။