ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းနံဘေးရှိ ကြိုးတံတားလုံခြုံရေးဂိတ် ပစ်ခတ်ခံရပြီး BGF တစ်ဦး သေဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိ

ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းနံဘေးရှိ ကြိုးတံတားလုံခြုံရေးဂိတ် ပစ်ခတ်ခံရပြီး BGF တစ်ဦး သေဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိ
Published 26 December 2023

ရေးမြို့နယ် မော့ကနင်ကျေးရွာနှင့် စံပြကျေးရွာကြား ရေး-သံဖြူဇရပ်ကားလမ်းနံဘေးရှိ ကြိုးတံတားလုံခြုံရေးဂိတ် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး BGF တစ်ဦး သေဆုံးကာ အရပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါကြိုးတံတားလုံခြုံရေးဂိတ်အား PDF အဖွဲ့က ကျောက်တင်ယာဉ်အသုံးပြုကာ လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လုံခြုံရေးဂိတ်ထဲက BGF အရန်တပ်ဖွဲ့ဝင် စောသီဆိုသူကတော့ ကျည်မှန်ပြီး သေဆုံးသွားတယ်။ နောက်ပြီး ဂိတ်အနီး စျေးရောင်းနေတဲ့ ဒေါ်ယမင်းသန့်က သေနတ်ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ဒေါ်ယမင်းသန့်၏ဒဏ်ရာမှာ ပြင်းထန်သည်ဟုသိရကြောင်းနှင့် ၎င်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ဆိုသည်။

Most Read

Most Recent