ဂရီးဇ်မန်း - မိုရာတာတိုက်စစ်အတွဲနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်မရှိဟု ဆီမြွန်နီဆို

ဂရီးဇ်မန်း - မိုရာတာတိုက်စစ်အတွဲနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်မရှိဟု ဆီမြွန်နီဆို
Photo: Getty Images
Photo: Getty Images
Published 30 October 2023

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ယခုရာသီတွင် အသင်းအတွက် ခြေစွမ်းပြနေသည့် ဂရီးဇ်မန်း - မိုရာတာ တိုက်စစ်အတွဲအဖက်နှင့်ပတ်သက်ပြီး မိမိတွင် လျှိ့ဝှက်ချက်တစ်စုံတစ်ရာမရှိကြောင်း ပြောကြားခဲ့သည်။

ဆီမြွန်နီက '' ဒါဟာ (ဂရီးဇ်မန်း-မိုရာတာ)ဘောလုံးရဲ့ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး။ သူတို့နှစ်ဦးရဲ့ အကောင်းဆုံးပုံစံ၊ အပြန်အလှန်နားလည်မှု၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ တွဲဘက်ကောင်းပီသမှုတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီအခြေအနေတွေကို ပြီးခဲ့တဲ့ပွဲတွေမှာ မြင်တွေ့နိုင်ပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

ဂရီးဇ်မန်းနှင့် မိုရာတာတို့သည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ(၉)ဂိုးစီ သွင်းယူပေးထားသည်။

 

Most Read

Most Recent