ဗယ်လ်ဗာဗာဒီရဲ့ငယ်ဘဝဟာ သိပ်ပြီး ဆင်းရဲခဲ့တယ်။ ခက်ခဲပင်ပန်းမှုတွေအပြည့်နဲ့ပေါ့။ ဒါပေမဲ့ ကျွန်တော်ငယ်ငယ်က သိပ်ဆင်းရဲခဲ့တာဆိုတဲ့ အသုံးအနှုန်းမျိုး သူ သိပ်မသုံးချင်ခဲ့ဘူး။ ကျွန်တော့် အမေနဲ့အဖေ နှစ်ယောက်စလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာလေဆိုတာမျိုးပဲ ပြောချင်တယ်။ ဗယ်လ်ဗာဒီရဲ့အဖေက ကာစီနိုရုံတွေမှာ လုံခြုံရေး အစောင့်လုပ်ခဲ့ရတယ်။ အမေက အဝတ်အစားအသုံးအဆောင်တွေ၊ ကလေးကစားစရာတွေကို တွန်းလှည်းကြီးနဲ့လိုက်ရောင်းတယ်။ တွန်းလှည်းကြီးဟာ မိန်းမသားတစ်ယောက်အတွက် သိပ်ပြီး မလွယ်လှဘူး။ ဒါပေမဲ့ သေးသေးသွယ်သွယ်၊ ပိန်ပိန်ပါးပါးနဲ့ ဗယ်လ်ဗာဒီရဲ့အမေဟာ ဘယ်လိုရာသီ ဥတုမျိုးမှာမဆို တွန်းလှည်းကြီးတွန်းပြီး ဈေးရောင်းထွက်ရပါတယ်။
■ ဗယ်လ်ဗာဒီလျှောက်ခဲ့တဲ့ အတိတ်ရဲ့လမ်း (၁)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။