မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲ နယူးဒေလီတွင် ပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍအပါအဝင် နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲ နယူးဒေလီတွင် ပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍအပါအဝင် နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
Published 8 December 2023

အကြိမ် (၂၀) မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၆ ရက်က အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့ ဟိုက်ဒြာဘတ် အစိုးရဧည့်ဂေဟာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦး တက်ရောက်ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာဗီနေး မိုဟန်ကွာထရာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များနှင့်နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကောင်စစ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း            ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူမား၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ နယူးဒေလီမြို့နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဒေါက်တာ အက်စ်ဂျိုင်ရှန်ကာအား ဒီဇင်ဘာ ၆ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပြည်ပရေးရာဝန်ကြီး၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent