စပိန်တွေထဲက စပိန်နှစ်ယောက်

စပိန်တွေထဲက စပိန်နှစ်ယောက်
Photos: Getty Images
Photos: Getty Images
Published 9 December 2023
Wai Yan Aung

ဥရောပထိပ်သီးလိဂ်(၅) ခုထဲမှာ အီတလီနည်းပြက (၂၂)ဦးနဲ့ အများဆုံးဖြစ်နေပြီး စပိန်နည်းပြက (၂၁)ဦးနဲ့ ဒုတိယအများဆုံး ဖြစ်နေတာကို မြင်တွေ့ရမှာပါ။ ဒါပေမဲ့ အီတလီနည်းပြတွေက ပြည်တွင်းလိဂ်မှာ အဓိကနေရာယူထားခြင်း ဖြစ်တာကြောင့် ပြည်ပကို ဖြန့်ကြက်နိုင်မှုမှာတော့ စပိန်နည်းပြတွေက သာပါတယ်။ စပိန်နည်းပြတွေရဲ့ သတင်းစကားတွေကလည်း ပိုပြီးအသံထွက်နေပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းပေါ်က ဂွါဒီယိုလာနဲ့ အာတီတာ၊ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ဦး ဆောင်နေတဲဲ့ လေဗာကူဆင်အသင်းရဲ့ နည်းပြ ဇာဘီအလွန်ဆို၊ လာလီဂါမှာ ထိပ်သီးအသင်းတွေနဲ့ အပြိုင်ပြေးနေတဲ့ ဂျီရိုနာနည်းပြ မစ်ချယ်လ်တို့နဲ့ အတူ ပြင်သစ်ထိပ်သီး PSG အသင်းကို ပဲ့ကိုင်နေတာကလည်း စပိန်နည်းပြ အန်နရီကေးပါပဲ။ ဒီတော့ ဥရောပထိပ်သီးလိဂ်(၅)ခုထဲက (၄)ခုမှာ စပိန်နည်းပြတွေ စိုးမိုးထားနိုင်တာ ထင်ရှားနေပါတယ်။ အဲဒီထဲမှာမှ ဒီရာသီမှာ ပိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပြသလာတဲ့ စပိန်နည်းပြနှစ်ယောက်ကတော့ ပိုပြီးစောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ဇာဘီအလွန်ဆိုနဲ့ မစ်ချယ်လ်တို့ပါ။ 

 

Most Read

Most Recent