ရှမ်းပြည်နယ်မြောက်ပိုင်းက လတ်တလော ဂယက်များနှင့်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အခြေအနေ

ရှမ်းပြည်နယ်မြောက်ပိုင်းက လတ်တလော ဂယက်များနှင့်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အခြေအနေ
(၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလကျောင်းတိုက်အတွင်း နိုဝင်ဘာ ၂၂ ရက်က  Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ်
(၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလကျောင်းတိုက်အတွင်း နိုဝင်ဘာ ၂၂ ရက်က Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ်
Published 26 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာ-တရုတ်နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၌ ကုန်သွယ်ရေးပြတ်တောက်ကာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း လုပ်ငန်းရှင်များထံမှ ရရှိသော သတင်းများအရ သိရသည်။

“ကျွန်မတို့ရဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ CMP  ကို နိုင်ငံတော်အနေနဲ့ အထူးအခွင့် အရေးပေးထားတဲ့အတွက် ကျွန်မတို့ သွင်း လာတဲ့ကုန်ပစ္စည်းတွေ ပြန်ထွက်တဲ့ကုန် ပစ္စည်းတွေ အကောက်ခွန်ကင်းလွတ်ခွင့်ရှိ တယ်။ commercial Tax   ကင်းလွတ်ခွင့်ရှိ တယ်ဆိုတော့ ဝင်တာထွက်တာက သိပ်အ ခက်အခဲမရှိဘူး။ တစ်ခါတရံမှာ  အဆင်မသင့် လို့ case by case ရှိရင်လည်း  ဖြေရှင်းရ တာ လွယ်တယ်ပေါ့နော်။ဒါပေမဲ့လောလောဆယ်မှာ နယ်စပ်မှာဖြစ်တဲ့အခြေအနေကို ကျွန်မအဲဒီနေ့က တင်ပြခဲ့ပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်ဒေါ်ခိုင်ခိုင်နွယ်က ပြောကြား သည်။

နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့ အဆင် ပြေချောမွေ့စွာ ရောက်ရှိရေးအတွက် အ ကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်နှင့် သက် ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ CMP လုပ်ငန်းရှင်များနှင့် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၉ ရက်က အကောက်ခွန်ဦးစီးဌာန အ စည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ဦးဆောင်သော CMP လုပ်ငန်းရှင်များမှ နယ်စပ်ဂိတ်များမှတစ်ဆင့် တင်သွင်းလာသည့် ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့ အဆင်ပြေချော မွေ့စွာ ရောက်ရှိရေး၊ နယ်စပ်တွင် ကြန့်ကြာ နေ သော ကုန်စည်များ ၏ အခြေအနေများ၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းစဉ်များ၊ သွင်းကုန်လိုင်စင်ကိစ္စရပ်များကို တင်ပြခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများနှင့် CMP လုပ်ငန်းရှင်များ ရှေ့ဆက်ဆောင်ရွက်မည့် လုပ် ငန်းစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

“ရလဒ်ကောင်းတစ်ခု ရလာတယ်။ ကျွန်မတို့ရဲ့ ကုန်စည်တွေကို သူ့ရဲ့အလုပ်ရုံ စက်ရုံထဲကို ချောချောမောမောပြန်ရောက် နိုင်မယ့်နည်းပေါ့နော်။ ဆွေးနွေးကြတာ ဖြစ် ပါတယ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း လတ်တလောလုံခြုံရေးအခြေအနေများအရ မြန်မာ-တရုတ် ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊ တင် သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိသည်။

အဆိုပါကာလအတွင်း ကုန်သွယ်မှု လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေ ရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေ ဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့မှတစ် ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြု ချက်ရရှိပြီးသောပစ္စည်းများအား မြန်မာ-တ ရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အ ခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်း ပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ် သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါ ကလည်း ပြောင်းလဲခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန် ထားသည်။

အလားတူ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် နယ်စပ်မှတင်သွင်းရန် သွင်းကုန် လိုင်စင်ခွင့်ပြုချက်ရရှိပြီးသောပစ္စည်းများ အား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ် ရေးစခန်းမှမဆို စခန်းပြောင်းလဲခွင့်ပြုပေး သွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင် သွင်းလိုပါက ကိစ္စရပ်တစ်ခုချင်းအပေါ်မူ တည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အ သိပေးကြေညာထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီး လွိုင်ကောင်းမှုစခန်းကုန်း နှင့် ၁၀၅မိုင် တပ်စခန်းကုန်းတို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ကုန်သွယ်ရေး ဇုန်အတွင်း မိုင်းယုကျေးရွာဒေသခံများ ပိတ် မိခဲ့သည့်ဖြစ်စဉ်များရှိခဲ့ကြောင်း သိရ သည်။

“မနေ့ နေ့လယ်နဲ့ ညက တပ်ကုန်းဘက် မှာရော၊ ဘုရားကုန်းဘက်မှာရော ဒရုန်းတွေနဲ့ ဗုံးလာချတာ။ သေနတ်သံတွေလည်း ဆူညံ နေတာ။ ညကလည်း တစ်ညလုံးမအိပ်ရဘူး။  ရွာထဲက လူတချို့ အပြင် ထွက်ကြည့်တာတော့ ရှိတယ်။ အိမ်ထဲမှာ ဝပ်နေတဲ့သူတွေက ဝပ် နေကြတာ။ ကျွန်တော်တို့က ဘယ်ဘက်မှ စစ် ရှောင်လို့ မရဘူး။ တုန်ခံဘက်မှာလည်း ပိတ် ထားတော့ မူဆယ်ဘက်သွားလို့မရဘူး။ အား လုံး ပိတ်မိနေတယ်”ဟု မိုင်းယုကျေးရွာ ၊ ၁၀၅ မိုင်တွင် နေထိုင်သူတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်သည် တရုတ်-မြန်မာ အဓိက ကုန်စည်ကူးသန်း ရောင်းဝယ်ရာ မြန်မာနိုင်ငံ၏ အကြီးဆုံး နယ် စပ်ကုန်သွယ်ရေးဇုန်ဖြစ်ပြီး ကူသန်းရောင်း ဝယ်မှုတွင် တိုင်းပြည်၏ အခွန်အခ အများဆုံး ရှာဖွေပေးနေသောဇုန်လည်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တို ဘာ၂၇ ရက်မှစတင်၍ တိုက်ပွဲကြီးငယ်များ ဖြစ်ပွားခဲ့သဖြင့် တရုတ်-မြန်မာ နယ်စပ် ကုန် သွယ်ရေး ရပ်တန့်နေခြင်းဖြစ်သည်။

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမ ကြီး ပိတ်ထားသဖြင့် ဖရဲသီးနှင့် သခွားမွှေး သီးများကို ကချင်ပြည်နယ် လွယ်ဂျယ်နှင့် ရှမ်း ပြည်နယ်အရှေ့ပိုင်း တာလော့နယ်စပ် ဂိတ် များဘက်မှတစ်ဆင့် တရုတ်ဘက်သို့ ရောင်း ချနိုင်ရန် ကြိုးစားနေကြောင်း ဖရဲသ ခွား စိုက် တောင်သူများထံက သိရသည်။

 “အခု ကျွန်တော်တို့ လွယ်ဂျယ်ဂိတ်နဲ့ တာလော့ဂိတ်များကနေ တရုတ်ဘက်ကို ရောင်းချနိုင်အောင် စမ်းသပ်ပြီး သွားနေပါ တယ်။ တချို့ကားတွေပေါ့။ ဗန်းမော်ဘက်မှာ ပိတ်မိပြီး လွယ်ဂျယ် မရောက်သေးဘူး။ တာ လော့ဘက်ကတော့ တရုတ်ရဲ့ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေပါတယ်။ အခုက အသီးတွေ ပေါ်တော့ တောင်သူတွေကလည်းခူးချင်နေပြီ။ မြောက်ပိုင်းလမ်းကလည်း ပိတ်ထားတော့ စျေးကွက်အတွင်း မှီခိုနေရသူ နေ့စားအလုပ် သမားကအစ တောင်သူတွေအထိ သက် ရောက်မှုရှိနေပါတယ်” ဟု တောင်သူတစ်ဦးက The Daily Eleven  သတင်းစာသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားသည်။

တာလော့နယ်စပ်ဂိတ်ဘက်၌ ဖရဲသခွား များ ယခင်က စျေးကောင်းရရှိသော်လည်း လမ်းခရီးကြာမြင့်ခြင်း၊ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်ခြင်းနှင့် တရုတ်ဘက်မှ ခွင့်ပြု ချက်ရအောင်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းတို့ကြောင့် ဆုံးရှုံးမှုများနေကြောင်း သိရသည်။

“ မူဆယ်ပြန်သီးတွေခေါ်တာပေါ့။ လမ်း တွေပိတ်ထားတော့ မိုင်းလားဘက်ပို့ဖို့ကြိုး စားတာ။ လမ်းခရီးမှာ ကြာမြင့်တာကတစ် ကြောင်း၊ တရုတ်အစိုးရကဝင်ခွင့်မပေးသေး တာကတစ်ကြောင်း ကားပေါ်မှာပါ တဲ့ အသီး တွေ တော်တော်ပျက်စီးတယ်။ ဆုံးရှုံးတယ်။ မနှစ်က ဖရဲသခွား စိုက်တောင်သူတွေနည်း တော့ အမြတ်များများရလိုက်တယ်။ ဒီနှစ် ဖရဲသခွားစိုက်တောင်သူတွေက မနှစ်က အခြေအနေကိုကြည့်ပြီး အားလုံးနီးပါးပြန်စိုက် ကြတယ်။ အခု ရှမ်းမြောက်စစ်ပွဲနဲ့ အောက်ပိုင်း မှာ ရေကြီးရေလျှံဖြစ်ခဲ့တာရယ်နဲ့ဆို တောင်သူ တော်တော်များများတင်မကဘူး ရန်ကုန်က ပွဲစားတွေပါ ဆုံးရှုံးနေရတယ်။ စရန်တွေအဆုံး ခံ‌နေရတယ်” ဟု ဖရဲသခွားစိုက်တောင်သူတစ် ဦးက ပြောကြားသည်။

ယခုအချိန်၌ ရှမ်းပြည်နယ်အတွင်း အရည်အသွေးကောင်း ဖရဲသခွားမွှေးများ ထွက်ရှိနေပြီး မြန်မာနိုင်ငံအလယ်ပိုင်း၌လည်း ဖရဲသခွားများ ထွက်ရှိကာ မြန်မာနိုင်ငံ အောက် ပိုင်း‌ဒေသရှိ ဖရဲသခွားစိုက် ခင်းများမှာ ရေကြီးရေလျှံမှု‌ကြောင့် စိုက်ခင်း အားလုံးနီးပါး ပျက်စီးခဲ့ရ ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွား နေသည့်တိုက်ပွဲများကြောင့် မူဆယ်- လားရှိုး ပြည်ထောင်စုလမ်းနှင့်  လောက်ကိုင် - လားရှိုး ပြည်ထောင်စုလမ်းကို ပိတ်ထားသည့်အခြေ အနေများလည်းရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ဖရဲစိုက်တောင်သူများသည် မန္တလေး-ဗန်းမော်- လွယ်ဂျယ်(လိုင်းယင်း) လမ်းကို အသုံးပြု၍လည်းကောင်း၊ မန္တလေး -တောင်ကြီး -ကျိုင်းတုံ-မိုင်းလား-ဆာလော့ (ဆစ်ဆောင်ပန်နား) လမ်းကိုအသုံးပြု၍ လည်းကောင်း ဖရဲသီးနှင့် သခွားမွှေးသီးများ ကို အခက်အခဲပေါင်းစုံကြားမှ တရုတ်နိုင်ငံသို့ ရောင်းချနိုင်ရန်ကြိုးစားနေကြောင်းသိရပြီး ကုန်တင်ကားခမှာ ကျပ် ၃၀ သိန်းဝန်းကျင်ရှိ ကြောင်း သိရသည်။ ပြည်တွင်းစျေးကွက်၌ ယိုးဒယားသီးအသေး ဖရဲသီးတစ်လုံးလျှင် ၄၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မူ  ဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရာ  ကျင်စန်းကျော့ဂိတ် အနီးရှိ လွယ်အင်ရွာ ကုန်စုံ ကုန်တင်ကားများထားရှိရာ  ဆဲဗင်းဟွာကျင့် ကားဝင်းအတွင်း နိုဝင်ဘာ ၂၃ ရက်က ဗုံးကျ ရောက် ပေါက်ကွဲမှုကြောင့် ကားဝင်းအတွင်း  ရပ်ထားသည့်ကား ၂၅၈ စီးအနက် အစီး ၁၂၀ စီး မီးလောင်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွား နေသည့်အခြေအနေများကြောင့် နယ်စပ် ကုန်သွယ်မှုက လတ်တလောတွင် ဆောင်ရွက် နိုင်ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်းမှသာ တရုတ်သို့ ဆန်တင်ပို့နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ  ဦးရဲ မင်းအောင်က နိုဝင်ဘာ ၂၅ ရက်က  ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြား ခဲ့သည်။

“တရုတ်နိုင်ငံက ဝယ်ယူမှုလည်းရှိပါ တယ်။ အခုရှမ်းပြည်မြောက်ပိုင်းကအခြေ အနေတွေကြောင့် နယ်စပ်ကုန်သွယ်မှုက လည်း လတ်တလောမှာ ဆောင်ရွက်နိုင်တဲ့အ နေအထားမရှိပါဘူး။ ဒါပေမဲ့လည်း ပင်လယ် ရေကြောင်းက တရုတ်နိုင်ငံကို တင်ပို့တာ ရှိ ပါတယ်။ ဒီအချိန်မှာ တရုတ်နိုင်ငံက ဝယ်ယူ တာထက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေး ရှား၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်စတဲ့နိုင်ငံတွေ ဥ ရောပနိုင်ငံတွေက ဆန်၊ဆန်ကွဲဝယ်ယူမှု  ရှိပါတယ်။ ဒါကိုလည်း အားလုံးက ပြည်ပတင် ပို့ရောင်းချတဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက် နေပါတယ်”ဟု ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က  ဆို သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မူဆယ်နယ် စပ်တွင် ဖြစ်ပွားခဲ့သည့်ကုန်ကားများ မီးလောင် မှုအပါအဝင် တိုက်ပွဲများကြောင့် မြန်မာ့ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင် ပို့ရာတွင် ကြုံတွေ့နိုင်သည့်အခြေအနေများ ကို “နယ်စပ်ကတော့ ဒီဘက်နှစ်ပိုင်းတွေ မှာပေါ့၊ ကိုဗစ်စဖြစ်တဲ့အချိန် ၂၀၂၀ ဒီဘက် နောက် ပိုင်းနှစ်တွေမှာ နယ်စပ်ကနေ တင်ပို့မှုက ဆန်နဲ့ ဆန်ကွဲကို ပြောတာပေါ့နော်။ ဆန် နဲ့ ဆန်ကွဲနယ်စပ်တင်ပို့မှုက တော်တော်နည်း သွားပါတယ်။ အရင်ကဆို နယ်စပ်တင်ပို့မှု က ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်အ ထိရှိတယ်။ ဒါပေမဲ့ ဒီဘက်နှစ်ပိုင်းတွေမှာ နယ်စပ်တင်ပို့မှုက တော်တော်ကိုနည်းနေတဲ့ အနေအထားဖြစ်ပါတယ်။ ကျန်တဲ့သီးနှံတွေ ပေါ့။ အထူးသဖြင့် ဖရဲ၊ သခွားတို့ တခြားသော  လယ်ယာထွက်ကုန်တွေအတွက်ကတော့  ပို ပြီးအရေးကြီးမယ်လို့ ထင်ပါတယ်။ ဆန်နဲ့ ဆန်ကွဲကတော့ နယ်စပ်တင်ပို့မှုက တော် တော်နည်းတဲ့အတွက်ကြောင့် သိပ်ပြီးတော့  အခက်အခဲတော့မရှိနိုင်ဘူး။ ဒါပေမဲ့ ကျန်တဲ့  သီးနှံတွေ၊ အထူးသဖြင့် ဖရဲ၊ သခွား၊ သရက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကတော့  အခက်အခဲရှိနိုင်တဲ့အနေအထားဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က သုံးသပ် ပြောကြားခဲ့သည်။      

         

Most Read

Most Recent