ဘာမင်ဂမ်အသင်း၏ နည်းပြသစ်အဖြစ် ရွန်နီနေရာတွင် အစားထိုးခန့်အပ်ခံရရန် လမ်းပတ် ရေပန်းစားနေ

ဘာမင်ဂမ်အသင်း၏ နည်းပြသစ်အဖြစ် ရွန်နီနေရာတွင် အစားထိုးခန့်အပ်ခံရရန် လမ်းပတ် ရေပန်းစားနေ
Photo: Getty Images
Photo: Getty Images
Published 6 January 2024

 

ချယ်လ်ဆီးနှင့် အဲဗာတန်အသင်း၏ နည်းပြဟောင်း လမ်းပတ်သည် ဘာမင်ဂမ်အသင်း၏ နည်းပြသစ်အဖြစ် ရွန်နီ၏နေရာတွင် အစားထိုးခန့်အပ်ခံရရန် ရေပန်းစားနေကြောင်း သိရသည်။ 

လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းသည် ရွန်နီကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ပြန်လည်ခန့်အပ်ရန်အတွက် နည်းပြအယောက်(၂၀)ခန့်ကို လျာထားရွေးချယ်လျက်ရှိရာ ယင်းစာရင်းထဲတွင် လမ်းပတ် ပါဝင်နေသည်။ 

အသင်းတာဝန်ရှိသူများက လမ်းပတ်ကို ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး လမ်းပတ်၏ သဘောထားက အဓိကကျနေကြောင်း သိရသည်။ 

ရွန်နီသည် ဘာမင်ဂမ်အသင်းနည်းပြရာထူးမှ ထုတ်ပယ်မခံရမီ ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလကုန်အထိ အသင်းက ၎င်းအပေါ် အခွင့်အရေးပေးမည်ဟု ယုံကြည်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ မန်ယူနှင့် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရွန်နီ သည် ၂၀၂၃ အောက်တိုဘာ ၁၁ ရက်နေ့က ဘာမင်ဂမ်အသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး ၈၃ ရက်အကြာတွင် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ 

Most Read

Most Recent