မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြဿနာဖြစ်အောင် လှုံ့ဆော်နေသည့် မည်သည့်အဖွဲ့အစည်းကိုမျှ ထောက်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြဿနာဖြစ်အောင် လှုံ့ဆော်နေသည့် မည်သည့်အဖွဲ့အစည်းကိုမျှ ထောက်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နစက ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန် တို့ ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့စဉ်။
နစက ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန် တို့ ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့စဉ်။
Published 10 January 2024

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြဿနာဖြစ်အောင် လှုံ့ဆော်နေသည့် မည်သည့်အဖွဲ့အစည်းကိုမျှ ထောက်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အခြေအ နေများအား ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်း အခိုင်အမာ ထောက်ခံအားပေးပြီး ပြဿနာဖြစ်အောင် လှုံ့ဆော်နေတဲ့ ဘယ်အဖွဲ့ အစည်းကိုမှ ထောက်ခံမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့တာ ရှိပါတယ်။ အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများဟာ မြန်မာနိုင် ငံမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအား လုံးရဲ့ အကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းရေးကို ထိန်းသိမ်း ရာမှာ အထောက်အကူဖြစ်စေရမည်လို့ ပြော ကြားခဲ့တာ ရှိပါတယ်။ မြေပြင်အခြေအနေ မှာ တင်းမာမှုတွေ ပြေလျော့ပြီးတော့မှ ငြိမ်း ချမ်းရေးနဲ့ပတ်သက်ပြီး အစပျိုးဖို့၊ မြန်မာ နိုင်ငံမြောက်ပိုင်း အခြေအနေများ ပြန်လည် တည်ငြိမ်စေဖို့ ပူးပေါင်းဆောင်ရွက်ကြမယ် လို့ ပြောကြားခဲ့တာရှိပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးတို့ တွေ့ဆုံရာတွင်လည်း နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံ မှန်သတင်းစာရှင်းလင်းပွဲတွင်လည်း ပြော ရေးဆိုခွင့်ရှိသူအနေဖြင့် မြန်မာနိုင်ငံမြောက် ပိုင်း ပဋိပက္ခများနှင့်ပတ်သက်၍ တရုတ်နိုင် ငံ၏ ရပ်တည်ချက်များကို ပြောကြားသွား သည်ကို တွေ့ရကြောင်းလည်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော် တို့အနေနဲ့လည်း ယခင်ကတည်းက ကျွန်တော် တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ထဲမှာ ပြည်ထောင် စုစနစ်နဲ့၊ ဖက်ဒရယ်စနစ်နဲ့သွားဖို့အတွက် ရည်မှန်းထားပြီး ဖြစ်ပါတယ်။ ဒီဟာတွေ သည် နိုင်ငံရေးအရ တောင်းဆိုရမယ့်အရာ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ပွင့်လင်းစွာ ပြောဆိုပြီးဖြစ် ပါတယ်။ သို့သော် ခုနကပြောသလို လက် နက်ကိုင်သောင်းကျန်းမှု၊ လက်နက်ကိုင်နယ် မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာရေးကိုပါ စော်ကားတဲ့၊ တစ်မျိုးသားလုံး အမြတ်တနိုးထားတဲ့ ဘာသာရေးကိုပါ စော် ကားတဲ့ အပြုအမူများနဲ့ သွေးတိုးစမ်းလာတာ တွေသည် မြန်မာ ပြည်သူလူထုတစ်ရပ်လုံး အတွက် များစွာသော စိတ်ထိခိုက်မှုဖြစ်ရပါ တယ်။ ဒါတွေကို ကျွန်တော်တို့ ပြန်ပြီး တွန်း လှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွား ရမယ်။ ပြန်လည်ပြီး ညီညွတ်သွားရမှာ ဖြစ် ပါတယ်” ဟု ပြောကြားသည်။

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက် ကူညီပေးခြင်းကို အမြဲတမ်း ကျေးဇူးတင်ရှိ ကြောင်း၊ မြန်မာနိုင်ငံအနေနှင့်လည်း ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါး ရပ်၊ အေးအတူပူအမျှ အသိုက်အဝန်းထူ ထောင်ရေး မူဝါဒများကို လက်ခံထားကြောင်း၊ မိမိတို့အနေဖြင့် အိမ်နီးနားချင်းနိုင်ငံနှင့် အိမ်နီးနားချင်းနိုင်ငံများ၏ ပြည်သူလူထုများ အပေါ် အကျိုးစီးပွားထိခိုက်အောင် လုပ် သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမှ မြန်မာ့မြေပေါ်တွင် အခြေချပြီး လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ကြောင်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent