မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်လာစေရန် မျှော်လင့်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် BRI တည်ဆောက်ရေးကို ဖော်ဆောင်ကာ နှစ်နိုင်ငံလူမှုစီးပွားနှင့် ပြည်သူ လူနေမှုဘဝ အကျိုးဖြစ်ထွန်းမှုအား မြှင့်တင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ပြောကြား

မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်လာစေရန် မျှော်လင့်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် BRI တည်ဆောက်ရေးကို ဖော်ဆောင်ကာ နှစ်နိုင်ငံလူမှုစီးပွားနှင့် ပြည်သူ လူနေမှုဘဝ အကျိုးဖြစ်ထွန်းမှုအား မြှင့်တင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ပြောကြား
Published 25 November 2023

မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်လာစေရန် မျှော်လင့်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် BRI တည်ဆောက်ရေးကို ဖော်ဆောင်ကာ နှစ်နိုင်ငံလူမှုစီးပွားနှင့် ပြည်သူ လူနေမှုဘဝ အကျိုးဖြစ်ထွန်းမှုအား မြှင့်တင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr Zheng Zhihong က ပြောကြားသည်။

နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်တွင်ပြုလုပ် သည့် (၃)ကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာများ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားရာ၌ သံမှူးကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများ နှင့်အတူလက်တွဲ၍ တည်ငြိမ်အေးချမ်းသော စည်ပင်ဝပြောလှပသော ချစ်ကြည်ရင်းနှီး၍  အတူနေထိုင်သော အာရှတိုက်ဥယျာဉ်ကြီးကို တည်ဆောက်ပြီး အာရှတိုက်အေးအတူပူအ မျှ အသိုက်အဝန်းနှင့် လူသားအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု စာမျက်နှာ သစ်ကို အတူရေးသားဖော်ဆောင်မည်ဖြစ်ကြောင်း သံမှူးကြီး Dr Zheng Zhihong က ပြောကြားသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံအခြေအနေတည်ငြိမ်လာစေရန် မျှော်လင့်ပြီးမြန်မာ နိုင်ငံက မိမိနိုင်ငံအခြေအနေနဲ့ကိုက်ညီတဲ့  ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရှာဖွေခြင်းကို အားပေးပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင် ငံနဲ့အတူ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည် ဆောက်မှုကိုဖော်ဆောင်ပြီး Belt and Road တည်ဆောက်ရေးအရည်အသွေးမြင့်ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ကာ နှစ်နိုင်ငံလူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူနေမှုဘဝ အကျိုးဖြစ်ထွန်းမှုကိုမြှင့်တင်သွားမှာဖြစ် ပါတယ်။ တရုတ်နိုင်ငံဟာလည်း နှစ်နိုင်ငံလူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်ပူးပေါင်းဆောင် ရွက်မှုကို ဆက်လက်နက်ရှိုင်းစေပြီး အိမ်းနီး ချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ပြည်သူ့ ဆန္ဒအခြေခံကို ခိုင်ခံ့စေကာ ပြည်သူများစိတ် နှလုံးချင်းဆက်နွယ်မှုကို တိုးမြှင့်သွားမှာဖြစ် ပါတယ်” ဟု သံမှူးကြီးကပြောကြားသည်။

မြန်မာနိုင်ငံသည်တရုတ်နိုင်ငံ၏ အရေး ကြီးဆုံးအိမ်နီချင်းနိုင်ငံနှင့် ချစ်ကြည်ရင်းနှီး သည့် အိမ်နီးချင်းနိုင်ငံလည်းဖြစ်ကာ ဆွေ မျိုးပေါက်ဖော်ချစ်ကြည်ရေးသည် သမိုင်း ကြောင်းကြာရှည်သော်လည်း သစ်လွင်နေဆဲ ဖြစ်ကြောင်း၊ သမ္မတရှီကျင်ပင်း ၂၀၂၀ ပြည့် နှစ်တွင် မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးစည်လာ ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာလည်း အေးအတူပူအမျှ အသိုက်အဝန်း တည် ဆောက်သည့် ခေတ်သစ်ကိုဝင်ရောက်ခဲ့ ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုး ဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဆိုသည့် နိုင်ငံခြားရေးမူဝါဒကို သက်ဝင်လှုပ်ရှားစွာ  တင်ဆက်ဖော်ပြလိုကြောင်း၊ ချစ်ခင်ရင်းနှီး ခြင်းဆိုသည်မှာ အိမ်နီးချင်းနိုင်ငံနှင့် ချစ် ကြည်ရင်းနှီး၍ ယုံကြည်စိတ်ချရကာ သင့် မြတ် ခြင်းဖြစ်ကြောင်း သံမှူးကြီးကပြောကြား သည်။

“တရုတ်နိုင်ငံဟာ  နှစ်နိုင်ငံအစဉ်အ လာချစ်ကြည်ရေးသံယောဇဉ်ကို တန်ဖိုးထား ပြီး အမြဲတစေ မြန်မာပြည်သူတွေကို မျက်နှာ မူပြီး မြန်မာနိုင်ငံအပေါ် ချစ်ကြည်တဲ့မူဝါဒ ကို လက်ကိုင်စွဲထားပါတယ်။ မြန်မာနိုင်ငံက အမြန်ဆုံးတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက် လာဖို့ မျှော်လင့်ပြီး နှစ်နိုင်ငံပြည်သူတွေ ရာ သက်ပန် အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ကောင်း ဆွေမျိုးပေါက်ဖောက်ကောင်းဖြစ် လာစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ရိုးသားစွာဆက်ဆံခြင်းဆိုတာဟာ စေတနာအရင်းအမှန်နဲ့ရိုးသားစွာဆက်ဆံ ပြီး အပြန်အလှန်ဖေးဖကူညီခြင်းပဲဖြစ်ပါတယ်” ဟု သံမှူးကြီးကပြောကြားသည်။

ထို့နောက်  မြန်မာနိုင်ငံတွင် ကိုဗစ်ရော ဂါဖြစ်ပွားမှုများနှင့် မိုခါမုန်တိုင်းဒဏ်ရင်ဆိုင် ရချိန်များတွင်လည်းကောင်း၊သုဝဏ္ဏအားကစား ရုံ၊ အမျိုးသားဇာတ်ရုံပြုပြင်တည်ဆောက် ခြင်းနှင့် နေပြည်တော်တွင် ရောဂါထိန်းချုပ် ရေးဗဟိုဌာန တည်ဆောက်ခြင်းစသည်တို့၌  တရုတ်နိုင်ငံက အကူအညီများ ပေးခဲ့မှု အခြေအနေများအား သံမှူးကြီးက ထည့်သွင်းပြော ကြားသည်။

“မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ ရေလုပ်ငန်း နဲ့ မွေးမြူရေးကုန်ပစ္စည်းတွေ ပိုမိုများပြားစွာ  တရုတ်နိုင်ငံကို တင်ပို့လာခဲ့ပါတယ်။ တရုတ်- မြန်မာ နေရောင်ခြည်စွမ်းအင်သုံး  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့လုပ်ဆောင် လာပါတယ်။ နယ်စပ်ဖြတ်ကျော်ဘဏ်အချင်း ချင်းကြား ယွမ်ငွေပေးချေမှုစနစ်(CIPS)ကို  လည်း မြန်မာနိုင်ငံမှာ စတင်အသုံးပြုနိုင်တာ ကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ  ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံပြည်သူ တွေကို လက်တွေ့ကျကျအကျိုးပြုလာပါတယ်” ဟု သံမှူးကြီးက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန် ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှတာဝန်ရှိသူများ၊ မြန်မာမီဒီယာများ၊ မြန် မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာများတက် ရောက်ခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့်ရှမ်းပြည် နယ်မြောက်ပိုင်းကိစ္စရပ်များ၊ အဆိုပါတိုက်ပွဲ များကြောင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ထိခိုက်နိုင်မှုရှိမရှိစသည့် အခြေအနေများကို ထည့်သွင်းမေးမြန်း ဆွေးနွေးမှုများပြုလုပ် ခဲ့ကြသည်။

ယင်းမေးမြန်းဆွေးနွေးမှုများအပေါ် တရုတ်သံမှူးကြီးက ရှမ်းမြောက်အခြေအနေ နှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက ဦးစွာအပစ်အခတ်ရပ်စဲပြီး ဆွေး နွေးညှိနှိုင်းခြင်းဖြင့်ဖြေရှင်းရန် တရုတ်နိုင်ငံ မှကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အခြေအနေပိုမိုပြင်းထန်လာမှုကိုရှောင်ရှားပြီး နယ်စပ် ဒေသအမြန်ဆုံးပြန်လည်တည်ငြိမ်ရေးလုပ် ဆောင်နေကြောင်း၊ ပဋိပက္ခကြောင့်စီမံကိန်း များအပေါ်အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရ၏ဖြေရှင်းမှုအပေါ် ယုံကြည်ကြောင်း၊ ယခုကိစ္စသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအမြန်ဆုံးတည်ငြိမ်အေး ချမ်းရန် တရုတ်နိုင်ငံကမျှော်လင့်ကြောင်း သံမှူးကြီးကပြောကြားသည်

Most Read

Most Recent