ဂျီရိုနာနဲ့အတူ အမြင့်ပျံဖို့ကြိုးစားနေတဲ့ ဆမ်ဘာကြယ်ပွင့်

ဂျီရိုနာနဲ့အတူ အမြင့်ပျံဖို့ကြိုးစားနေတဲ့ ဆမ်ဘာကြယ်ပွင့်
Photo: Getty Images
Photo: Getty Images
Published 10 January 2024
Zay Yar Htun

ဆယ်ဗီယိုက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလကမှ ဂျီရိုနာကို ရောက်လာခဲ့တာပါ။ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းခြေစကြောင့် ဆယ်ဗီယိုကို ဥရောပထိပ်သီးအသင်းတွေအနေနဲ့လည်း စောင့်ကြည့်မှုတွေရှိလာခဲ့ကြတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင်က အခုလို ဆိုခဲ့ပါသေးတယ်။ "ဒီအချိန်မှာ ဂျီရိုနာအသင်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ တခြားအကြောင်းတွေနဲ့ပတ်သက်ပြီး ဘာမှခေါင်းထဲထည့်မထားပါဘူး"လို့ ဆယ်ဗီယိုက ဆိုခဲ့တယ်။ ဘရာဇီးလ်ကလပ် အက်သလက်တီကိုမင်နဲရိုး အကယ်ဒမီထွက်ဖြစ်တဲ့ ဆယ်ဗီယိုဟာ ၂၀၂၂ ခုနှစ် မှာ ပြင်သစ်ကလပ် ထရွိုင်စ်အသင်းကို ပြောင်းရွှေ့ လာသူပါ။ ထရွိုင်စ်အသင်း တာဝန်ရှိသူတွေအနေနဲ့ ဆယ်ဗီယိုကို နုနယ်သေးတယ်ဆိုပြီး ပြီးခဲ့တဲ့ ရာသီအတွင်း PSV အသင်းကို အငှားချခဲ့တယ်။ ဒီရာသီမှာလည်း ထရွိုင်စ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆယ်ဗီယိုအတွက် ဂျီရိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး အငှားချဖို့ ထပ်မံဆုံးဖြတ်ခဲ့တယ်။

 

Most Read

Most Recent