■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၇)  ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၇)  ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 12 January 2024

ဘိုင်ယန်မြူးနစ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နံနက် ၂:၀၀ နာရီ)



ဘိုင်ယန်အသင်း နှစ်သစ်ကို ဘယ်လိုစတင်မလဲ စိတ်ဝင်စားစရာဖြစ်ပြီး လက်ရှိအခြေအနေအရတော့ လေဗာကူဆင်နဲ့ (၄)မှတ်ပြတ်နေလို့ အမှားခံလို့တော့ မရပါဘူး။ ဘိုင်ယန်အသင်းမှာ ဒဏ်ရာပြဿနာတချို့ရှိပေမဲ့ အရန်ကစားသမားတွေ များလို့ အသင်းပွဲထွက်စာရင်းကို သက်ရောက်မှုမရှိတာ သေချာပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ မြူးနစ်ကွင်းမှာ ဟော်ဖန်ဟင်မ်အသင်း ဒုက္ခပေးနိုင်ခဲ့ပြီး အမှတ်ခွဲယူခဲ့တယ်။ ဟော်ဖန်ဟင်မ်အသင်း Winter Break မတိုင်ခင်မှာ ရလဒ်တွေ ကျဆင်းခဲ့ပြီး နောက်ဆုံး(၇)ပွဲမှာလည်း (၁)ပွဲပဲ အနိုင်ရခဲ့ပါတယ်။ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။

 

Most Read

Most Recent