မလေးရှားတွင် ခရီးသည်တင်ဘတ်စ်ကား မတော်တဆမှုဖြစ်ပွားရာ လူ ၁၄ ဦး သေဆုံး

မလေးရှားတွင် ခရီးသည်တင်ဘတ်စ်ကား မတော်တဆမှုဖြစ်ပွားရာ လူ ၁၄ ဦး သေဆုံး
Published 24 December 2016
Ref ; AFP

မလေးရှားနိုင်ငံတွင် စင်ကာပူနှင့် မြန်မာနိုင်ငံသား ခရီးသွားများကို တင်ဆောင်လာသော ခရီးသည်တင်ယာဉ် တစ်စီးသည် ဒီဇင်ဘာ ၂၄ ရက်အစောပိုင်းက အဝေးပြေး လမ်းပေါ်မှ ထိုးဆင်းမှုဖြစ်ပေါ်ခဲ့သည်။ ယင်း မတော်တဆမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ ပြီး ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့သည်ဟု သက်ဆိုင်ရာ အစိုးရအရာရှိများက ပြောကြားခဲ့သည်။
မလေးရှားတောင်ပိုင်း ဂျိုဟော်ပြည်နယ်မှ မြို့တော်ကွာလာလမ်ပူသို့ ဦးတည်မောင်းနှင်နေသည့် ထိုခရီးသည်တင်ဘတ်စ်ကားသည် စိုစွတ်နေသောလမ်းပေါ်တွင် လမ်းချော်ကာ လမ်းနံဘေးရှိ နက်ရှိုင်းသောမြောင်းထဲသို့ ထိုးဆင်းသွားခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
ဂျိုဟော်ပြည်နယ်ထဲတွင် ထိုယာဉ်မတော်တဆမှုသည် မနက်အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများနှင့် ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများအား မသိရသေးကြောင်း ၎င်းကဆိုသည်။ ဒဏ်ရာရသူများမှာမူ မူအာခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်ဟု သိရသည်။
“ခရစ္စမတ်မတိုင်မီ ဆိုးရွားတဲ့ အခုဖြစ်စဉ်ဟာ ၂၀၁၆ ခုနှစ်အတွင်း ဂျိုဟော်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး မတော်တဆမှုတစ်ခု ဖြစ်လာပါတယ်”ဟု ဂူနိုစ်က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံတွင်  စည်းကမ်းမဲ့ယာဉ် မောင်းနှင်မှုများကို နှိမ်နင်းရန် ကြိုးပမ်းနေသော်လည်း အထူးသဖြင့် နေရပ်သို့ပြန်ကြသော ပွဲတော်အား လပ်ရက်ကာလများတွင် လူသေဆုံးမှုများရှိသည့် လမ်းမတော်တဆ ဖြစ်စဉ်များ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။  

Most Read

Most Recent