အိုဆင်မန်က အီတလီမြေက ဘရုတပ်စ်လား

အိုဆင်မန်က အီတလီမြေက ဘရုတပ်စ်လား
Photo : Getty Images
Photo : Getty Images
Published 29 January 2024
AK

အိုဆင်မန်ကို ဆော်ဒီလိဂ် အကြီးအကျယ်စိတ်ဝင်စားခဲ့ပါတယ်။ နေးဗတ်စ်နဲ့ နေမာကို ခေါ်ယူထားတဲ့ အယ်လ်ဟီလယ်က အိုဆင်မန်ကို ကြိုက်ဈေးပေးပြီး ကမ်းလှမ်းခဲ့တာပါပဲ။ ဒါပေမဲ့ အိုဆင်မန်က လောကမှာ ငွေထက်အရေးကြီးတာ ရှိသေးကြောင်း သက်သေပြခဲ့တယ်။ အိုဆင်မန်က " ကျွန်တော်က ငြင်းလေ၊ သူတို့က ကြေးတိုးကမ်းလှမ်းလေပါပဲ။ အပြောင်းအရွှေ့ပိတ်ချိန်အထိ ကြိုးစားခဲ့ပါတယ်။ နာပိုလီအသင်းတာဝန်ရှိသူတွေနဲ့ အဲဒီကိစ္စကို ဆွေးနွေးခဲ့သလို၊ နောက်ဆုံး ကျွန်တော် ငြင်းပယ်ခဲ့ပါတယ်။ ဆော်ဒီရဲ့ကမ်းလှမ်းမှုက ကျွန်တော့်ဘဝကိုပြောင်းလဲစေနိုင်ပေမယ့် ပြန်မတွေးတော့ပါဘူး။ ကျွန်တော့်ကစားသမားဘဝအတွက် ပိုကောင်းမယ့်အရာကိုရွေးခဲ့တယ်"လို့ ပြောခဲ့တယ်။

 

Most Read

Most Recent