ဘီလ်ဘာအို - မာယော့ကာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၃ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံးအခုပွဲထက် လာမယ့်ကြားရက်အတွင်းကစားရမယ့် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ဘက်ကို အာရုံပိုရောက်နေနိုင်တယ်။ ဒါကြောင့် ဒီပွဲကို ထိန်းကစားကြဖို့များနေပြီး အထူးသဖြင့် မာယော့ကာတို့ မရှုံးရေးကိုပဲဦးတည်ပြီး ခံစစ်ကစားလာဖို့ ရှိနေတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။