ရုရှားအခက် ၊ တရုတ်အချက်

 ရုရှားအခက် ၊ တရုတ်အချက်
Published 3 December 2023
ကြယ်စင်ဖေသင် 

(၁)

ရုရှားနိုင်ငံ၏စီးပွားရေးနှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များသည် တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက် ရေးလမ်းကြောင်းဆီသို့ဦးတည်လာနေကြသည်ဟု     သုတေသီအချို့ကဆိုသည်။   ရုရှားနိုင်ငံ သည် တရုတ်နိုင်ငံကလိုအပ်နေသည့်  သယံဇာတများ  ကို ပံ့ပိုးပေး  နိုင်သည့် အရင်းအမြစ် ဒေသ တစ်ခု အဖြစ်သို့ရောက်ရှိလာနေသည် ဟု သဘောပေါက် သူများလည်း ရှိ နေ ကြ၏။  

 

တရုတ်နိုင်ငံ၏ ကမ္ဘာ့နိုင်ငံရေးယုတ္တိဗေဒကို အကဲခတ်ကြည့်သည့်အခါ  ကျိုးကြောင်းဆီလျော်မှု ( Rationality)၊  ဂိမ်းသီအိုရီ ( Game Theory)၊ ရွေးချယ်မှုသချင်္ာဗေဒ( Mathematics of Choice) တို့အပေါ် အခြေခံ တည်ဆောက်ထား ကြောင်း သည့်ရှင်းရှင်းလင်းလင်းတွေ့နေရသည်။ အကျိုးဖြစ်ထွန်းမှု၊ ပေးဆပ် ရမှု( ကုန်ကျမှုစရိတ်စက များ) နှင့် ဖြစ်နိုင်ခြေ ၊ဖြစ်တန် စွမ်း များအားလုံးသည်     ရှုထောင့် သုံး ခု မြင့်နိုင် သည့်  ကိုသြဒီနိတ် စနစ် ( the basic three-dimensional coordinate system ) ကဲ့သို့ရှိ သည် ဟု ယူဆ ကြသည်။ ထိုအခြေ အနေများသည် တရုတ် လူအဖွဲ့ အစည်းက လက်ခံလိုက်နာနေသည့် တရုတ် အတွေးအခေါ် ပညာရှင် ကွန်ဖြူးရှပ်နှင့်လောင်ဇူးတို့၏ အတွေးအခေါ်အယူအဆအမွေအနှစ်များ နှင့် ဆက်စပ် မှုရှိနေသည်ဟုလည်းယူဆကြသည်။  

(၂)

တရုတ်လူ့အဖွဲ့အစည်းတွင် ယခင်ကရှိခဲ့သော ရှေးဟောင်း အယူအဆ၊အတွေးအခေါ်များအပေါ် ထပ်မံ ဖြည့်စွက်မှုများ၊  ဖယ် ရှားစွန့်လွတ်မှုများသည်တရုတ်နိုင်ငံရေး အဆင့် အပေါ် သက်ရောက် စေ သည် ဟုယူဆကြသည်။အဘယ့်ကြောင့်ဆိုသော်  တရုတ်လူ့ အဖွဲ့ အစည်း က မျှော်လင့် ထား သည့် ရလဒ် အပေါ် စေ့ဆော်တွန်းအားပေးမှုများနှင့်    အဟန့် အတားများ ဖြစ်စေ သောကြောင့်ဖြစ်သည် ။ထိုအခြေ အနေများသည်တရုတ်လူအဖွဲ့အစည်းအတွက်စရိတ်စကများ သို့မဟုတ် အကျိုးအမြတ်များ ဖြစ်စေ သည် ဟု တရုတ်လူမျိုး အများ စု က လက်ခံထား ကြသည်။ 

လက်ရှိအခြေအနေမှာ နိုင်ငံရေးအတွေးအခေါ်ပညာရှင် စာရေးဆရာမ ဟာနာအားရန့် ( Hannah Arendt) အဓိပ္ပါယ် ဖွင့်ဆိုထားသည့် မီးစတစ်ဖက်၊ရေမှုတစ်ဖက် အာဏာရှင်စနစ် ( Totalitarianism  ) နှင့်အာဏာရှင်စနစ်(authoritarianism)၏ အခြားသော လက်ခံနှစ်သက်စရာများဆီသို့ ဦးတည့်နေ သည့် အဆင့်တစ်ခုဖြစ်သည်။စိတ်ပျော်ရွှင်ကျေနပ်မှုအပြည့်အဝဆုံးရရှိနိုင်ရေးအတွက်  လုံးလုံးလျားလျား အသုံးချ  နိုင်မှု ဝါဒသန့်သန့် ( absolute utilitarianism)   ပင်ဖြစ်သည်ဟုဆိုသည်။ယေဘုယျအား ဖြင့်ဆို ရ လျှင် ရာစုနှစ်များစွာတည်ရှိခဲ့သည့် အာရှလူ့ အဖွဲ့အစည်း တည်ရှိမှု ၏  စံနှုန်း လည်းဖြစ်သည်။  

(၃)

တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးတွင်ဦးဆောင်ခဲ့ပြီး  တရုတ်နိုင်ငံ၏ခေတ်သစ်ကိုထူ ထောင်ခဲ့ သည့်ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်(Deng Xiaoping)သည် ပြုပြင်ပြောင်းလဲရေးကာလ အတွင်း အနောက်တိုင်း အင်စတီကျူးရှင်းများ အတုယူလုပ်ဆောင်ခဲ့ခြင်းများရှိခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည်    နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးလမ်းကြောင်းနှစ်ခုပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင်အရေးကြီးသောသမိုင်း မှတ်တိုင် တစ်ခု ဖြစ်ခဲ့ သည်။  ထိုသို့လုပ်ကိုင်ခဲ့သော  ဆုံးဖြတ် ချက်သည် "အမြတ် အစွန်းရနေသရွေ့ ( ကျွန်ုပ်တို့ အတွက် အကျိုးရှိနေ့သရွေ့) ကျွန်ုပ်တို့ ဘာကိုပဲလုပ်ရ၊ လုပ်ရ  ဂရုမစိုက်ပါ”  ( we don’t care what we do , as long as it is profitable") ဟူသော အသုံးချနိုင်မှု အတွေးအခေါ်(utilitarian philosophy ) အပေါ်တွင်အခြေခံထားခြင်းဖြစ်သည်။ တရုတ်လူ့ အဖွဲ့အစည်း သည် ထိုအတွေးအခေါ် လက်ကိုင်ထား နေဆဲဖြစ်သည်ကို သတိပြုမိသည်။ လူသားဆိုင်ရာလေ့လာမှု မနုဿဗေဒ အမြင်အရ   ထိုအတွေးအခေါ်၊အယူအဆ သည်အထူးအဆန်းမဟုတ်ပေ။တရုတ်လူ့အဖွဲ့အစည်းတွင်မျိုးဆက်ကျော်   ဖြစ်ပေါ်လာသော   မျိုးရိုး လက္ခဏာ ပြန်ပေါ်လာ ခြင်း ( atavism  )ဖြစ်သည်ဟုဆိုသည်။

အသုံးချနိုင်မှုဝါဒသည်နည်းပရိယာယ်ဖြစ်သောကြောင့် (ထိခိုက်မှု)အန္တရာယ်ရှိနိုင်သည်။ မဟာ ဗျူဟာ အရ  အပြုအမူတိုင်းအတွက်  ကုန်ကျမှု (ပေးဆပ်ရမှု)ကို ကြိုတင် စဉ်းစားထားဖို့လို မည်။   ဆင့်ကဲ ပြောင်းလဲ ဖြစ်ပေါ် မှု သဘောသဘာဝ  မှတဆင့်   ရေရှည် အကြောင်း အကျိုး ဆက်စပ်မှု များ ( long cause-effect relationships ) ကိုလည်းထည့်သွင်း စဉ်းစားထား ရမည်။ လုပ်ဆောင်မှုသည် ချက်ခြင်း သက် ရောက် မှုအနေဖြင့် ယခုချက်ခြင်းမဖြစ်နိုင်သည်များရှိနေသည့်တိုင် နောင်ကာ တစ်ချိန်မဟုတ် တစ်ချိန် ( ကြာချင်လည်းကြာနိုင်သည်၊ သိပ်မကြာသည့် အချိန် အတွင်း မှာ လည်း ဖြစ်နိုင်သည်) တွင် သက်ရောက်မှုရှိလာနိုင်သည်။  အကောင်း၊ အဆိုးများတွင်လည်း အပြောင်း အလဲ များရှိလာနိုင်သည်။ 

(၄)

ယေဘုယျအားဖြင့် တရုတ်နိုင်ငံသားအထက်တန်းလွှာလူတန်းစားများ လက်ခံကျင့်သုံးနေသော နိုင်ငံရေးဒဿနသည် ပုံသေကားချပ်မဟုတ်။   သင့်လျော်သလိုပြောင်းလဲလှုပ်ရှားနိုင်သည့် အခြေအနေ မျိုးရှိ သည်။  ပို၍တိတိကျကျပြောရလျှင်  အသုံးချနိုင်မှု နည်းပရိယာယ် (utilitarian tactics) နှင့်   ဆင့်ကဲ ပြောင်းလဲမှုမဟာဗျုဟာ (  evolutionary strategy ) နှစ်ခု ကြားတွင် အခြေအနေနှင့် အချိန်အခါကို လိုက် ၍ ပြောင်းလဲနိုင်သည့်စွမ်းရည်ဖြစ်သည်။သတိပြုရမည်မှာ ရလဒ်များက ထင်ဟပ်နေသည့် အခြေ အနေ ဖြစ်သည်။တစ်ဖက်တွင် ထူးကဲသောစီးပွားရေးအောင်မြင်ထိုးဖောက်မှုများရှိနေသော်လည်း၊ အခြား တစ်ဖက်တွင် အာဏာရှင်ဝါဒချဲ့ထွင်လာမှု၊အာဏာအပြည့်အဝရယူထားမှုနှင့် ဆက်စပ်ဖြစ်ပေါ်လာ သော၊ နိုင်ငံရေးတု့န်ပြန်မှုများ၊ဖွံ့ဖြိုးတိုးတက်မှုအတွက် မမြင်ရသည့်အတားအဆီးများ ၊အလယ် အလတ် ဝင်ငွေ ထောင် ချောက် တို့က ရှိနေ သည်။ 

(၅)

ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတွင်တရုတ်နိုင်ငံ၏ နည်းဗျူဟာနှင့်မဟာဗျူဟာကို ထင်ထင်ရှားရှား တွေ့ နိုင် သည်။ သုတေသီအချို့က     ၁၉  ရာစုက အင်အားကြီးနိုင်ငံများ၏ ကိုလိုနီနယ်မြေ သိမ်း ပိုက် မှု နှင့် ဆက်စပ်စဉ်းစားကြသည်။ နယ်မြေသွားရောက်သိမ်းပိုက်ခြင်း မရှိသော်လည်း တရုတ်နိုင်ငံ သည်  ရုရှားကိုတရုတ်နိုင်ငံ၏ ကိုလိုနီနယ်မြေသဖွယ်သုတေသီအချို့ရှုမြင်သုံးသပ်ကြသည်။   နိုင်ငံ တစ် နိုင်ငံ ကို လွှမ်းမိုးချုပ်ကိုင် ကိုလိုနီပြုသည့် နိုင်ငံနှင့်  လွှမ်းမိုးအုပ်ချုပ်ခြင်းခံရသည့် ကိုလိုနီအပြုခံနိုင်ငံ  တို့ ကြား ခြားနားရလဒ်လေ့လာကြည့်ရာတွင်  လွှမ်းမိုးချုပ်ကိုင်မှုပြုသောနိုင်ငံသည် အကျိုးဖြစ်ထွန်းမှု အလွန် အမင်း များပြားပြီး၊  လွှမ်းမိုးအုပ်ချုပ်ခြင်းခံရသော ကိုလိုနီ   နိုင်ငံသည် ပေးဆပ်ရမှု (ကုန်ကျစရိတ်)များပြား၊ မြင့် တက်မှုရှိနေခြင်း သည်ကိုတွေ့ခဲ့ရ သည်။ 

(၆)

 ၁၉ရာစုကာလများက အင်အားကြီးနိုင်ငံများသည် စစ်အင်အား၊လူအင်အား၊ငွေကြေးအင်အား အကုန်ကျခံ၊ စစ်ပွဲများ ဖန်တီးကာ ကိုလိုနီနယ်မြေသစ်များသိမ်းပိုက်၍  ကိုယ်ကျိုးစီးပွားရှာခဲ့သည်မှာ ထင်ထားသလောက် အလုပ်မဖြစ် ခဲ့ကြောင်း   အတွေ့အကြုံ များက သက်သေပြခဲ့ပြီးဖြစ် သည်။ ၂၁ ရာစုတွင်လက်တွေ့မြေပြင်တွင် စစ်ပွဲများဆင်နွဲခြင်းမပြု၊    ထိုင်ရာမထဘဲ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်မှု နည်းလမ်းများဖြင့် ကိုလိုနီနယ်မြေ ဖန်တီးနိုင်နေပြီလော။နေရာအနှံ လှည့်လည်သွားကာ တွေ့ရှိသည့် ခရီးသည်များထံမှ ပစ္စည်းလုယူသည့်ဓားပြထက်   တစ်နေရာတွင် အတည် တကျနေ ရာ ယူကာ ခရီးသည်ကိုစောင့်ဆိုင်း၍ ပစ္စည်းလုယူသည့် ဓားပြ ( sedentary bandit)က    ပို၍ အကျိုးစီးပွား ဖြစ်သည်ဟူသောသဘောကိုဥပမာထား စဉ်းစားကြသည်။(စရိတ်စကနည်းနည်းဖြင့် အကျိုး ဖြစ်ထွန်း မှုများသည်ဟုဆိုလိုခြင်းဖြစ်သည်)   လူတို့ နေ့စဉ် ဘဝသက်မွေး ဝမ်းကျောင်း လုပ်ဆောင်မှု များ တွင် လည်း ထိုအ ချက် သည် မဟာဗျူဟာပင် ဖြစ်သည်။ ယခု တရုတ်နိုင်ငံသည် ရုရှားနှင့်ပတ်သက်၍ ထိုဗျူဟာကိုသုံး နေပြီး လော။    အံ့ဩစရာမရှိ။   သဘာဝပင်ဖြစ်ပေသည်။   

(၇)

ထုတ်လုပ်မှုပမာဏကြီးမားသော၊ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအဆောက်အအုံဖြစ်လာသည့် တရုတ်နိုင်ငံ အတွက်  “စရိတ်စက အသက်သာဆုံး၊ အကျိုးအမြတ်အများဆုံး ရရှိရေးရည်မှန်းချက်သည် ၎င်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာပင်ဖြစ်လိမ့်မည်။     ရုရှားနိုင်ငံရင်ဆိုင်နေရသော  စီးပွားရေး ၊ကုန်သွယ်ရေး အခက်အခဲများသည်    တရုတ်နိုင်ငံ၏ မဟာဗျူ ဟာ အချက်နှင့် အံ့ကိုက်ဖြစ် သွားခဲ့ပြီလော။  စူပါပါဝါရုရှားသည် ယခုအချိန်တွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားမဟာဗျူဟာ ခွင်(ဂွင်)ထဲ တွင်  အတိုင်းအတာတစ်ခုရောက်ရှိနေပြီဟု သုံးသပ်ကောက် ချက် ချ နေကြသည်။  ။   

https://www.eurasiareview.com/