ငယ်သူငယ်ချင်း သုံးယောက် မမျှော်လင့်ဘဲ ဆုံတွေ့ကြရာမှာ အင်ဂျင်နီယာ သူငယ်ချင်းတစ်ယောက်က ဆေးလိပ် တအားသောက်ပြီး အဝလွန်နေတာ တွေ့လိုက်ရတယ်။ ဆေးလိပ်ဖြတ်ဖို့၊ ကျန်းမာရေး လိုက်စားဖို့ ပြောလိုက်ရသေးတယ်။ သွေးတွင်းအဆီဓာတ်များတာ၊ သွေးဖိအား မြင့်တက်ကာ၊ အဝလွန်တာဟာ ဆီးချို ရောဂါဖြစ်နိုင်ခြေများတာကြောင့် နှလုံး ရုတ်တရက်အတိုက်ခိုက်ခံရတာနဲ့ လေဖြတ်နိုင်ခြေများတယ်လို့ သုတေသီတွေက မှတ်ချက်ပေးကြပါတယ်။
တစ်ပတ်ကို ဆေးလိပ်တစ်ဘူး သောက်နေတဲ့သူအတွက်လည်း လူ့သက်တမ်း ခုနစ်နှစ်လောက် တိုသွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
စီးကရက်တစ်လိပ်မီးညှိပြီးဖွာမယ်ဆိုရင်သိထားသင့်တာက နီကိုတင်းအခြေခံထုတ်လုပ်ထားလို့ လူတိုစွဲလမ်းစေပါတယ်။ဓာတုပစ္စည်း ၄၀ ကျော်ကကင်ဆာဖြစ်စေပြီး အခြားဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်လို့ရောဂါအမျိုးမျိုးဖြစ်စေပါတယ်။စီးကရက်မီးခိုးငွေ့မှာတွေ့ရတဲ့ဓာတုအဆိပ်တွေဟာရင်သားကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့အူမကြီးကင်ဆာ စတဲ့ကင်ဆာအမျိုးမျိုးဖြစ်နိုင်ခြေကို တိုးမြှင့်စေပါတယ်။
တစ်နေ့ကို စီးကရက်နည်းနည်းသောက်ခြင်းဟာနှလုံးနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါနဲ့သေဆုံးသူတွေထဲက ၂၀ ရာခိုင်နှုန်းဟာဆေးလိပ်သောက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ တစ်နေ့စီးကရက် တစ်ဘူးနဲ့နှစ်ပေါင်း ၃၀ သို့မဟုတ် တစ်နေ့ နှစ်ဘူးနဲ့ ၁၅ နှစ်သောက်တဲ့သူဆိုရင် အဆုတ်ကင်ဆာစစ်ဆေးဖို့ကြိုတင်စာရင်ပေးထားရမှာပဲဖြစ်ပါတယ်။ အဆုတ်ကင်ဆာစောစောဆိုရင်စောစောကုသနိုင်ပြီး ပျောက်ကင်းအောင်ကုသလို့ရပါပြီ။ စီးကရက်များများသောက်တဲ့သူ၊ စီးကရက်ကိုနှစ်ရှည်လများသောက်တဲ့သူတွေဟာ သေလောက်တဲ့ရောဂါတွေဖြစ်တဲ့ကင်ဆာအမျိုးမျိုး၊ အဆုတ်လေအိတ်ပျက်စီးတဲ့ရောဂါ၊ နမိုနီယားရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါတို့ ပိုအဖြစ်များပါတယ်။
(၁) ကင်ဆာအနေနဲ့စာရင်းဇယားအရ အဆုတ်ကင်ဆာဟာ အမျိုးသားတွေမှာ ဒုတိယအဖြစ်အများဆုံးအဆင့်မှာရှိနေတာတွေ့ရပါတယ်။ အဆုတ်ကင်ဆာဟာအဆုတ်ကတစ်ဆင့်အခြားအရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတွေကို ကင်ဆာဆဲလ်တွေပျံ့နှံ့သွားစေပြီး အသက်ဆုံးရူံးမှုတွေများပြားလွန်းတာကြောင့်အဆုတ်ကင်ဆာကိုကင်ဆာရောဂါဖြစ်ခြင်းရဲ့ပင်မအကြောင်းတရားကြီးအဖြစ်သတ်မှတ်ထားခဲ့ပါတယ်။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာရဲ ့ရေသောက်မြစ်ပါပဲ။
ဒါ့အပြင်စီးကရက်မီးခိုးငွေ့မှာတွေ့ရတဲ့ဓာတုအဆိပ်ငွေ့တွေ့ဟာ ရင်သားကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာစတဲ့ကင်ဆာအမျိုးမျိုးဖြစ်လာနိုင်ခြေကိုလည်း တိုးမြှင့်စေပါတယ်။ သည်လိုအန္တရာယ်များတာကြောင့် တစ်နေ့စီးကရက် နှစ်ဘူးနူန်းနဲ့ ၁၅ နှစ်လောက်သောက်ထားတဲ့သူဆိုရင် ရင်ဘတ်ဓာတ်မှန် (CXR) နဲ့ စီတီ (CATScan) ရိုက်ကြည့်ပြီး အဆုတ်ကင်ဆာဖြစ်နေပြီလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ ကင်ဆာကိုအစောပိုင်းအဆင့်မှာသိရတယ်ဆိုရင် လုံးဝပျောက်ကင်းအောင်ကုသလို့ ရနိုင်ပါတယ်။
(၂) အဆုတ်လေအိတ်များ ပျက်စီးတဲ့ (COAD_chronic obstructive Airway Disease) ဖြစ်တယ်။ အဆုတ်မှာ လေအိတ်သေးသေးလေးတွေသန်းပေါင်းများစွာပါဝင်ပြီးအောက်ဆီဂျင်ကိုသန့်စင်ပေးပြီးသွေးထဲကိုပို့ဆောင်ပေးတဲ့တာဝန်ကိုဆောင်ရွက်ကြပါတယ်။ ဆေးလိပ်ကိုရေရှည်သောက်တဲ့သူဆိုရင်ဆေးလိပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက အဆိုပါလေအိတ်ကလေးတွေကိုကြီးမားဖောင်းပွရောင်ရမ်းပြီး ပျက်စီးစေပါတယ်။ သည်လိုဖြစ်လာရင် လေအိတ်လေးတွေဟာ အောက်ဆီဂျင်ကိုစစ်ထုတ်ပေးတာတို့၊ သယ်ပို့ပေးတာတို့ မလုပ်နိုင်တော့ဘဲ လူမှာအောက်ဆီဂျင်မလုံလောက်မှုနဲ့ အသက်ရှူမဝတာဖြစ်လာပါတယ်။
လူတစ်ယောက်ဟာ သည်လိုဖြစ်နေပြီဆိုရင်နှလုံးအောင့်ခြင်း၊ရုတ်တရက်ကိုယ်အလေးချိန်ကျခြင်းနဲ့စိတ်ဓာတ်ကျခြင်းတွေဖြစ်လာတတ်ပါတယ်။ဒါဟာသူတို့ရဲ့အသည်းကိုလည်းထိခိုက်လာပါတယ်။ပြင်းထန်တဲ့အဆုတ်လေအိတ်ရောင်ရမ်းတဲ့ရောဂါဟာလည်းဖြစ်နေတဲ့သူကိုအတော်ခံရခက်စေပါတယ်။ အသက်ရှူခက်လို့အလွန်မောပန်းပြီးအိပ်ရာထဲလဲတဲ့အထိဖြစ်စေပါတယ်။ အချို့ဆိုရင်အောက်ဆီဂျင်တောက်လျှောက်ပေးထားရပါတယ်။ ဒါကြောင့်ဆေးလိပ်သောက်သူတွေဟာ အသက်ရူရခက်လာပြီး အသက်ရှူမဝဖြစ်လာပြီဆိုရင်မိသားစုဆရာဝန်နဲ့အမြန်ဆုံးတွေဆုံဆွေးနွေးပြီး အခြေအနေပိုဆိုးမသွားခင်ကုသမှုခံယူသင့်ပါတယ်။ ဆေးလိပ်ဖြတ်သင့်ပါတယ်။
(၃) နမိုးနီးယား (Pneumonia) ဖြစ်စေပါတယ်။ အဆုတ်တွေရောင်ရမ်းရာကနေတစ်ဆင့် နမိုနီးယားဖြစ်လာပါတယ်။ ရောင်ရမ်းရတဲ့အရင်းအမြစ်ကတော့ ဗိုင်းရပ်၊ ဗက်တီးရီးယားနဲ့မှိုပေါက်ပွါးမှုကြောင့်ဖြစ်နိုင်တဲ့အပြင်အန္တရာယ်ရှိတဲ့အရာတွေဖြစ်တဲ့ဖုန်တို့၊ အခြားဓာတုပစ္စည်းတွေအထူးသဖြင့်စီးကရက်အငွေ့ကိုအသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိုက်သွင်း၊ ရှူထုတ်လုပ်တာကြောင့်လည်းဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာအရကင်ဆာဟာ အသက်ရှူရခက်ခဲခြင်းနဲ့ရင်ကျပ်ခြင်းတို့ပဲဖြစ်ပါတယ်။ အချို့က အစပိုင်းမှာ အဖျားလေးနည်းနည်းရှိပြီ အအေးမိသလိုလို၊ခေါင်းကိုက်သလိုလို၊ချမ်းစိမ့်စိမ့်နဲ့ချောင်းဆိုးကာ လည်ချောင်းနာစတာတွေကစတာပါပဲ။ နည်းနည်းပြင်းရင်တော့ ရင်ဘတ်တွေအောင့်မယ်။ အသက်ရှူမမှန်ဖြစ်တယ်။ ချောင်းတအားဆိုးပြီး သလိပ်ထဲမှာ သွေးတွေပါလာမှာပဲဖြစ်တယ်။
နမီုးနီးယား (Pneumonia) ဟာ တကယ်တော့မွေးကင်းစကလေးတွေ၊ အသက်ကြီးတဲ့လူကြီးဝိုင်တွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေမှာဖြစ်တာများပါတယ်။ ပြင်းထန်နုမီုးနီးယားဆိုရင်အသက်အန္တရာယ်ရှိပါတယ်။ အဲဒီလူမျိုးကိုဆေးလိပ်ဖြတ်ခိုင်းရပါတယ်။ တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း(passive smoking)ဆေးလိပ်ငွေ့ရှူခြင်းတို့လည်း ရှောင်ရှားသင့်ပါတယ်။
(၄)နှလုံးသွေးကြောပိတ်နိုင်ပါတယ်။ စီးကရက်မီးခိုးမှာပါတဲ့အဆိပ်ဓာတ်တွေဟာနှလုံးခုန်မှုမမှန်မှုကိုဖြစ်စေပြီးနောက်ပိုင်းမှာနှလုံးသွေးကြောကျဉ်းလာတဲ့ဘက်ကိုဦးတည်ပါတယ်။ ဆေးလိပ်ငွေ့ဟာ အားကစားလုပ်နေချိန်ဖြစ်ဖြစ်၊ နားနေတဲ့အချိန်ဖြစ်ဖြစ်နှလုံးခုန်နှုန်းကိုမြန်စေပါတယ်။
တစ်နေ့ကိုစီးကရက်နည်းနည်းသောက်ခြင်းဟာနှလုံးနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်စေဖို့ လုံလောက်ပါတယ်။ နှလုံးရောဂါနဲ့သေဆုံးရသူတွေထဲက ၂၀ ရာခိုင်နှုန်း ဟာ ဆေးလိပ်သောက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ သန္ဓေတားဆေးတွေသုံးစွဲနေတဲ့အမျိုးသမီးဆိုရင် ဆေးလိပ်ကဆီးချိုဖြစ်စေဖို့ အားပေးပါတယ်။ဆေးလိပ်သောက်ခြင်းဟာ ပြင်းထန်တဲ့နှလုံးတိုက်ရိုက်ခံရမှုနူန်းကိုလည်း မြင့်တက်စေပါတယ်။
(၅) ဆီးချိုရောဂါဖြစ်စေတယ်။ ဘာမင်ဂမ်ကျန်းမာရေးစင်တာအလာဘားမား (Biminghaim medical Center Alabama) မှာ စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့နဲ့စမ်းသပ်မှုအရဆေးလိပ်သောက်သူ ၂၂ ရာခိုင်နှုန်းဟာ သွေးတွင်းသကြားဓာတ်မြင့်တက်နေတာကိုတွေ့ရပါတယ်။ ဒါဟာဆီးချိုဖြစ်တော့မယ်လို့ သတိပေးလိုက်တာပါပဲ။ အဖွဲ့ရဲ့ ၁၇ ရာခိုင်နှုန်းဟာ လုံးဝဆေးလိပ်မသောက်တတ်တဲ့သူတွေပါ။ ဒါပေမဲ့ ဆေးလိပ်သောက်သူတွေနဲ့နီးနီးကပ်ကပ်နေလေ့ရှိကြတယ်။ အဲဒီအုပ်စုမှာလည်း အဆိုပါလက္ခဏာတွေတွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ပြီးတဲ့သူတွေနဲ့ဆေးလိပ်လုံးဝမသောက်တက်သူတွေကိုနိူင်းယှဉ်လေ့လာရာ ၁၄ ရာခိုင်နှုန်းနဲ့ ၁၁ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲရှိကြပါတယ်ဆိုပါတယ်။
အဆိုပါသုတေသနကဆေးလိပ်ငွေ့ရှူရိူက်ခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းနဲ့ဆီးချိုရောဂါတို့ရဲ့ဆက်စပ်ပုံကိုသိသာစေပါတယ်။ ဆေးလိပ်ငွေ့ဟာပန်ကရိယ (Pancreas) မှာသွားစုစေပြီး ပန်ကရိယရဲ့လုပ်ငန်းဆောင်တာတွေကိုကျဆင်းစေပါတယ်။ အကျိုးဆက်ကဆီးချိုဖြစ်စေတယ်။ ဒါပြင်ဆီးချိုဝေဒနာရှင်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ခက်ခဲတာတွေ့ရတယ်။ ဆေးလိပ်မသောက်တတ်သူတွေနဲ့ယှဉ်လိုက်ရင်အင်ဆူလင်အသုံးပြုရာမှာလည်းပြဿနာဖြစ်ပါတယ်။ အခြားအန္တရာယ်ဖြစ်တဲ့ကျောက်ကပ်ရောဂါနာဗ့်ကြောထိခိုက်ရောဂါ၊ အာရုံကြောရောဂါဆီးချိုကြောင့်မျက်လုံးကွယ်တာမျိုးဖြစ်တတ်လို့ဆေးလိပ်ဖြတ်ခိုင်းခြင်း၊ အဆီနည်းတဲ့ အစားအစာ စားခိုင်းခြင်း၊ နေ့စဉ်လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုသင့်ပါတယ်။
အဝလွန်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်အချိုးအဆ ဘီအမ်အိုင် (BMI)(18.9-24.9) အတွင်းရှိသင့်ထားထက်ပိုများတဲ့အုပ်စုကိုခေါ်တာ ဖြစ်ပါတယ်။ ဘီအိမ်အိုင်ဆိုတာ အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း) နဲ့စားလို့ရတဲ့ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန်ထိန်းသင့်ပါတယ်။ မနက်စာနဲ့ နေ့လယ်စာအပြည့်အဝစားပြီး ညစာကိုစွပ်ပြုတ်တစ်ခွက်၊ ထမင်း ၁၂ ဇွန်း၊ အသီးအရွက်သုတ်တစ်ပွဲဆိုရင်လုံလောက်ပါတယ်။ အစာလျှော့စားတာက ရုတ်တရက်မလွယ်ပေမဲ့ တကယ်ပိန်ချင်ရင်ညနေဘက် အနေတော်အာလူးပြုတ်တစ်လုံးနဲ့ ဒိန်ချဉ်တစ်ခွက်ဆိုရင်လုံလောက်ပါတယ်။ အားကစားနဲ့ ထိန်းသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ အဆီကျဆေး၊ အတိုဘာစတင် (Atovastatin 20 mgHS) တစ်ညတစ်လုံး တစ်လသောက်(တစ်ပတ်နား)၊ တစ်လဆက်သောက်၊ တစ်ပတ်နား၊ ဆက်သောက်သင့်ပါတယ်။















