TNLA နှင့် MNDAA အနေဖြင့် ၎င်းတို့၏ EAO နယ်မြေများ၌ အွန်လိုင်း လိမ်လည်မှုနှင့် ပတ်သက်နေသည့် တရုတ်နိုင်ငံသားအချို့အား အခကြေးငွေယူပြီး ဖုံးကွယ်ထားဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား

TNLA နှင့် MNDAA အနေဖြင့် ၎င်းတို့၏ EAO နယ်မြေများ၌ အွန်လိုင်း လိမ်လည်မှုနှင့် ပတ်သက်နေသည့် တရုတ်နိုင်ငံသားအချို့အား အခကြေးငွေယူပြီး ဖုံးကွယ်ထားဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 31 December 2023

TNLA နှင့် MNDAA အနေဖြင့် ၎င်းတို့၏ EAO နယ်မြေများ၌ အွန်လိုင်းလိမ်လည် မှုနှင့်ပတ်သက်နေသည့် တရုတ်နိုင်ငံသားအ ချို့အား အခကြေးငွေယူပြီး ဖုံးကွယ်ထား ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးပျက် ပြားအောင် သတင်းမီဒီယာများက လုပ်ဆောင် နေမှုများ၊ မြန်မာနိုင်ငံ လောက်ကိုင်တွင်ရောက် ရှိနေသည့် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန် လည်လွှဲပြောင်းပေးမှုအခြေအနေများ၊ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထိုင်းဘုရင့် တပ်မတော်ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြား ရေးမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး၊ အွန်လိုင်းလောင်းကစား မှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေး ဆိုင်ရာ ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြော ကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်း သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“TNLA နဲ့ MNDAA အနေနဲ့ သူတို့ လွှမ်းမိုးထားတဲ့ နယ်မြေတွေထဲမှာ အသက် ၁၅ နှစ်ထက်ကျော်ရင် အမျိုးသား၊ အမျိုးသ မီးမကျန် လူသစ်စုဆောင်းနေတဲ့ သတင်းတွေ လည်းရရှိပါတယ်။ ဒါ့အပြင် အချို့သော အွန် လိုင်းလိမ်လည်မှုမှာ ပတ်သက်နေတဲ့ တရုတ် နိုင်ငံသားအချို့ကို သူတို့ရဲ့ EAO နယ်မြေထဲ ကို အခကြေးငွေယူပြီး ထွက်ပြေးတိမ်းရှောင် ဖုံးကွယ်ထားတဲ့ သတင်းတွေလည်းရရှိပါတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေကို သ တင်းပေးပို့ပြီး ဖြစ်ပါတယ်။ ဒီအွန်လိုင်းလိမ် လည်မှုကိစ္စဟာ ကျွန်တော်တို့ သိမြင်နေတာ ထက်၊ ထင်ထားတာထက် အများကြီး ရှုပ်ထွေး တဲ့၊ နက်နဲတဲ့ကိစ္စဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

သောင်းကျန်းသူများအနေနှင့် တရား မဝင် ငွေကြေးလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများကို အမည်ခံတိုက်ဖျက် နေသလိုလုပ်ပြီး ၎င်းင်းတို့ကိုယ်တိုင် ကာကွယ် ပေးနေသည့်အပြင် မူးယစ်ဆေးဝါးလုပ်ငန်း များနှင့်လည်း ပတ်သက်နေသည်ကို တွေ့ရ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “မနေ့ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ပုဂ္ဂိုလ် မစ္စမော်နင်း ကနေပြီးတော့ သတင်းစာရှင်းလင်းပွဲမှာတော့ လောက်ကိုင် တုံချိန်နေရာပေါ့၊ ဃမသတည ဟို တယ်ရှေ့မှာ ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံ သားတွေ သေကျေဒဏ်ရာရတဲ့ကိစ္စနဲ့ပတ် သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီ ယာတွေကလည်း အမျိုးမျိုး ဒါ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားအောင်ဦးတည် ပြီး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအစိုးရ နဲ့ တရုတ်နိုင်ငံ အစိုးရဟာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရပ်တည်ချက်အနေနှင့် မြန်မာနိုင်ငံမြေ၊ မြန်မာနိုင်ငံပိုင်နက်ကို အသုံး ပြုပြီး အိမ်နီးနားချင်းနိုင်ငံများ၏ အကျိုးစီးပွား၊ တည်ငြိမ်မှုနှင့် ပြည်သူလူထု လူမှုစီးပွားဘဝကို ထိခိုက်နှောင့်ယှက်စေမည့် မည်သို့သော လုပ် ငန်းမျိုးကိုမှ လက်ခံမည်မဟုတ်ကြောင်း၊ မြန် မာနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် တရုတ်နိုင်ငံသားများအား ပြန်လည် ပို့ဆောင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အောက် တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ တရုတ်လူမျိုး အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုးသ မီး ၁၄၀၂ ဦး၊ စုစုပေါင်း ၁၂၃၁၆ ဦးကို တရုတ် နိုင်ငံသို့ အပ်နှံပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် ဗီယက်နမ်လူမျိုး ၁၀၅၄ ဦး၊ ထိုင်းလူမျိုး ၅၃၄ ဦး၊ မလေးရှားလူမျိုး ၁၃၂ ဦး၊ စင်ကာပူနှစ်ဦး၊ တောင်ကိုရီးယား ၂၀ ဦး၊ ယူဂမ်နာတစ်ဦး၊ တရုတ် (ထိုင်ဝမ်) လေးဦး၊ အိန္ဒိယလေးဦးတို့ကိုလည်း သက်ဆိုင်ရာနိုင်ငံ သို့ လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်းနှင့် လောက်ကိုင် နယ်မြေတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် အတွက်ကြောင့် တရုတ်လူမျိုးများ ဘေးကင်း ရာကို အမြန်ဆုံးထွက်ခွာကြရန်၊ သက်ဆိုင်ရာ များသို့ သတင်းပို့ရန်၊ ကြော်ငြာစာများ၊ လက် ကမ်းစာများအပြင် အသံချဲ့စက်နှင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းများကို နေ့စဉ်ရက်ဆက် ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

“အားလုံးလည်း သိမြင်တဲ့အတိုင်း လောက် ကိုင်မြို့ မြို့တွင်းထဲမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူတာတွေ၊ လူနေအဆောက်အအုံတွေကို စစ်ရေးအရ အသုံးပြုပြီး လူနေအဆောက်အအုံ တွေထဲက နေပြီး တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခတ် တာတွေ နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အ နေနဲ့ မိမိရဲ့တပ်တွေဟာ တပ်စခန်းတွေမှာပဲ ရှိပါတယ်။ မြို့တွင်းမှာတော့ MNDAA တချို့ ယူနီဖောင်းနဲ့ဖြစ်တယ်။ တချို့ အရပ်ဝတ်နဲ့ နေထိုင်ပြီးတော့ တရုတ်နိုင်ငံသားအချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာဖြစ် ပါတယ်။ ဒါတွေကို ကျွန်တော်တို့ နှစ်နိုင်ငံလုံး က ဂရုတစိုက်စောင့်ကြည့်တန်ပြန်ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ဒီဇင်ဘာ ၂၇ ရက်က နစကဥက္ကဋ္ဌ နှင့် ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင် ရေး ညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် နယ်စပ်ဒေ သတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုး ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ အွန် လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည် မှုများ တိုက်ဖျက်ရေးများ ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးရှိ အွန် လိုင်း လောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှု များ လုပ်ဆောင်လျက်ရှိသည်ဆိုသည့်သတင်း စုံစမ်းရရှိသည့်အတွက် နှစ်နိုင်ငံပူးပေါင်းတိုက် ဖျက်ရမည်ဖြစ်သည်ကို ပြောကြားခဲ့ကြောင်း နှင့် အွန်လိုင်းလိမ်လည်မှုကို ဆက်လက်ဆောင် ရွက်နေသည့်နေရာများ၊ လုပ်ဆောင်နိုင်သည့် နေရာများကိုလည်း အသိပေးပြောကြားခဲ့ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Most Read

Most Recent