ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ခြောက်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ခြောက်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်
Published 7 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ခြောက်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်ရှိ မြို့နယ် ၂၂ မြို့နယ်အနက် အနည်းဆုံး ကိုးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာသူဦးရေ တိုးမြင့်လာပြီး လူသားချင်းစာနာမှု လိုအပ်ချက်များလည်း မြင့်တက်လာကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲများစ ပြင်းထန်နေသောကြောင့် လုံခြုံရေးအခြေအနေ ဆိုးရွားလာကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  တပ်မတော် စခန်းချရာနေရာများနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ စုစုပေါင်း ၃၇,၄၀၀ ကျော်ရှိပြီး လတ်တလော တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ၂၃,၀၀၀ ကျော် တိုးလာကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ရာပေါင်းများစွာသော ဒေသခံများအနေဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်ရှိတွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ကြိုတင်စုစည်းနေရာချထားပြီး လုံခြုံရေးနှင့် သွားရေးလာရေးအခြေအနေများ တိုးတက်လာသည်နှင့်တစ်ပြိုင်နက်တည်း လျင်မြန်စွာ တုံ့ပြန်ကူညီနိုင်ဖို့ ပြင်ဆင်ထားကြောင်းလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

Most Read

Most Recent