■ ပရီးမီးယားလိဂ်မှာ ၂၀၂၃ နဲ့ ၂၀၂၄ ဘာတွေ ခြားနားသွားမလဲ     

■ ပရီးမီးယားလိဂ်မှာ ၂၀၂၃ နဲ့ ၂၀၂၄ ဘာတွေ ခြားနားသွားမလဲ     
Photo: Getty Images
Photo: Getty Images
Published 29 December 2023
Wai Yan Aung

ရာသီတစ်ဝက်ကျိုးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၉) ယှဉ်ပြိုင်ကစားအပြီးမှာ အက်စတွန်ဗီလာအသင်းရဲ့ ချန်ပီယံဆုအတွက် ရေပန်းစားမှု တစ်ထစ်လျော့ကျသွားခဲ့ပါတယ်။ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ရဲ့နောက် စတုတ္ထနေရာကို စပါးအ သင်း ပြန်ရောက်လာတာပါ။ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ကလပ်ကမ္ဘာ့ဖလားကြောင့် ပွဲလျော့ပြီး အမှတ်ပြတ်ကျန်ရစ်ခဲ့ပေမဲ့ ရေပန်းစားမှုထိပ်ဆုံးနေရာမှာ ဆက်ရှိနေခဲ့ပါတယ်။ ဒါဟာ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အချိန်မရွေးပြန်ကျော်တက်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားကြတဲ့သဘောဖြစ်ပြီး ဒါကို မန်စီးတီးအသင်းကလည်း ပြီးခဲဲ့တဲ့ရာသီမှာ ပူပူနွေးနွေးသက်သေပြခဲ့ပြီးပါပြီ။ အမှတ်ဖြတ်ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းကို နောက်ကလိုက်ပြီး ပြန်ကျော်ဖြတ်ပြခဲ့တာပါ။ ဒီတစ်ကြိမ်မှာ နည်းနည်းခြားနားသွားတာက ကျော်ဖြတ်ရမယ့် ပြိုင်ဘက်က တစ်သင်းတည်းမဟုတ်တော့ဘဲ (၃) သင်းလောက်ဖြစ်သွားတာပါ။

 

Most Read

Most Recent