အွန်လိုင်းလိမ်လည်မှုလုပ်နေသူများကို EAO အဖွဲ့များက အကာအကွယ်ပေးထားပြီး လက်နက်အားကိုးဖြင့်သာ လုပ်ရဲခြင်းဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အွန်လိုင်းလိမ်လည်မှုလုပ်နေသူများကို EAO အဖွဲ့များက အကာအကွယ်ပေးထားပြီး လက်နက်အားကိုးဖြင့်သာ လုပ်ရဲခြင်းဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ဇန်နဝါရီ ၃၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပနေစဉ်
ဇန်နဝါရီ ၃၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပနေစဉ်
Published 1 February 2024

အွန်လိုင်းလိမ်လည်မှု လုပ်နေသူ အ များစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက အကာအကွယ်ပေးထားပြီး လက်နက် အားကိုးဖြင့်သာ တရားမဝင်လုပ်ငန်းများ လုပ်ရဲခြင်းဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေး (၁/၂၀၂၄) တွင် နစကအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာ ဝန်ယူခဲသည့် ခြောက်လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင် ရွက်ရန် လိုအပ်သည်များနှင့်စပ်လျဉ်း၍ ရှင်း လင်းတင်ပြရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ယခု ကဲ့သို့ ရှုပ်ထွေးမှုများဖြစ်လာခဲ့ခြင်းသည် ကျား ဖြန့်ဟုခေါ်သည့် online လိမ်လည်မှုများမှ တစ်ဆင့် ဖြစ်ပေါ်လာခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါ ကိုးကန့်ဒေသတွင် ယခင်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် လောင်း ကစားဝိုင်း လုပ်ဆောင်မှုများရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် သွားလာမှုကန့် သတ်ချက်များဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းမှသာ လောင်းကစားမှုများ လုပ်ဆောင်ခဲ့ရာမှ လုပ် ငန်းအတွက်လိုအပ်သည့် ကျွမ်းကျင်သူများ နှင့် အထောက်အကူပြု ဝန်ထမ်းများကို ခေါ် ဆောင်လာခဲ့ပြီး နိုင်ငံခြားသားများပါ လောက် ကိုင်ဒေသထဲသို့ တရားမဝင် ဝင်ရောက်လာ သည်ကိုလည်း တွေ့ရှိရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လက်ရှိအချိန်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကြီးစိုးနေသည့် မြန်မာ၊ တရုတ်၊ ထိုင်းနယ်စပ်ဒေသများတွင် တရားမဝင်စီးပွားရေးလုပ်ငန်းအများစုရှိနေ ကြပြီး ကျားဖြန့်ဟုခေါ်သည့် online လိမ် လည်မှုများ၊ online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ပြုလုပ်နေကြသည့်အတွက် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေ ကြောင်း၊ အဆိုပါလုပ်ငန်း လုပ်နေသူအများ စုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက အကာအကွယ်ပေးထားသည့် နိုင်ငံ ခြားသားများသာဖြစ်ပြီး လက်နက်အားကိုး ဖြင့်သာ တရားမဝင်လုပ်ငန်းများ လုပ်ရဲခြင်း ဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်း အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများကိုလည်း ဖော်ထုတ်ပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အ ရေးယူလျက်ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်များ နှင့်ပတ်သက်၍ MNDAA အဖွဲ့သည် ၎င်းတို့၏ ကြေညာချက်များတွင် အကြောင်းပြ ချက်များစွာ ဖော်ပြသော်လည်း အဓိကရည် မှန်းချက်ကို သုံးသပ်ကြည့်ရပါက ကိုးကန့် ဒေသအတွင်း အထူးဒေသ (၁) အနေဖြင့် သြဇာအာဏာ ပြန်လည်တည်ဆောက်လို ခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်လာခြင်း လည်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် KNU အဖွဲ့အနေဖြင့်လည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် ONLINE လိမ်လည်မှုများ၊ ONLINE လောင်း ကစားမှုများအပြင် လူမှောင်ခိုမှုများအထိ လုပ်ဆောင်နေသည်ကို အထောက်အထား များနှင့် တွေ့ရှိရခြင်းကြောင့် အိမ်နီးချင်းနိုင် ငံများနှင့်ပူးပေါင်း၍ ဖမ်းဆီးနှိမ်နင်းခြင်းလုပ် ငန်းများကိုလုပ်ဆောင်ပြီး တရားဥပဒေစိုးမိုး မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KNU အဖွဲ့အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်နေမှု အခြေအနေကောင်းများ ရပ် တန့်စေရန်အတွက် တိုက်ပွဲများ ဖော်ဆောင် လျက်ရှိခြင်းကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

အလားတူ TNLA အဖွဲ့သည် လားရှိုး- မူဆယ် လမ်းကြောင်းပေါ်တွင်ရှိသော သိန္နီ မြို့ကို တိုက်ခိုက်ခဲ့သကဲ့သို့ ကွတ်ခိုင်မြို့ကို လည်း နှောင့်ယှက်တိုက်ခိုက်များ လုပ်ခဲ့ ကြောင်း၊ TNLA အဖွဲ့အနေဖြင့် နမ့်ခမ်း၊ နမ့် ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ ဒေသများကို လည်း ဆက်လက်တိုက်ခိုက်ခဲ့ပြီး ၎င်းင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ပလောင်ဒေသ ရရှိရေးဖြစ် ပါကြောင်း၊ ပလောင်ဒေသအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးပြီးဖြစ်သော် လည်း ထိုထက်ပိုမိုသည့် အာဏာလိုချင်သဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြော ကြားသည်။

တပ်မတော်အနေဖြင့် ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုများသည် နယ်စပ်ဒေသနှင့် လွန် စွာနီးကပ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှ အ ထင်အမြင်လွဲမှားမှုမဖြစ်စေရန်အတွက် မိမိ တို့၏ စစ်ဆင်ရေးများကို ကာကွယ်ခုခံပိုင် ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement for Self-Defence) နှင့် အကြမ်းဖက်သောင်းကျန်းမှုနှိမ်နင်းရေး  ဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိ တွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of En- gagement for Counter-Terrorism and Counter-Insurgency Operations to restore normalcy)နှင့်အညီ ဆောင်ရွက်စေပြီး နယ် စပ်ဒေသ ကျည်ကျော်ကျရောက်မှု မရှိစေရေး နှင့် ယာဉ်ယန္တရားများ ကျော်လွန်မှုမရှိစေရေး အကန့်အသတ်ဖြင့် ဒေသခံပြည်သူများ ထိ ခိုက်မှုမရှိအောင် ဆောင်ရွက်ခဲ့ရကြောင်း၊ သောင်းကျန်းသူအဖွဲ့များအနေဖြင့် တစ်ဖက် နိုင်ငံက အထင်အမြင်လွဲမှားစေရန် လက်နက် ကြီးများဖြင့် တရုတ်နိုင်ငံထဲသို့ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက်တာဝန်ရှိ သူများက ဖြေရှင်းခဲ့ရကြောင်း၊ သောင်းကျန်း သူအဖွဲ့များအနေဖြင့် တစ်ဖက်က နည်းပညာ အသာစီးရယူကာ သာလွန်အင်အားဖြင့် တိုက်ခိုက်လာပြီး တပ်မိသားစုဝင်များကို အဓိက အန္တရာယ်ပြုလာခြင်းကြောင့် တပ်မ တော်အနေဖြင့် အချို့နေရာများကို စွန့်ခွာပေး ခဲ့ရခြင်းရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent