အာဆီယံနိုင်ငံများ၏ ကုန်ထုတ်လုပ်မှုအခြေအနေ
နှစ်လကြာ ဆုတ်ယုတ်လာခဲ့မှုနောက် တွင် အာဆီယံထုတ်လုပ်မှုအခြေအနေများ သည် နောက်ဆုံး PMI ဒေတာအရဆိုပါက နိုဝင်ဘာလတွင် တည်ငြိမ်လာခဲ့ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် ထုတ်ပြန် သည့် S&P Global အာဆီယံထုတ်လုပ်မှု စစ်တမ်းတွင် ဖော်ပြထားသည်။
S&P Global သည် အဓိကအကျဆုံး အညွှန်းကိန်းဖြစ်သည့် ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း purchasing manager’s index (PMI) ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများရှိ ထုတ်လုပ်သူ စုစု ပေါင်း ၂၁၀၀ ခန့်ပါဝင်သည့်အဖွဲ့များမှ ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများထံပို့ပေးသည့် မေးခွန်းလွှာများအတွက် ရရှိခဲ့သည့်ဖြေကြား ချက်များကို အခြေခံတွက်ချက်ကြောင်း သိရ သည်။
ယခုနှစ်၏ အစောပိုင်းလများတွင် လုပ် ငန်းအသစ်များ တိုးရလာခြင်းနှင့် လက်ကျန် အလုပ်များကို ပြီးစီးအောင်လုပ်ပေးနိုင်မှုက နိုဝင်ဘာလတွင် စက်မှုထုတ်လုပ်မှုတိုးချဲ့နိုင် ရေးကို ပံ့ပိုးပေးခဲ့သည်၊ထို့ပြင် ထုတ်လုပ်မှုတိုး လာသည့်နှုန်းသည် သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာကြောင်း၊ သို့သော်လည်း အော်ဒါအ သစ်များရရှိမှုမှာ သုံးလဆက်တိုက် ကျဆင်း လာခဲ့ပြီး လက်ရှိဝယ်လိုအားအခြေအနေ အားပျော့မှုကို မီးမောင်းထိုးပြလိုက်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
အဓိကအကျဆုံးဖြစ်သော S&P Global အာဆီယံထုတ်လုပ်မှု PMIအညွှန်း ကိန်းသည် အောက်တိုဘာလ၏ ၄၉ ဒသမ ၆ မှနေ ပြီး နိုဝင်ဘာတွင် သုံးလအမြင့်ဆုံးဖြစ် သော ၅၀ ဒသမ ၀ သို့ တက်လှမ်းလိုက်ခြင်းဖြင့် အာဆီယံထုတ်လုပ်ရေးအခြေအနေများ တည်ငြိမ်နေခဲ့ခြင်းကို ညွှန်ပြနေသည်။
နိုင်ငံအလိုက် ဒေတာက အာဆီယံတွင် ပါဝင်ကြသည့် ခုနစ်နိုင်ငံအနက် သုံးနိုင်ငံထဲ က အခြေအနေများ တိုးတက်လာမှုကို မီး မောင်းထိုးပြနေသည်ဟု ဖော်ပြထားသည်။
အားအကောင်းဆုံး တိုးတက်ထုတ်လုပ် မှုကို မှတ်တမ်းတင်ခဲ့သည်မှာ ဖိလစ်ပိုင်ထုတ် လုပ်သူများဖြစ်ခဲ့ကြပြီး PMI အညွှန်းကိန်းကို ကိုးလအတွင်း အမြင့်ဆုံး ၅၂ ဒသမ ၇ တွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနှင့် စင်ကာပူတို့တွင် ထုတ် လုပ်မှုအခြေအနေများသည် နိုဝင်ဘာလတွင် PMI အညွှန်းကိန်း ၅၁ ဒသမ ၇ ဖြင့် တူညီ သောအသင့်အတင့်နှုန်းအဖြစ် တိုးတက်လာခဲ့ သည်။ အဆိုပါကာလအတွင်း အင်ဒိုနီးရှားနိုင် ငံတစ်ဝန်းက တိုးတက်ထုတ်လုပ်မှုနှုန်းသည် မြန်ဆန်လာသော်လည်း စင်ကာပူစက်ရုံများ ကမူ သုံးလအတွင်း ပထမအကြိမ်တိုးတက်မှု ကို မှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်သည်။
ယင်းကာလအတွင်း မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုလုပ်ငန်းအခြေအနေများ ပိုမိုမြန် ဆန်စွာ ကျဆင်းလာခဲ့မှုကို မှတ်တမ်းတင်ခဲ့ သော်လည်း ခြုံကြည့်လျှင် PMI အညွှန်းကိန်း ၄၈ ဒသမ ၁ ဖြင့် အသင့်အတင့်မျှသာ ဖြစ်ခဲ့ သည်။
မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ သည် ၁၅ လဆက်တိုက် အကျဘက်တွင် ရှိ နေကြောင်း၊ အဓိကအကျဆုံး အညွှန်းကိန်း မှာ ခုနစ်လအတွင်း အမြင့်ဆုံးဖြစ်သော ၄၇ ဒသမ ၉ သို့ မြင့်တက်သွားသော်လည်း ခြုံ ကြည့်လျှင် အခြေအနေများ အခိုင်အမာဆုတ် ယုတ်နေမှုကို အချက်ပြနေသည်။
ထိုင်းနိုင်ငံ၏အဓိကအကျဆုံး PMI အညွှန်းကိန်းမှာ ၄၇ ဒသမ ၆ ဖြစ်ပြီး နိုဝင်ဘာ တွင် မြင့်တက်လာခဲ့ခြင်းဖြစ်သော်လည်း လည်ပတ်မှုအခြေအနေများ လေးလဆက် တိုက် ကျဆင်းလာမှုကို မီးမောင်းထိုးပြနေ သည်ဟုလည်း ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ၏အဓိကအကျဆုံး PMI အညွှန်းကိန်းသည် နိုဝင်ဘာတွင် ငါးလ အတွင်း အနိမ့်ဆုံး ၄၇ ဒသမ ၃ သို့ အားပျော့ သွားခဲ့ခြင်းဖြင့် ထုတ်လုပ်မှုကဏ္ဍတစ်ဝန်း ကျဆင်းမှုအရှိန် ပိုရလာခဲ့သည်။
“၂၀၂၃ ခုနှစ် ကုန်ဆုံးဖို့ တစ်လပဲလို တော့တဲ့ နိုဝင်ဘာမှာ အော်ဒါအသစ်များ သုံး လဆက်တိုက်ကျဆင်းလာခဲ့ခြင်းက အာဆီ ယံထုတ်ကုန်များအတွက် လက်ရှိဝယ်လိုအား အခြေအနေတွေ ရှေ့ဆက်အားပျော့လာမှုကို အချက်ပြနေပါတယ်။ ဒါပေမဲ့ အခုနှစ်အစော ပိုင်းလတွေမှာ အလုပ်တွေစုစည်းခဲ့မှုက အာ ဆီယံထုတ်လုပ်သူတွေရဲ့ ထုတ်လုပ်မှုကို ဆက်ပြီး တိုးနိုင်အောင် ပ့ံပိုးခဲ့ပါတယ်”ဟု အာဆီယံကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။
ခြုံငုံသုံးသပ်ကြည့်ပါက အာဆီယံ ထုတ် လုပ်ရေးကဏ္ဍတစ်ဝန်း လည်ပတ်မှုအခြေအ နေများသည် နိုဝင်ဘာတွင် မပြောင်းမလဲရှိ နေခဲ့ခြင်းဖြင့် နှစ်လကြာခဲ့သည့် ကျဆင်းမှု ကာလကို အဆုံးသတ်ပစ်လိုက်သည်။
အာဆီယံ၏အဓိက PMI အညွှန်းကိန်း ၏ ဦးမော့မှုအတွက် အဓိကတွန်းအားမှာ နို ဝင်ဘာလတွင် စက်မှုထုတ်လုပ်မှုအားကောင်း စွာ တိုးလာမှုဖြစ်သည်။ အာဆီယံကုန်စည် ထုတ်လုပ်သူတို့သည် ၂၀၂၁ ခုနှစ် အောက် တိုဘာမှစပြီး မိမိတို့၏ ထုတ်လုပ်မှုပမာဏ များကို လစဉ်တိုးချဲ့နိုင်ခဲ့သည်။ စက်ရုံများ ၏ ထုတ်လုပ်မှုတိုးလာမှုကို အဓိကအားဖြင့် ပံ့ပိုးပေးခဲ့သည်မှာ ၂၀၂၃ ခုနှစ်၏ ပထမ ၆ လပိုင်းအတွင်း စုစည်းမိလာသည့် လက်ကျန် အော်ဒါများကို ပြီးအောင်လုပ်နိုင်ခဲ့ခြင်းဖြစ် ကြောင်း စစ်တမ်းဒေတာက ထောက်ပြထား သည်။
မှောင်ရိပ်သန်းလျက်ရှိနေဆဲမြန်မာ့ကုန်ထုတ်လုပ်ငန်းများ
မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ ၂၀၂၃ ခုနှစ် ကုန်ဆုံးရန် တစ် လအလိုတွင် ဆိုးရွားလာနေကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အ ညွှန်းကိန်းများ အစီရင်ခံစာတွင် ဖော်ပြထား သည်။
S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့်ဖြေကြားချက်များကို အခြေခံပြီး တွက် ချက်ထားခြင်းဖြစ်သည်။
နိုင်ငံ့မြောက်ပိုင်းရှိ ပြည်နယ်များတွင် တိုက်ခိုက်မှုများ အသစ်တစ်ဖန်အရှိန်မြင့်လာ မှုက ရှိနှင့်ပြီး ဝယ်လိုအား အားပျော့နေခဲ့သည့် အခြေအနေကို ပိုမိုခက်ခဲလာစေခဲ့ပြီး ကုမ္ပဏီ အများအပြားက ဖောက်သည်များထံတွင် ငွေ ရေးကြေးရေးအခက်အခဲများရှိနေကြောင်း အစီရင်ခံကြသည်ဟု သိရသည်။
“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍဟာ နိုဝင်ဘာလတွင် အဓိက PMI အညွှန်းကိန်း အကျဘက်နယ်ပယ်ထဲကို ရှေ့ဆက်လျှော ဆင်းသွားခြင်းက ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး သုံးလပတ်ကို မဝံ့မရဲခြေလှမ်းတွေနဲ့ ဆက် လိုက်ခြင်းပါပဲ။ ဒီလရဲ့ဒေတာက နိုင်ငံ့မြောက် ပိုင်းဒေသတစ်ဝန်း လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာမှုဟာ ထုတ်လုပ်ရေးကဏ္ဍအ ပေါ် သက်ရောက်နေတာကို မီးမောင်းထိုးပြ လိုက်ပါတယ်” ဟု S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။
စက်ရုံအော်ဒါများနှင့် ထုတ်လုပ်မှုများ ကျဆင်းလာမှုကို မှတ်တမ်းတင်ခဲ့ကြပြီး ကုမ္ပဏီများသည် နိုဝင်ဘာလတွင် မိမိတို့၏ ဝယ်ယူ ရေးလုပ်ငန်းများကို တစ်ဟုန်ထိုးလျှော့ချခဲ့ ကြသည်။
ထို့ပြင် ကုန်ကြမ်းရှားပါးမှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများက မပြီးဘဲကျန်နေသည့်အလုပ်များ သိသိသာသာ တိုးလာခဲ့ သည်။ လုပ်ငန်းလည်ပတ်မှု စရိတ်စကများ နိုဝင် ဘာတွင် လျင်မြန်စွာ တက်လာခဲ့သည်။ သို့ သော် ရောင်းစျေးများမှာမူ သင့်တင့်သည့်နှုန်း ဖြင့်သာ တက်သွားခဲ့ပြီး အချို့နေရာများတွင် အော်ဒါအသစ်များကို မြှင့်တင်ပေးရန် အား ထုတ်သည့်အနေနှင့် ကုမ္ပဏီများက မိမိတို့၏ ကုန်စည်များကို လျှော့စျေးကို ကမ်းလှမ်းခဲ့ ကြသည်ဟု စစ်တမ်းက ဆိုသည်။
အကျဘက် နယ်ပယ်ထဲသို့ နက်ရှိုင်းစွာ ကျဆင်းလာသော အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း - ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေး သောအညွှန်းကိန်းကို နိုဝင်ဘာလတွင် ၄၈.၁ တွင် မှတ်တမ်းတင်လိုက်ခြင်းဖြင့် အောက်တို ဘာတွင်ဖြစ်ပေါ်ခဲ့သည့် ၄၉.၀ ထက် ကျဆင်း သွားခြင်းဖြစ်သည်။ ယင်းအညွှန်းကိန်းသည် ယခုနှစ်ထဲတွင် အနိမ့်ဆုံးမှတ်တမ်းဖြစ်သည်။
စက်မှုထုတ်လုပ်မှုသာမက စက်ရုံအော် ဒါများပါ သုံးလဆက်တိုက် နိမ့်ဆင်းလာခဲ့ပြီး ယင်းကျဆင်းမှုနှုန်းမှာ ၂၀၂၂ ဒီဇင်ဘာမှစပြီး အမြန်ဆုံးဖြစ်လာသည်။ ဖောက်သည်များ ရင်ဆိုင်ကြရသည့် ကြွေးဆပ်ရေးပြဿနာမှာ အော်ဒါရရှိမှု ကျဆင်းလာရမှု၏အဓိကအ ကြောင်းရင်းဖြစ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ဒေသအနှံ့တွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်လာခြင်း ကပါ ဝယ်လိုအားအခြေအနေကို အားနည်း လာစေခဲ့သည်။ အကျိုးဆက်အဖြစ် အော်ဒါ အသစ်များ ကျဆင်းလာမှုက ထုတ်လုပ်သူတို့ အား ထုတ်လုပ်မှုလျှော့ချရန် တွန်းအားပေးလာ ခဲ့သည်ဟုလည်း စစ်တမ်း၌ ထောက်ပြထား သည်။
လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာမှု က ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုကြီးထွားလာစေခဲ့သည်။ ကုမ္ပဏီအချို့က ကုန်သွယ်ရေးလိုင်စင်ရယူရန် ကြိုးစားနေချိန် တွင် အခြားတစ်ဖက်တွင် လုပ်ငန်းရှင်တို့က ကုန်ကြမ်းရှားပါးနေပြီး ပို့ဆောင်ရေးအခက် အခဲများ ရှိနေကြောင်း အစီရင်ခံခဲ့ကြသည်။
နိုဝင်ဘာဒေတာက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ၏အခြေအနေ ပိုမိုခဲယဉ်းနေ ခြင်းကို မီးမောင်းထိုးပြထားသည်။
ခြုံငုံသုံးသပ်ကြည့်လျှင် ကုန်ကျစရိတ် များ တစ်ဟုန်ထိုးတက်လာသည်။ လက်နက် တိုက်ခိုက်မှုများ အရှိန်ပိုမြင့်ခဲ့ခြင်းကြောင့် ပို့ ဆောင်ရေးစရိတ်များ ပိုမိုမြင့်တက်လာပြီး ကုန် ကြမ်းပစ္စည်းများ ရှားပါးမှု ပိုမိုပြင်းထန်လာခဲ့ သည်။
အချို့သော ကုမ္ပဏီများက ဒေါ်လာ ကျပ်ငွေလဲလှယ်နှုန်း ကျဆင်းလာခြင်းက လည် ပတ်မှု ကုန်ကျစရိတ်များ တွန်းတင်ပေးခဲ့ ကြောင်းကိုပါ ထောက်ပြကြကြောင်း၊ သို့သော် လည်း မိမိတို့၏ ကုန်ကျစရိတ်များကို စျေးဝယ် များအပေါ်သို့ လွှဲချရန် ရွေးခဲ့ကြသည့်ကုမ္ပဏီ နည်းခဲ့ပြီး ကုမ္ပဏီအချို့ကမူ လျှော့စျေးဖြင့် တိုးတက်ရောင်းချနိုင်ရန် စီစဉ်ခဲ့ကြသည်ဟု သိရသည်။
“မကြာသေးမီက အကြမ်းဖက်မှုတွေ ပို အရှိန်မြင့်လာနေပြီး နိုင်ငံရေးအခြေအနေပို ပြီး မရေမရာဖြစ်လာနေလျက် ငွေကြေးဖောင်း ပွမှုဆိုင်ရာ ဖိအားပေးမှုတွေ အားကောင်းနေ ကာ နိုင်ငံတကာအခြေအနေ အခြေမသာတဲ့ အခြေအနေမျိုးထဲမှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ် မှုကဏ္ဍအတွက် အနာဂတ်ဟာ အတော်က လေး မှောင်ရိပ်သန်းလျက် ရှိနေဆဲပါပဲ” ဟု S & P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ ထားသည်။