၂၀၁၆ ခုနှစ် ထိပ်တန်း နိုင်ငံတကာ အနုပညာသတင်းများ

၂၀၁၆ ခုနှစ် ထိပ်တန်း နိုင်ငံတကာ အနုပညာသတင်းများ
Published 26 December 2016

■ နိုဘယ်ဆုရသော်လည်း ဆုပေးပွဲ မတက်သော ဘော့ဒီလန်အမေရိကန်အဆိုတော်၊ တေးရေးဘော့ဒီလန်သည် ၂၀၁၆ ခုနှစ် စာပေဆိုင်ရာနိုဘယ်ဆု ရရှိခဲ့သော်လည်း ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ဟုမ်း၌ ပြုလုပ်ခဲ့သည့် ဆုပေးပွဲ အခမ်းအနားသို့ မတက်ရောက်ခဲ့ပေ။ အသက် ၇၅ နှစ်အရွယ်ရှိ ဒီလန်သည် အမေရိကန် ဂီတအစဉ်အလာအတွင်းမှ ဆန်းသစ်သည့် ကဗျာဆန်သော ဖော်ပြမှုများအတွက် နိုဘယ်ဆုဖြင့် ဂုဏ်ပြုခံခဲ့ရခြင်း ဖြစ်သည်။ နိုဘယ်ဆုရရှိမှုအတွက် နှုတ်ဆိတ်နေပြီး လူသိရှင်ကြား ထုတ်ဖော်မပြောသည့် ဘော့ဒီလန်ကို စိတ်ကြီးဝင်နေသူဟု နိုဘယ်ဆုရွေးချယ်ရေး အဖွဲ့ဝင်တစ်ဦးက ဝေဖန်ခဲ့သည်။■ ၂၀၁၆ လက်မှတ် ရောင်းချမှုဝင်ငွေကို လွှမ်းမိုးခဲ့သည့်  ဝေါဒစ္စနေဝေါဒစ္စနေကုမ္ပဏီသည် Finding Dory ၊ Captain America:Civil War ၊ The Jungel Book နှင့် ဒီဇင်ဘာလတွင် ဖြန့်ချိခဲ့သည့် Star Wars ဇာတ်ကားသစ် Rogue One ဖြင့် ၂၀၁၆ ခုနှစ် လက်မှတ်ရောင်းချမှုဝင်ငွေ စာရင်းတွင် လွှမ်းမိုးခဲ့ပြီး စုစုပေါင်းဝင်ငွေ ဒေါ်လာခုနစ်ဘီလျံ ရရှိထားသည်။■ Lemonade ဖြင့် ဂီတလောကကို လွှမ်းမိုးခဲ့သော ဘီယွန်းဆေးဘီယွန်းဆေးသည် ယခုနှစ်ဧပြီတွင် ဖြန့်ချိခဲ့သည့် Lemonade အယ်လ်ဘမ်ဖြင့် ဂီတလောကတွင် ဘုရင်မအဖြစ် လွှမ်းမိုးနေဆဲဖြစ်သည်။ ဘီယွန်းဆေး၏ဆဋ္ဌမမြောက် အယ်လ်ဘမ် Lemonade ကို  ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အယ်လ်ဘမ်ဟု ဂီတဝေဖန်သူများက ရွေးချယ်ခဲ့သည်။ သူသည် ယင်းအယ်လ်ဘမ်ဖြင့် ဆုများစွာရရှိခဲ့ပြီး ဂရမ်မီဆု ဆန်ခါတင် စာရင်းတွင်လည်း ဆုအများဆုံးရရန် လျာထားခံခဲ့ရသည်။ ၎င်းသည် ယခုနှစ်အတွင်း Super Bowl ပြိုင်ပွဲမှသည် ကန်းထရီး ဂီတဆုပေးပွဲအထိ ဖျော်ဖြေပွဲများစွာတွင် ပါဝင်ဖျော်ဖြေခဲ့သည်။■ ကြေလွင့်ခဲ့သည့် ဂီတကြယ်ပွင့်များ
■ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ပေါ့ပ်ဂီတခေတ်သစ်တစ်ခုကို ဦးဆောင်ခဲ့ပြီး ဆယ်စုနှစ်ငါးခုကြာ အောင်မြင်ခဲ့သည့် ဗြိတိန်အဆိုတော် ဒေးဗစ်ဘိုဝီသည် ကင်ဆာရောဂါဖြင့် ဇန်နဝါရီ ၁၀ ရက်တွင် ကွယ်လွန်ခဲ့သည်။ ၎င်း မကွယ်လွန်မီ နှစ်ရက်အလို ဇန်နဝါရီ ၁၀ ရက်တွင် ဖြန့်ချိခဲ့သည့် ၎င်း၏ ၂၅ ခုမြောက် အယ်လ်ဘမ် Blackstar သည် ၎င်း၏ ဂီတသက်တမ်းတစ်လျှောက် အထူးကဲဆုံးဖြစ်သည်ဟု ဂီတဝေဖန်သူများက ချီးကျူးခဲ့သည်။■ ပါ့ပ်ဂီတ၏ အထင်ကရအဆိုတော်တစ်ဦးဖြစ်သည့် ပရင့်စ်သည် နာကျင်မှုကို  သက်သာရန်အတွက် ပြင်းထန်သော fentanyl အကိုက်အခဲ ပျောက်ဆေးအား အလွန်အကျွံသုံးစွဲခြင်းကြောင့် ဧပြီ ၂၁ ရက်တွင် အသက် ၅၇ နှစ်အရွယ်၌ မင်နီဆိုတားပြည်နယ်ရှိ Paisley Park စတူဒီယို၌ ကွယ်လွန်ခဲ့သည့်သတင်းက ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။■ ကနေဒါအဆိုတော်၊ တေးရေး၊ ကဗျာဆရာ၊ စာရေးဆရာနှင့် ပန်းချီဆရာတစ်ဦးဖြစ်သည့် လီယိုနက်ကိုဟင် အသက် ၈၂ နှစ်သည် နိုဝင်ဘာ ၇ ရက်တွင် ကင်ဆာရောဂါဖြင့် လော့စ်အိန်ဂျလိစ်နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ၎င်း၏ အနုပညာဖန်တီးမှုများတွင် အများစုသည် ဘာသာရေး၊ နိုင်ငံရေး၊ အထီးကျန်မှု၊ ကာမဂုဏ်အာရုံနှင့် အချစ်ရေးတို့ကို လေ့လာဖော်ထုတ်မှုများ ဖြစ်သည်။ ကိုဟင်သည်လည်း မကွယ်လွန်မီ သုံးလအလိုတွင် You Want It Darker အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။ 
► လမ်းခွဲခဲ့သည့် ထင်ရှားသောအနုပညာရှင် စုံတွဲများ
■ Brangelina ဟု ကျော်ကြားခဲ့သည့် ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့သည် ၎င်းတို့၏ သွင်ပြင်၊ အောင်မြင်သော ဇာတ်ကားများနှင့် တက်ကြွ လှုပ်ရှားမှုများကြောင့် အနုပညာလောကတွင် အထင်ရှားဆုံး စုံတွဲတစ်တွဲဖြစ်ခဲ့ သည်။ Mr. & Mrs. Smith တွင် တွဲဖက်သရုပ်ဆောင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကြာတွဲကာ ၂၀၁၄ ခုနှစ်တွင် လက်ထပ်ခဲ့သည့် ခင်ပွန်းသည် ဘရက်ပစ်ကို ဂျိုလီက ညှိနှိုင်းမရသော သဘောထားကွဲလွဲမှုကြောင့် ဟုဆိုကာ စက်တင်ဘာ ၁၅ ရက်တွင် ကွာရှင်းခွင့် လျှောက်ထားခဲ့သည်။ ယင်းအကြောင်းသည် လူမှုကွန်ရက်များတွင် ကြီးစိုးခဲ့ပြီး Twitter တွင် #brangelina ဟု ဖော်ပြချက်သည် တစ်မိနစ်လျှင် အကြိမ် ၇၂၀ ခန့်ရှိခဲ့သည်။ ၎င်းတို့နှစ်ဦးသည် မွေးစားကလေး သုံးဦးအပါအဝင် ကလေးခြောက်ဦးကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့်ပတ်သက်ပြီး ညှိနှိုင်းနေဆဲဖြစ်သည်။
► နောက်ထပ်ဟောလိဝုဒ်စုံတွဲတစ်တွဲဖြစ်သည့် ဂျွန်နီဒပ်နှင့် အမ်ဘာဟာ့ဒ်သည် အိမ်ထောင်သက် ၁၅ လအကြာတွင် လမ်းခွဲခဲ့ သည်။ ဟာ့ဒ်သည် မေ ၂၃ ရက်တွင် ဒပ်နှင့် ကွာရှင်းခွင့်လျှောက်ထား ခဲ့ပြီး ဒပ်သည် ၎င်းင်းကို ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့သည်ဟု တိုင်ကြားခဲ့သည်။ ဒပ်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

Most Read

Most Recent