မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်အရှေ့ကျေးရွာတွင် ဈေးဆိုင်တစ်ဆိုင်မှ သိန်း ၁၉၀ ကျော်တန်ဖိုးရှိWY စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်အရှေ့ကျေးရွာတွင် ဈေးဆိုင်တစ်ဆိုင်မှ သိန်း ၁၉၀ ကျော်တန်ဖိုးရှိWY စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Published 23 December 2016

မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် အရှေ့ကျေးရွာတွင် ဈေးဆိုင်တစ်ဆိုင်မှ သိန်း ၁၉၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် အရှေ့ကျေးရွာရှိ ဇာဟိတူဆောင်း၏ ဈေးဆိုင်အား ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲတွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ လက်ဆွဲအိတ်အတွင်းမှ တန်ဖိုးငွေကျပ်သိန်း ၁၉၀ ခန့်ရှိ WY စိတ်ကြွ ဆေးပြား ၉၅၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရခဲ့မှုနှင့်ပတ်သက်၍ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မောင်တောမြို့နယ် ငါးခူရကျေးရွာ၌ ဟိန္ဒူအရေးပေါ်ကူညီရေးအသင်းမှ ဦးနေမောင်ပါ ၁၁ ဦးသည် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ရပ်မိရပ်ဖ ဦးဆန်းဝင်းအား တွေ့ဆုံ၍ ဆန် ၂၈ အိတ်၊ ပဲနှစ်အိတ်၊ ဆာရီစ ၂၄ ထည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ငါးခူရကျေးရွာရှိ ဟိန္ဒူများအပါအဝင် ကျေးရွာသူ ကျေးရွာသားများ အားလုံးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရ၊ WFP နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိပြီး ယခု လှူဒါန်းမှုမှာ ယင်းတို့၏ ကူညီရေးအသင်းမှ အကူအညီပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent