နမ့်ခမ်း၊ မူဆယ် ၁၀၅ မိုင်၊ ကယားပြည်နယ် ရဲတပ်ဖွဲ့ရုံးအနီး၊ ထီးချိုင့် နှင့် ခမ်းပတ်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နမ့်ခမ်း၊ မူဆယ် ၁၀၅ မိုင်၊ ကယားပြည်နယ် ရဲတပ်ဖွဲ့ရုံးအနီး၊ ထီးချိုင့် နှင့် ခမ်းပတ်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 14 December 2023

နမ့်ခမ်း၊ မူဆယ် ၁၀၅ မိုင်၊ ကယားပြည်နယ် ရဲတပ်ဖွဲ့ရုံးအနီး၊ ထီးချိုင့်နှင့် ခမ်းပတ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမ ှုရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၄ ရက် ရှမ်းပြည်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့် နှင့် ခမ်းပတ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများနှင့့် ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့ထိတွေ့မှုများအနေနဲ့တော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ နမ့်ခမ်းနဲ့ ၁၀၅ မိုင် ကြားထဲမှာ TNLA အဖွဲ့နဲ့ ထိတွေ့မှုအချို့ ရှိပါတယ်။ ပြီးရင်တော့ ကယားပြည်နယ်ဘက်မှာ ပြည်နယ်ရဲရုံးနားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့မှု ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ ထီးချိုင့်နဲ့ ခမ်းပတ်ဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့မှုရှိပါတယ်။ ခမ်းပတ်မှာဆိုရင် သူတို့အနေနဲ့ ယခင်ကထုတ်ခဲ့ဖူးပါတယ်။ ခမ်းပတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ဟာမျိုး ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေရာတွေမှာ ပြန်လည် လုံခြုံမှု တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါတယ်’’ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

အစိုးရနှင့် တပ်မတော်အနေနှင့် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါး ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည် တံခိုင်မြဲရေးတို့ကို အစဉ်တစိုက် ရပ်တည်၊ ဆောက်တည်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent