ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟု နစကဥက္ကဋ္ဌပြောကြား

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟု နစကဥက္ကဋ္ဌပြောကြား
ပုံစာ-၂၀၂၃ ခုနှစ် မေ ၁၅ ရက်က မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နစကဥက္ကဌအား တွေ့ရစဉ်။ (ဓာတ်ပုံ-ပုံဟောင်း)
ပုံစာ-၂၀၂၃ ခုနှစ် မေ ၁၅ ရက်က မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နစကဥက္ကဌအား တွေ့ရစဉ်။ (ဓာတ်ပုံ-ပုံဟောင်း)
Published 15 December 2023

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ရခိုင်ပြည်နယ်သည် ယခင်ကတည်းက လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌ အခက်အခဲများစွာရှိခဲ့သဖြင့် တပ်မတော်အစိုးရလက်ထက်မှ ယခုအချိန်အထိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိနေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်ပစွက်ဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပာယ်မဲ့ ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပဋိပက္ခများ၏ဆိုးကျိုးကို ဒေသခံတိုင်း ရင်းသားများကိုယ်တိုင်ခံစားနေရကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိသမျှကာလပတ်လုံး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းဝေးနေမည်သာဖြစ်ပြီး တစ်ဦးချင်းအခွင့်အရေး၊ အခွင့်အလမ်းများလည်း ဆုံးရှုံးမှုများကြုံတွေ့နေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသားရေးခံယူချက်အဖြစ် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လက်ရှိပစ္စုပ္ပန်နှင့် နောင်အနာဂတ်အတွက် နိုင်ငံရေးရည်မှန်းချက်များနှင့် အမျိုးသားရေးရည်မှန်းချက်များကို ချမှတ်ထားပြီးဖြစ်ရာ ပြည်သူများလိုလားတောင့်တသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီ လျှောက်လှမ်းရာခရီးတွင် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး အေးအတူ၊ ပူအမျှအတူတကွ ယှဉ်တွဲနေထိုင်ရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့်သာ တည်ဆောက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာအောင် မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံး ညီညွတ်သောစုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားရန်တိုက်တွန်းလိုကြောင်း နစကဥက္ကဋ္ဌကဆိုသည်။

နစကဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် နစကအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီကိုဖွဲ့စည်းပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မေလအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် နစကအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ 

Most Read

Most Recent