၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း သုံးနှစ်အတွင်း ရဟန်းသံဃာ ၇၇ ပါး၊ သီလရှင်နှစ်ပါး၊ နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးအပါအဝင် လုပ်ကြံသတ်ဖြတ်ခံရသူ ၆၈၈၀ ဦးရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း သုံးနှစ်အတွင်း ရဟန်းသံဃာ ၇၇ ပါး၊ သီလရှင်နှစ်ပါး၊ နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးအပါအဝင် လုပ်ကြံသတ်ဖြတ်ခံရသူ ၆၈၈၀ ဦးရှိ
၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ပခုက္ကူမြို့နယ် ပညာရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေမှုအား တွေ့ရစဉ်
၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ပခုက္ကူမြို့နယ် ပညာရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေမှုအား တွေ့ရစဉ်
Published 1 February 2024

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၇၇ ပါး၊  သီလရှင် ၂ ပါး၊ ပြည်သူ ၅,၆၇၇ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး၊ စုစုပေါင်း ၆,၈၈၀ ဦး ပျံလွန်/သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလအတွင်း နိုင်ငံတစ်ဝန်း PDF အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၃ ပါး ပျံလွန်ခဲ့ပြီး ပြည်သူ ၄၃၈ ဦး နှင့် နိုင်ငံဝန်ထမ်း ၇၉ ဦး၊ စုစုပေါင်း ၅၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း လျှပ်စစ်/ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၉၇ ခု၊ ကျန်းမာရေးအဆောက်အဦ ၆ လုံး၊  စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၁၃ လုံးအပါအဝင် လူနေအိမ်များ၊ အခြား အဆောက်အဦများ ဖျက်ဆီးခြင်းခံခဲ့ရကြောင်းလည်း သိရသည်။

ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ PDF အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့် ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေးအဆောက် အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်များ၊ အခြားအဆောက်အဦများ များစွာဖျက်ဆီး ခြင်းခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ပညာရေးနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများအပေါ် ၄၁၃ ကြိမ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင်လည်း KNPP အဖွဲ့နှင့် PDF များသည် လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

 

 

Most Read

Most Recent