မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီများဦးဆောင်ပြီး ဆွေးနွေးပွဲကျင်းပကာ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီများဦးဆောင်ပြီး ဆွေးနွေးပွဲကျင်းပကာ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး
Published 5 January 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်တို့ ဦးဆောင်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့(ဇန်နဝါရီ ၅ ရက်)တွင်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီများဦးဆောင်ပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပကာ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ အာဆီယံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဒေသဆိုင်ရာယန္တရားမူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား မြတ်တော်ဝင်ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်းသိရသည်။

Most Read

Most Recent