ဂျော်အိုဖေးလစ်နဲ့ အက်သလက်တီကိုရဲ့ အမုန်း

ဂျော်အိုဖေးလစ်နဲ့ အက်သလက်တီကိုရဲ့ အမုန်း
Photos: AFP
Photos: AFP
Published 9 December 2023
Chan Myae

ဖေးလစ်က အက်သလက်တီကိုမက်ဒရစ်မှာတုန်းက တစ်ရွာလုံးနဲ့ တစ်ယောက် အခြေအနေမျိုး ဖြစ်ခဲ့ပုံရတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ဂရီးဇ်မန်းနဲ့ ဆာအူလ်နီဂွက်ဇ်တို့ကလည်း မကြာသေးခင်ကပဲ ဖေးလစ်ရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အင်တာဗျူးမှာ ဖေးလစ်ရဲ့ ခြေစွမ်းမတည်ငြိမ်ရခြင်းနဲ့ ပတ်သက်ပြီး နည်းပြရဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ အားနည်းချက်တွေရှိခဲ့တဲ့ သဘောမျိုးပြောတယ်။ ဂရီးဇ်မန်းက "ခင်ဗျားအနေနဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့လာပြီဆိုရင် ဒီအသင်းကို နည်းပြတဲ့သူ ဘယ်လို အလုပ်လုပ်သလဲဆိုတာကိုတော့ ကောင်းကောင်းနားလည်ဖို့ လိုတယ်လေ။ ခင်ဗျား အနေနဲ့ အပြင်းအထန် ကြိုးစားဖို့လိုပြီး ဒီလိုမဟုတ်ရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဂျော်အိုဖေးလစ်က အရမ်းကောင်းတဲ့ ကစားသမားဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ပုံစံကို တစ်သမတ်တည်း ထိန်းထားနိုင်တဲ့ အပိုင်းမှာတော့ သူက မလုပ်နိုင်ခဲ့ဘူး။ သူ့ကို ကြည့်ရတာ စိတ်ညစ်နေပုံပေါက်ပြီး အက်သလက်တီကို မက်ဒရစ်ကစားသမားဆိုတဲ့ ပုံစံတောင် မပေါက်ခဲ့ဘူး" ဆိုပြီး သုံးသပ်ခဲ့တယ်။

 

Most Read

Most Recent