အိမ်ကွင်း(၁၅)ပွဲဆက်အနိုင်ရသည့် ပဥ္စမမြောက်နည်းပြအဖြစ် အမ်မရီ မှတ်တမ်းဝင်

အိမ်ကွင်း(၁၅)ပွဲဆက်အနိုင်ရသည့် ပဥ္စမမြောက်နည်းပြအဖြစ် အမ်မရီ မှတ်တမ်းဝင်
Photo: Premier League
Photo: Premier League
Published 11 December 2023

အက်စတွန်ဗီလာအသင်း၏နည်းပြ အူနိုင်းအမ်မရီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း(၁၅)ပွဲဆက်တိုက် အနိုင်ရရှိသည့် ပဥ္စမမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အူနိုင်းအမ်မရီသည် ပြီးခဲ့သည့်ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲမှစ၌ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတိုင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနောက်ဆုံးအဖြစ် မန်စီးတီးနှင့် အာဆင်နယ်တို့ကို ဆက်တိုက်အနိုင်ယူခဲ့ခြင်းဖြစ်သည်။

အူနိုင်းအမ်မရီ မတိုင်မီ ပရီးမီးယားလိဂ်အိမ်ကွင်း(၁၅)ပွဲဆက် အနိုင်ရခဲ့သည့်နည်းပြများမှာ ဖာဂူဆန်၊ မန်စီနီ၊ ကလော့ပ် နှင့် ဂွါဒီယိုလာတို့ဖြစ်ပြီး ၎င်းတို့အားလုံး ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ကြသည်။ 

Most Read

Most Recent