ဓာတ်အားစနစ်ကို ခေတ်မီအီလက်ထရွန်နစ် နည်းပညာသုံးစွဲပြီး ကွပ်ကဲနိုင်ရန်စီစဉ်

ဓာတ်အားစနစ်ကို ခေတ်မီအီလက်ထရွန်နစ် နည်းပညာသုံးစွဲပြီး ကွပ်ကဲနိုင်ရန်စီစဉ်
Published 23 December 2016

ဓာတ်အားစနစ်ကို ခေတ်မီ အီလက်ထရွန်နစ် နည်းပညာသုံးစွဲပြီး ကွပ်ကဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်အင်းဝန်ကြီးဌာနမှ သိရသည်။
ဓာတ်အားစနစ် ကွပ်ကဲခြင်းအတွက် ဓာတ်အားလိုင်းများတွင် လျှပ်စစ်ဓာတ်မြေ ချခြင်းနှင့် ဆက်သွယ်ရေးနှစ်မျိုးစလုံး အသုံးပြုနိုင်သော Optical Ground Wire ကြိုးများ တပ်ဆင်နေကြောင်း သိရသည်။
ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်မှုကို ထိန်းချုပ်ရန် ယင်းသို့ စီစဉ်ခြင်းဖြစ်ပြီး လက်ရှိတွင် ဓာတ်အားပေးစက်ရုံတစ်ခုခု ချို့ယွင်းမှု  သို့မဟုတ် ဓာတ်အားသုံးစွဲသူ၏ လျှပ်စစ်ပစ္စည်းတစ်ခုခု ချို့ယွင်းမှုကြောင့် ဓာတ်အားစနစ်ပုံမှန် အခြေအနေမှ သွေဖည်ကာ ဗို့အားနှင့် ကြိမ်နှုန်းများ မတည်မငြိမ် ဖြစ်ပေါ်လျှင် ဓာတ်အား ကွပ်ကဲရေးဌာနမှ တာဝန်ကျဝန်ထမ်းမှ စက်ရုံ၊ ဓာတ်အားခွဲရုံများသို့ Power Line Carrier Communication  နှင့် တယ်လီဖုန်းလိုင်းမှ အသံဖြင့်သာ သမာရိုးကျ ဆက်သွယ်ပြောဆိုနေရကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်တွင် ၂၃၀ ကေဗွီ ပင်မ ဓာတ်အားခွဲရုံ ၃၇ ရုံနှင့် ၁၃၂ ကေဗွီ ပင်မ ဓာတ်အားခွဲရုံ ၂၃ ရုံဖြင့် ဓာတ်အားဖြန့်ဖြူးနေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မဟာဓာတ်အားလိုင်းနှင့် ပင်မ ဓာတ်အားခွဲရုံကြီးများ (၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ)တို့မှ တစ်ဆင့် နိုင်ငံတွင်း ဒေသအသီးသီးရှိ ဓာတ်အားဖြန့်ဖြူးရေး လိုင်းများနှင့်ဓာတ်အား ခွဲရုံများမှတစ်ဆင့် သုံးစွဲသူများထံ ဓာတ်အားများ ပို့လွှတ် ဖြန့်ဖြူးနေကြောင်း သိရသည်။

Most Read

Most Recent