ဥရောပစူပါလိဂ်ဟာ လူမှုဒီမိုကရေစီလား၊ အရင်းရှင်စီးပွားရေးလားဆိုပြီး တွေးစရာကောင်းနေတယ်။ ပုဂ္ဂိုလ်ရေးအားပြိုင်ပွဲ သက်သက်မဟုတ်ဘူး။ ဘောလုံးအားကစားနည်းသက်သက် မဟုတ်ဘူး။ ရုရှားအော်လီဂါ့ခ်ျတွေ၊ အမေရိကန် ဘီလျံနာတွေ၊ အရှေ့အလယ်ပိုင်းက ရှိတ်တွေ စုပေါင်းဆင်နွှဲမယ့် စီမံကိန်းပဲ။ ဗြိတိန်မင်းသား ဝီလီယံက ဥရောစူပါလိဂ်ကို မကြည်ဖြူသလို၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကလည်း ဥပဒေနဲ့ ထိန်းချုပ်ရမယ်လို့ သတိပေးဖူးတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဘက်မှာ လောလောဆယ် လူအုပ်ကြီးရှိနေပါတယ်။ အဲဒီလူအုပ်ကြီးဟာ ဘောလုံးအားကစားနည်းရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ ပရိသတ်တွေပါပဲ။ လူထုအခြေပြု ဒီမိုကရေစီတိုက်ပွဲမှာ အရင်းရှင်စီးပွားရေးသမားဆန်သူတွေ ငြိမ်သက်သွားရတယ်။ ပရိသတ်သန်းပေါင်းများစွာရဲ့ ဆန့်ကျင်သံတွေကြားထဲ ဥရောပစူပါလိဂ် စိတ်ကူးရပ်တန့်သွားရတယ်။ တချို့ကလည်း ဥရောပစူပါလိဂ်ဟာ အရင်းရှင်စီးပွားရေးသမားဆန်သူ အချင်းချင်း တိုက်တဲ့ပွဲလို့ ဆိုကြတယ်။ စစ်မှန်တဲ့ အမှန်တရားမရှိဘူးဆိုတာမျိုးပေါ့။
ဥရောပစူပါလိဂ် (သို့) ဘူဇွာတွေရဲ့အားပြိုင်ပွဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
3 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago