မြန်မာ-တရုတ် နှစ်နိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးလုပ်ငန်းစဉ်များ ပူးတွဲအကောင်အထည်ဖော်ခြင်းစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးလုပ်ငန်းစဉ်များ ပူးတွဲအကောင်အထည်ဖော်ခြင်းစာချွန်လွှာ လက်မှတ်ရေးထိုး
Published 6 November 2023

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းဘပညာဝန်ကြီးဌာနဝန်ကြီး H.E.Professor YIN Hejun တို့ နိုဝင်ဘာ ၅ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Chongqing မြို့ရှိ Wyndam Chongqing Yuelai Hotel ၌ တွေ့ဆုံပြီး သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့အကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးလုပ်ငန်းစဉ်များ ပူးတွဲအကောင်အထည်ဖော်ခြင်း စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သတင်းအချက်အလက်နည်းပညာ(ICT) သုတေသန စင်တာများထူထောင်ရေး၊ Artificial Intelligent (AI) ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ တိကျတိုင်းတာရေး၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေး၊ အရည်အသွေးပြည့်ဝ၍ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော တန်ဖိုးမြင့်အစားအသောက်များ ထုတ်လုပ်ရေး၊ နည်းပညာနှင့် ဓာတုနည်းပညာတီထွင် ဆန်းသစ်မှုဆိုင်ရာကိစ္စများဆောင်ရွက်ရေး၊ သတ္တုဗေဒနှင့် ဒြပ်ပစ္စည်းသိပ္ပံဆိုင်ရာသုတေသနများ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပညာတော်သင်စေလွှတ်ရေးတို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Chongqing မြို့ရှိ အပြည်ပြည်ဆိုင်ရာ သိပ္ပံပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစင်တာ၊ Jinfeng ဓာတ်ခွဲခန်း၊ Western Science City Intelligent Connected Vehicle Innovation Center တို့သို့ သွားရောက်လေ့လာပြီး ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chongqing မြို့တော်ဝန် Hu Henghua က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ဒေသတွင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent