■ အားကစား နဲ့ စိတ်ကျန်းမာရေး     

■ အားကစား နဲ့ စိတ်ကျန်းမာရေး     
Photo : Getty Images
Photo : Getty Images
Published 11 January 2024
Chan Myae

ဒယ်လီအယ်လီက အားလုံးသိတဲ့အတိုင်း ဘောလုံးလောကမှာ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး လူငယ်ကြယ်ပွင့်တစ်ဦးဆိုတဲ့ အဆင့်အတန်းအထိ ရောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒယ်လီအယ်လီက နောက်ပိုင်းပြဿနာတွေ အများကြီး ရှိတယ်။ ခြေကျသွားတယ်။ အခုဆိုရင် အယ်လီက အမေ့ခံကစားသမားတစ်ဦး ဖြစ်နေပြီ။ ခေတ်ကြီးက သာမန်ထက် နည်းနည်းပိုရုံ ကစားသမားတွေအတွက် ငွေပုံအောသုံးနေရတဲ့ အချိန်မှာ အသက် (၂၇) နှစ်ပဲ ရှိသေးတဲ့ ကစားသမားတစ်ဦးအနေနဲ့ အယ်လီဟာ ဖြစ်နေသင့်တာထက် အများကြီး အများကြီး ပိုနိမ့်ကျတဲ့ အခြေအနေကို ရောက်နေတယ်။ အလကားပေးရင်တောင် ခေါ်ချင်တဲ့ အသင်းထဲမှာ အသင်းကောင်းတွေ အသင်းကြီးတွေ မပါသလို ဖြစ်နေတယ်။ ဒီအရာတွေနဲ့ပတ်သက်ပြီး အယ်လီက သူ့ရဲ့ ဘဝတစ်ခုလုံးနဲ့ ပရော်ဖက်ရှင်နယ်ဘဝအပေါ် လွှမ်းမိုးခဲ့တဲ့ အတိတ်ရဲ့အမှောင်တွေကို ဖွင့်ချခဲ့တယ်။

 

Most Read

Most Recent