အမြန်လမ်းတွင် ခရီးသည်အမျိုးသားတစ်ဦး အပေါ့သွားစဉ် ပေ ၂၀ ခန့်မြင့်သည့် တံတားပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရ

အမြန်လမ်းတွင် ခရီးသည်အမျိုးသားတစ်ဦး အပေါ့သွားစဉ် ပေ ၂၀ ခန့်မြင့်သည့် တံတားပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရ
Published 12 January 2024

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၁၁ ရက် ညပိုင်းက Express ယာဉ်ပေါ်ပါခရီးသည် အမျိုးသားတစ်ဦးသည် ယာဉ်ပေါ်မှ အောက်သို့ အပေါ့ဆင်းသွားစဉ် ပေ ၂၀ ခန့်မြင့်သည့် တံတားပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်၌ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Power Express ခရီးသည်တင်ယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉ မိုင် ၆ ဖာလုံအနီးရှိ တံတားတစ်ခုအကျော်သို့ အရောက်တွင် ခရီးသည်များ အပေါ့အပါးသွားရန် ကားကို ခနရပ်တန့်ပေးခဲ့ကြောင်း၊ ထိုသို့ရပ်တန့်ပေးစဉ် ယာဉ်ပေါ်ပါခရီးသည်များအနက် ဦးအောင်ဆန်း အသက် ၅၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် အပေါ့စွန်ရန် ကားပေါ်မှဆင်းကာ တံတားပေါ်သို့ သွားစဉ် ‌ခြေချော်ပြီး ပေ ၂၀ အ မြင့်ရှိ တံတားပေါ်မှ အောက်သို့ မှောက်လျက်ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုတ်ကျသဖြင့် ခရီးသည်အမျိုးသားတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပိုးဆောင်ကူညီပေခဲ့ကြောင်း သိရသည်။

Most Read

Most Recent