(၁)
စာကြည့်တိုက်ဆိုသည်မှာ အသိပညာ၊ဗဟုသုတအကြောင်းအချက်များ သိုမှီးသိမ်းဆည်း၊ ပြန်လည်မျှဝေဖြန့်ချီရာနေရာ၊ ပညာရှာမှီးသူတို့ အားထားရာနေရာ။ တနည်းဆိုရလျှင် စာဖတ် သူတို့ အတွက် သိလိုသောအကြောင်း အရာများကို တနေရာထဲတွင်ရှာဖွေသိရှိနိုင်စေရန်ရည်ရွယ်ပြီး ဘာသာရပ် အလိုက် စာ အုပ်မျိုးစုံကိုစုဆောင်း ထားသော ပညာရပ်များဖြန့်ကျက်ရာ နေရာတစ်ခုဖြစ်ပေသည်။ စာကြည့် တိုက်တွင် အသုံးပြုသူများအဆင်ပြေချောမွေ့စေရန်နှင့်စာအုပ်များ အလွယ် တကူ ရှာ ဖွေနိုင်ရန် အတွက် စာကြည့်တိုက်မှုးနှင့် စာကြည့်တိုက်ဝန်ထမ်းများမှ စနစ်တကျခန့်အပ်ထားရှိပြီး စီစဉ်လုပ်ကိုင် ပေးလျက် ရှိသည်။ စာကြည့်တိုက်အသုံးပြုသူတို့ သည် စာအုပ်များကို စာကြည့်တိုက်တွင် ဖတ်ရှုနိုင် သကဲ့ သို့၊ မိမိ၏ အိမ်သို့ငှားရမ်းယူဆောင်၍လည်းဖတ်ရှုနိုင်ပေသည်။
(၂)
စာကြည့်တိုက်များကို တက္ကသိုလ်များ၊ ကျောင်းများ၊ ဋ္ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများတွင် ထူထောင် ဖွင့်လှစ်ထားလေ့ရှိသကဲ့သို့ ယခုအချိန်တွင် ပိုမိုကျယ်ပြန့်လာပြီဖြစ်ရာ ရပ်ကွက်များ/ ကျေးရွာများအထိ ထူထောင် ဖွင့်လှစ်လာကြသည်။ စာအုပ်စာပေဝါသနာပါသူ လူတစ်ဦး တစ် ယောက် ချင်း စီက ၎င်း၏ပတ်ဝန်းကျင်နှင့် မိတ်ဆွေ၊အပေါင်း အသင်းများ လေ့လာဖတ်ရှုစေလို သည့် ဆန္ဒဖြင့် တနိုင်တပိုင် ထူထောင်ထားကြသည့် စာကြည့်တိုက် လေးများကိုလည်း ပိုမိုတွေ့လာရ၏ ။ ပညာဗဟုသု တ လေ့လာ ဆည်း ပူး လိုသူများ အနေ ဖြင့် မိမိတို့၏ အသိအမြင်၊အတွေးအခေါ်အယူအဆများကို ထပ်တိုး ဆည်းပူး လိုလျှင် သင့်လျော် သည့်အချိန်များ၌ စာကြည့်တိုက် သို့သွားရောက်၍ စာဖတ်ခြင်းဖြင့် လုပ်ဆောင် နိုင်ပေသည်။
ထို့သို့မွန်မြတ်သောစိတ်ထား၊ သန်စင်သောနှလုံးသားများဖြင့် ထူထောင်ထားသော စာကြည့်တိုက် များရှင်သန်ရေးတွင် အဓိကကျသောအချက်မှာစာအုပ်အရေအတွက် တိုးတက်များ ပြားလာ မှုနှင့် စာဖတ် သူများစိတ်ဝင်စားမှုဖြစ်သည်။ထို့ကြောင့် စာကြည့်တိုက်များသည်စာအုပ်အရေအတွက် တိုးတက် များ ပြားခြင်းနှင့် စာဖတ်သူဦးရေများပြားလာခြင်းတို့အတွက်ကြိုးစားဆွဲဆောင် စည်းရုံးနေ ကြရသည်။ ထိုသို့အားထုတ်လုပ်ဆောင်နေကြစဉ်မှာပင် သို့သော် စာကြည်တိုက်များရှင်သန်မှုကို ထိခိုက်ပျက်စီးစေ သည့် ဘေးအန္တရာယ်ရှိနေသည်ကို သတိပြုမိကြသည်။ထိုအန္တရာယ်မှာ စာကြည့်တိုက်အသုံးပြုသူများက စာကြည်တို့က်မှ စာအုပ်များခိုးယူကြခြင်းဖြစ်သည်။
(၃)
တူကီယဲနိုင်ငံ( တူရကီ) ရှိစာသင်ကျောင်းတစ်ကျောင်း၏ စာကြည့်တိုက်၌ သုတေသန စာတမ်း တစ် စောင် ပြုစုနေ သူ တစ်ဦးက ၎င်း၏သတိပြုမိသည့်အချက်ကို ဖော်ထုတ်ဆိုလာသည်။ အဆိုပါစာ ကြည့်တိုက်ကို ၎င်း အသုံး ပြု နေစဉ်ကာလအတွင်း အဖိုးတန်စာအုပ်အရေတွက် လျော့နည်းကျဆင်းလာ သည်ကို သတိထားခြင်းဖြစ်သည်။ အဓိကအကြောင်းအရင်းကို စဉ်းစားမိသည်။ ထို့သို့ဖြစ်ရခြင်း၏ အဓိက အကြောင်း အရင်းမှာ စာအုပ်ခိုးယူမှုမှုကိုကာကွယ်ပေးနိုင်သည့် သံလိုက်စွမ်းအား စာအုပ်အချက် ပေးစနစ် ( magnetic book alarm system) မရှိခြင်းကြောင့် ခိုးယူခံရခြင်း ဖြစ်သည်ဟု ကောက် ချက် ချသည်။ magnetic book alarm systemဆိုသည်မှာ စာအုပ်အဖုံးတွင် သံလိုက်ဓာတ်စွမ်းအားပါသည့် သတ္တုကြိုးမျှင်လေးကို စာအုပ်အဖုံး တွင် မြုပ်နှံထားပြီး စာကြည့် တို က် အတွင်းမှခွင့်ပြုချက်မရှိဘဲ စာအုပ်ယူသည့်အခါ အသံဖြင့် အချက်ပေး သည့်စနစ်ဖြစ်သည်ဟုဆိုသည်။ထို့အပြင် အသံဆူညံမှုနှင့် လူအဝင်အတွက်ရှုပ်ရှုပ်ထွေးထွေးဖြစ်စေနိုင်သည့် ကော်ဖီ ဆိုင်ကိုစာကြည့်တိုက်အခန်း ဝန်းကျင် သို့ရွှေခဲ့ သည့်အစီအစဉ်ကိုလည်းထောက်ပြသည်။ အခြေ အနေများကြောင့် စာကြည့်တိုက်၏လုပ်ဆောင်နိုင် မှုစွမ်းရည်များဆုံးရှုံးမှုဖြစ်လာနေ သည် ဟု ၎င်းကယူဆ သည်။
(၄)
စာအုပ်များသည်အချက်အလက်ရယူရန်၊လူတစ်ဦး၏တွေးခေါ်မှုများကို ချဲ့ထွင်ရန်နှင့် ယဉ်ကျေးမှု ဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် မရှိမဖြစ်လိုအပ်သော ကိရိယာများဖြစ် သည်။ ထိုကဲ့သို့ စာအုပ်မျိုးစုံသည် စာကြည့်တိုက်များတွင်ရှိသည်ကို လူတိုင်းသိသည်။ လူတို့သည် မိမိတို့လိုအပ်သော စာအုပ်များကိုရှာဖွေရန်၊ဖတ်ရှုရန် စာကြည်တိုက်သို့လာကြသည်။ လာ ရောက် ကြသည့် လူများထဲတွင် အချို့သည် စာကြည့်တိုက်မှစာအုပ်များကို ခိုးယူတတ်သည့် သူများရဖြစ် နေ သည်။ ထိုကဲ့သို့ စာကြည့်တိုက်မှ စာအုပ်များခွင့်ပြုချက်မရှိဘဲယူခြင်း သို့မဟုတ် ခိုးယူခြင်းသည် ကျင့်ဝတ်သိက္ခာမဲ့သော အပြုအမူဖြစ် သည် သာမက လူ့အဖွဲ့ အစည်းတစ်ရပ်၏ ယဉ်ကျေးမှု တန်ဖိုးများအပေါ် တန်ဖိုးမထား၊ မလေးစားသည်ကိုလည်းပြနေသည်။
(၅)
စာကြည့်တိုက်များသည် သတင်းအချက်နှင့်ဗဟုသုတရယူခွင့်များကို လွတ်လပ်ပွင့်လင်းစွာလုပ် ဆောင်နိုင်ရန် တည်ထောင်ထားသော လူ့အဖွဲ့အစည်း၏ အရေးကြီးသော အဖွဲ့အစည်းများဖြစ် သည်။ စာကြည့်တိုက်တစ်ခုတွင် အဖိုးတန်စာအုပ်မျိုးစုံရှိသည်။ စာအုပ်များကို ခိုးယူခြင်းသည် တန်ဖိုးကြီး သော အရင်းအမြစ်များကိုယုတ်လျော့ပျက်စီးစေပြီး၊လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်တရားအားနည်း လာ ခြင်းနှင့် တာဝန်ယူမှုကင်းမဲ့ခြင်းကိုလည်း ထင်ဟပ်နေသည်။ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထု များ ကို ထိခိုက် စေရုံ သာမက မျှဝေထားသော အသိပညာ၏ တန်ဖိုးကိုပါ ချိုးနှိမ်သည့် သဘောလည်း ဖြစ်စေ သည်။
(၆)
ကျင့်ဝတ်တန်ဖိုးများနှင့်အညီ ပြုမူနေထိုင်ခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ခိုင်မာသော ဆက်ဆံ ရေး များ ထူထောင်ခြင်းနှင့် အသိပညာဗဟုသုတများကို လေးစားမှုပြသခြင်းသည် လူတစ်ဦးချင်း ၏စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေသည်။ စာကြည့်တိုက်မှ စာအုပ်များကို ခိုးယူခြင်း သည် အဆိုပါ အခြေအနေများနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်း အသိ ပညာ ဗဟုသုတ၊ သတင်း အချက်အလက်မျှဝေခြင်း၊အမြဲတစေလေ့လာသင်ယူခြင်းနှင့် ယဉ်ကျေးမှု ကြွယ်ဝစေခြင်းတို့ အတွက် ပံ့ပိုးကူညီမှုများကို ထည့်သွင်း စဉ်းစားရာ၌ စာကြည့်တိုက် အသုံးပြု သူများသည် စာကြည့်တိုက် မှ စာအုပ်များကို ရိုးသားစွာငှားရမ်းသင့်ပြီး ၊ပြန်လည် အပ်နှံရမည့် အချိန်တွင် လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်ကမ်းနှင့်အညီ ပြန်လည်အပ်နှံသင့်သည်။
လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ လေးစားယုံကြည်ထိုက်သူ တစ်ဦးဖြစ်ခြင်းသည် အခြားသူများ ကို လေးစားမှုပြသခြင်းနှင့် အခြားသူများ၏ အခွင့်အရေးများကို အသိအမှတ်ပြုခြင်းအပေါ် အခြေခံသည်။ စာကြည့်တိုက်မှ စာအုပ်များကို ခိုးယူခြင်းသည် ဘဏ္ဍာရေးငွေကြေးအားဖြင့် ဆုံးရှုံးမှုများရှိရုံသာမက လူတစ်ဦး၏ ရိုးသားမှုနှင့် ယုံကြည်စိတ်ချရမှုတန်ဖိုးများကို ထိခိုက်စေသည်ဟုလည်း လက်ခံထားကြ သည်။
(၇)
နိဂုံးချုပ်အနေဖြင့် စာကြည့်တိုက်မှ စာအုပ်များကို ခိုးယူခြင်းသည် ကျင့်ဝတ်တန်ဖိုးများနှင့် လူမှုစည်းကမ်းများကို ဆန့်ကျင်သည့်အပြုအမူတစ်ခုဖြစ်သည်။ စာအုပ်များကို ငှားရမ်းအသုံးပြုခြင်း၊ ပြန်လည် အပ်နှံခြင်းသည် လူ့အဖွဲ့အစည်းအတွင်း လူတစ်ဦးချင်းစီ၏ရပ်တည်နိုင်မှုနှင့် ကျင့်ဝတ်တန်ဖိုး များ ကို လိုက်နာမှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ စာကြည့်တိုက်များသည် စာအုပ် များ စနစ် တကျသို လှောင်သိမ်းဆည်းထားရုံသာမက လူ့အဖွဲ့အစည်းတစ်ရပ်၏ စုပေါင်း ထား သော အသိပညာ ဗဟုသုတများကို ထိန်းသိမ်းစောင့်ရှောက်ထားသော နေရာဖြစ်သဖြင့် ပျက်စီဆုံးရှုံးမှု မရှိစေရန်နှင့် စဉ်ဆက်မပြတ်တိုးတက်များရှိစေရန် ကျွန်တော် အားလုံးတွင်တာဝန်ရှိသည်။ စာကြည့်တိုက် အသုံးပြုသူများအားလုံး အမြဲ သတိပြုလျက် ကျင့်ဝတ်နှင့်အတူ သတ်မှတ်ထားသောစည်း ကမ်းများကို ထိန်းသိမ်းလိုက်နာလုပ်ဆောင်သင့်ပေသည်။
Ref: Stealing Books From The Library By Haluk Direskeneli
စာကြည့်တိုက်မှ စာအုပ်ခိုးယူခြင်း
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago