ခမ်းပတ်မြို့ ကနန်းစံပြကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲချခြင်းမရှိကြောင်းနှင့် ကလေးနှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးမှု မရှိကြောင်း နစက ထုတ်ပြန်

ခမ်းပတ်မြို့ ကနန်းစံပြကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲချခြင်းမရှိကြောင်းနှင့် ကလေးနှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးမှု မရှိကြောင်း နစက ထုတ်ပြန်
Published 9 January 2024

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ခမ်းပတ်မြို့ ကနန်းစံပြကျေးရွာ အမှတ် ၅ ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲချမခြင်းမရှိကြောင်းနှင့် ကလေးနှစ်ဦး အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးမှုမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ခမ်းပတ်မြို့ ကနန်းစံပြကျေးရွာ အမှတ် ၅ ရပ်ကွက်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးသည်ဟု Exile မီဒီယာအချို့က သတင်းဖော်ပြမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တုံ့ပြန်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် လေကြောင်းပျံသန်းမှု မရှိကြောင်း သိရှိရပြီး တပ်မှ ဗုံးကျဲသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Exile မီဒီယာအချို့သည် သတင်းတု သတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ ရေးသားဖြန့်ဝေလျက်ရှိပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် ဝါဒဖြန့်လှုံဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent