တန်းတူညီမျှခွင့်ဖော်ဆောင်ရန်နှင့် နိုင်ငံရေး ပဋိပက္ခများ၊ ခုခံတွန်းလှန်စစ်များ အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းသည် ငြိမ်းချမ်းသောနည်းဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်ကြောင်း KNU ပြောကြား 

တန်းတူညီမျှခွင့်ဖော်ဆောင်ရန်နှင့် နိုင်ငံရေး ပဋိပက္ခများ၊ ခုခံတွန်းလှန်စစ်များ အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းသည် ငြိမ်းချမ်းသောနည်းဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်ကြောင်း KNU ပြောကြား 
 ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈) နှစ်မြောက် အခမ်းအနားကျင်းပစဉ်
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈) နှစ်မြောက် အခမ်းအနားကျင်းပစဉ်
Published 3 January 2024

တန်းတူညီမျှခွင့်ဖော်ဆောင်ရန်နှင့် နိုင် ငံရေးပဋိပက္ခများ၊ ခုခံတွန်းလှန်စစ်များ အ ဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းသည် ငြိမ်းချမ်းသောနည်းဖြင့် နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။ 

ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) ၏ နှစ်သစ် ကူးသဝဏ်လွှာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။ 

တန်းတူအခွင့်အရေးကို အသိအမှတ်ပြု ရန် ပျက်ကွက်ခြင်းကြောင့် ဖိနှိပ်မှုနှင့် မတရား မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်း အကြောင်းအရာများမှာ တိုင်းပြည်အုပ်ချုပ် သူများနှင့် လူထုအကြား ပဋိပက္ခဖြစ်ပေါ်လာ စေသည့် အကြောင်းရင်းဖြစ်ကြောင်း၊ တန်း တူညီမျှဖော်ဆောင်ရန်နှင့် နိုင်ငံရေးပဋိပက္ခ များ၊ ခုခံတွန်းလှန်စစ်များ အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းမှာ ငြိမ်းချမ်းသော နည်းဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အ ဖြေရှာခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံအဖြေရှာမှုကို ကရင်အမျိုးသားအ စည်းအရုံးအနေဖြင့် ခေတ်အဆက်ဆက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း၊ ကရင်အမျိုး သားအစည်းအရုံးအနေဖြင့် ပြည်တွင်းစစ်ပဋိ ပက္ခကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံရေးပြဿ နာများကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် တိုင်းသူပြည်သားများ အေးချမ်းစွာ နေထိုင် နိုင်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားရန်အတွက် တန်းတူညီမျှ ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒ ရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် သွားရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ 

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပြည်သူလူထု၊ နိုင်ငံရေးပါတီများ၊ အတိုက်အခံ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ပြည်သူလူထုထံမှ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများစွာ ရရှိခဲ့ကြောင်း၊ သို့ရာ တွင် နိုင်ငံရေးအပြောင်းအလဲကြောင့် တွေ့ဆုံ ဆွေးနွေးမှုများ အဆုံးသတ်ခဲ့ရကြောင်း၊ နိုင် ငံရေးပြဿနာအား ဖြောင့်မတ်သောစိတ်ရင်း ခံဖြင့် ဖြေရှင်းလိုစိတ်မရှိပါက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် ငြိမ်းချမ်း မှုကို အမှန်တကယ် တည်ဆောက်နိုင်ရန် လုံး ဝမဖြစ်နိုင်ကြောင်း KNU က ဆိုသည်။ 

ထို့ပြင် လွတ်လပ်ပြီး တရားမျှတကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ကော်သူးလေကို တည်ဆောက်ရန်မှာ ကရင် အမျိုးသားအစည်းအရုံး၏ ပထမရည်မှန်း ချက်ဖြစ်ကြောင်း၊ ယင်းမျှော်မှန်းချက်မှာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး တန်း တူညီမျှမှုရှိသည့် ပြည်ထောင်စုကို ကြိုးပမ်း တည်ဆောက်သွားရန် ဖြစ်ကြောင်း ကရင်အ မျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent