ဒီတစ်ပတ်မှာ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ကြရာမှာ ပေါ်ပေါက်လာနိုင်တဲ့ စွန့်စားရမှုတွေ စီမံခန့်ခွဲမှု (Risk Management) သဘောတရားတွေကို ဆက်ပြီးရေးပြ ချင်ပါတယ်။ Risk လို့ခေါ်တဲ့ စွန့်စားရမှုတွေက ဘယ်လိုလုပ်ငန်းတွေမှာမဆို ပေါ်ပေါက်လာနိုင်တာ ဖြစ်တယ်။ ဒီသဘောတရားတွေကို သိထားရင် ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပေါ်ပေါက်လာတဲ့ စွန့်စားရမှုတွေကို ကျော်လွှားနိုင်ကြပါမှ ရည်မှန်းထားတဲ့တိုင်း ကုန်သွယ်မှုလုပ်ငန်းတွေ အောင်မြင်မှုရရှိစေမှာ ဖြစ်ပါတယ်။
ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စွန့်စားရတဲ့ စီမံခန့်ခွဲမှုနည်းလမ်းတွေကို ထိထိရောက်ရောက်နဲ့ ဆောင်ရွက်နိုင်မှုက ဆောင်ရွက်ရာမှာ စိတ်ဓာတ်မြင့်မားစေဖို့အတွက် အချက်ပြသံတွေအဖြစ် အရေးကြီးပါတယ်။ ကောင်းမွန်စွာ ဒီဇိုင်းပုံဖော်ထားပြီး လုပ်ဆောင်တဲ့စွန့်စားမှု၊ စီမံခန့်ခွဲမှုက လုပ်ငန်းအဖွဲ့အစည်းတွေအားလုံးမှာ ခံဆောင်နိုင်အားကောင်းတဲ့ အမြတ်တွေရရှိနိုင်စေမယ့် သော့ချက်ဖြစ်ပါတယ်။
စွန့်စားမှုတွေ၊ စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ဆောက်မှုလုပ်ငန်းစဉ်မှာ ထင်ရှားတဲ့ အဆင့်တွေများစွာ ပါဝင်ပါတယ်။
(၁) စွန့်စားမှု စီမံခန့်ခွဲမှုအဖွဲ့အစည်းရဲ့ ကျယ်ပြန့်တဲ့ ဦးတည်ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်သင့်တယ်။
(၂) အားကောင်းတဲ့ စွန့်စားရမှုပေါ် ထွက်ပိုင်းအနေနဲ့ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်မှုရဲ့ အဆိုပြု ကုန်သွယ်မှုနည်းဗျူဟာနဲ့ လုပ်ဆောင်ရမယ့် အရာအားလုံးအတွက် တိုင်းတာမှုတွေ ပြုလုပ်သင့်တယ်။
(၃) ရှေ့မှာဖော်ပြခဲ့တဲ့ အဆင့် ၂ ဆင့်အတွင်း ဆုံးဖြတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ စွန့်စားရမှု ပရာမီတာတွေအပေါ် အခြေခံပြီး စွန့်စားရမှုစီမံခန့်ခွဲတာကို သာမန်ထက်လွန်ကဲတဲ့ စွန့်စားရမှုအဆင့်တွေနဲ့ အမြန်လုပ်ဆောင်ရမယ့် စီမံခန့်ခွဲမှုပေါ်ထွက်ပိုင်းကို နေရာတကျထားရှိရမယ်။
စွန့်စားရမှုစီမံခန့်ခွဲခြင်းရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ဆုံးဖြတ်ပေးရမယ်
ရည်မှန်းချက်ထားရှိလုပ်ဆောင်မှုတွေ ကနေတစ်ဆင့် အဆင့်မြင့် စီမံခန့်ခွဲမှုတွေက အောက်ပါမေးခွန်းတွေနဲ့ သဟဇာတဖြစ်စေ ရမှာဖြစ်ပါတယ်။
* အဖွဲ့အစည်းအနေနဲ့ ရင်ဆိုင်နေရတဲ့ စွန့်စားရမှု ရင်းမြစ်တွေက ဘာတွေလဲ။
* အဖွဲ့အစည်းအနေနဲ့ တာဝန်ယူလိုတဲ့ စွန့်စားရမှုအတိုင်းအတာကဘာလဲ။ ဘာစွန့်စားရမှုနဲ့ ဆုလာဘ်အချိုးက အဖွဲ့အစည်းရဲ့ ပစ်မှတ်ဦးတည်ချက် ဖြစ်သင့်ပါသလဲ။ အနိမ့်ဆုံးလက်ခံနိုင်တဲ့ စွန့်စားရမှုနဲ့ ဆုလာဘ်အချိုးက ဘာလဲ။
* အကယ်၍ လက်ခံနိုင်လောက်တဲ့ စွန့်စားရမှု၊ အောင်မြင်နိုင်စေမှုကို ချိုးဖောက်ခဲ့ရင် ဘယ်လုပ်ထုံးလုပ်နည်းကို လိုက်နာသင့်ပါသလဲ။ စွန့်စားရမှုတွေဖြစ်ရတဲ့ အကြောင်းရင်းခံတွေအနေနဲ့
- ကုန်သွယ်မှုဆုံးရှုံးခြင်း၏ စွန့်စားရမှု
- မြီရှင်နှင့် ဆန့်ကျင်ဘက်အဖွဲ့၏
စွန့်စားရမှု
- လုပ်ငန်းဖျက်သိမ်းခြင်း စွန့်စားရမှု
- လုပ်ငန်းပိုင်းဆိုင်ရာ စွန့်စားရမှု
- ဥပဒေဆိုင်ရာ စွန့်စားရမှုတွေပါဝင်တာ ဖြစ်ပါတယ်။
ကုန်သွယ်မှု လုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေဖြစ်တာကို ဈေးကွက်စွန့်စားရမှုလို့ ခေါ်ပါတယ်။ အဲဒီစွန့်စားရမှုက ဈေးကွက်အားလုံးမှာ ဈေးနှုန်းတွေရွေ့လျားမှုတွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့နဲ့ မြီရှင်ရဲ့ စွန့်စားရမှု လုပ်ဆောင်ချက်တွေကြောင့် ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။
ကုန်သွယ်စီးပွားရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ရင်း စွန့်စားရမှုတွေက တွေ့ကြုံ ရစမြဲ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး ကုန်သွယ်မှု လုပ်ငန်းတွေမလုပ်ခင်မှာ ဘယ်လို စွန့်စားရမှုတွေ ကြုံတွေ့ရနိုင်သလဲဆိုတာကို ပထမဦးစွာလေ့လာကြရတယ်။ ကုန်သွယ် စီးပွားရေးလုပ်ငန်းတွေမှာ Entrepreneur လို့ ခေါ်ကြတာ ဖြစ်တယ်။ အဲဒီ Entrepreneur က အလုပ်မလုပ်ခင်မှာ ဘယ်လိုစွန့်စားရမှုတွေ ကြုံတွေ့ရနိုင်သလဲဆိုတာ ကြိုတင်လေ့လာပြီးမှ ကုန်သွယ်စီးပွားရေး လုပ်ငန်းတွေလုပ်တယ်။ အဲဒီ လိုတွက်ချက်ပြီး လုပ်ပြီဆိုရင်လည်း သူကဘယ်တော့မှ နောက်မဆုတ်ဘဲ ရှေ့ကိုသာ တက်လှမ်းအလုပ်လုပ် သူဖြစ်တယ်။ စီးပွားရေး လုပ်မယ်ဆိုရင် Entrepreneur စိတ်ဓာတ်နဲ့ အလုပ်လုပ်တက်ဖို့ လိုအပ်တယ်။
စွန့်စားရမှုများ တိုင်းတာခြင်း
စွန့်စားရမှုတွေအားလုံးက ကိန်းဂဏန်းနဲ့ ဖော်ပြနိုင်တာဖြစ်လို့ စွန့်စားရမှုကို တိုင်းတာမှုအတွက် နည်းလမ်းက စွန့်စားရမှု အမျိုးအစားတွေအပေါ် မူတည်တာဖြစ်ပါတယ်။ လက်ရှိအားဖြင့် စွန့်စားရမှုတွေကို တိုင်းတာတဲ့ နည်းလမ်းတွေမှာ -
* စာရင်းအင်းဆိုင်ရာ မော်ဒယ်များ
ပုံဖော်ခြင်းနည်းလမ်း
* အမှတ်အသားစနစ် တိုင်းတာမှု
မော်ဒယ်များ ပုံဖော်သည့်နည်းလမ်း
* လုပ်ငန်းနယ်ပယ်အလိုက်
ဆန်းစစ်ပုံဖော်မှုနည်းလမ်း
* အကြောင်းတရားမော်ဒယ်များ
ပုံဖော်မှုနည်းလမ်းတွေ ဖြစ်ပါတယ်။
စာရင်းအင်းဆိုင်ရာ မော်ဒယ်တွေနဲ့ ပုံဖော်ရာမှာ အတိတ်ကာလကဖြစ်ပေါ်ခဲ့တဲ့ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံပြီး အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အဆိုးရွားဆုံး အခြေအနေတွေကို ခန့်မှန်းချက် ထုတ်ယူတာဖြစ်တယ်။ တစ်နည်းဆိုရရင် အနာဂတ် အမြတ်ပုံဖော်မှု ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စာရေးသူတို့နိုင်ငံမှာ အနာဂတ်အမြင်မရှိသူတွေက နိုင်ငံရဲ့ ကျွန်းသစ်ပင်လုံးကြီးတွေ အပါအဝင် သစ်ပင်တွေခုတ်လဲှပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြတယ်။ အဲဒီရဲ့ကွင်းဆက်အနေနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို နိုင်ငံသားတွေ ခံစားနေကြရတယ်။
စာရေးသူ အမြဲရေးနေတဲ့ အချက်တစ်ခုရှိပါတယ်။ စာရေးသူတို့နိုင်ငံမှာ အတိတ်က လွဲမှားတဲ့ လုပ်ဆောင်ချက်တွေကို သင်ခန်းစာအဖြစ်ရယူပြီး လက်ရှိပကတိမျက်မှောက် အခြေအနေမှာ အကောင်းဆုံး လုပ်ဆောင်မှုတွေကနေ အနာဂတ်ကို ပုံဖော်ကြရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အတိတ်ကို ပြန်သွားလို့ မရပေမယ့် အတိတ်က လုပ်ဆောင်ချက်တွေအပေါ် သင်ခန်းစာယူတတ်ကြရမှာ ဖြစ်တယ်။ အတိတ်ကာလမှာ စာရင်းအင်းပညာကို လွဲမှားစွာအသုံးချခဲ့ပြီး မိမိနိုင်ငံသားတွေကို လှည့်စားခဲ့ကြတယ်။
စာရင်းအင်းပညာက အမှန်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ စာရင်းအင်းပညာကို မှန်ကန်စွာ အသုံးချနိုင်ပါမှ အရာရာမှာ မှန်ကန်တဲ့အဖြေတွေ ထွက်လာစေမှာ ဖြစ်တယ်။ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်ရာမှာ လက်ရှိအခြေအနေအရ အတိတ်ကလက်မည်းကြီးရဲ့ လွှမ်းမိုးမှုကလည်း ရှိနေသေးတာမို့ ခရီးမတွင်ဖြစ်နေတယ်လို့ သိရတယ်။
အမှတ်အသားစနစ်နဲ့ ပုံဖော်ရာမှာတော့ ဝင်ငွေတွေ၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်တွေနဲ့ အလားတူဖြစ်ရပ်တွေလို စီးပွားရေး လုပ်ငန်းပရာမီတာတွေရဲ့ ရာခိုင်နှုန်းအဖြစ် အနိမ့်ဆုံးမြင်သာတဲ့ ဆုံးရှုံးမှုအဆင့်တွေကို တည်ဆောက်ယူတာ ဖြစ်ပါတယ်။ အမှတ်အသား စနစ်တိုင်းတာမှုမော်ဒယ်နဲ့ ပုံဖော်မှုကို လုပ်ငန်းတွေ ဆောင်ရွက်မှုကနေဖြစ်လာတဲ့ စွန့်စားရမှုတွေကို ခန့်မှန်းရာမှာ အသုံးပြုကြပါတယ်။
လုပ်ငန်းနယ်ပယ်အလိုက် ဆန်းစစ်ပုံဖော်မှုကတော့ အဓိကကျတဲ့ စွန့်စားရမှု အညွှန်းကိန်းတွေ (Key Risk Indicators) (KSIs) အတွက် အကောင်းဆုံး ဖြစ်လာနိုင်မယ့် အခြေအနေ အဆိုးရွားဆုံးဖြစ်လာနိုင် မယ့် အခြေအနေတွေကို ဆုံးဖြတ်ရာမှာ များစွာ အသုံးဝင်စေတာ ဖြစ်တယ်။ အကြောင်းအရာ မော်ဒယ်များပုံဖော်တဲ့ နည်းလမ်းကတော့ အားကောင်းတဲ့ ဆုံးရှုံးမှုတွေဖြစ်လာစေတဲ့ အကြောင်းနဲ့အကျိုး (Cause & Effect) ကို ဆန်းစစ်ရာမှာ အသုံးပြုတာဖြစ်ပါတယ်။
(က) ဈေးကွက်စွန့်စားရမှုကို တိုင်းတာခြင်း
ဈေးကွက်စွန့်စားရမှုက ဈေးကွက်အခြေအနေ ရွေ့လျားမှုတွေကနေ ဈေးကွက်တန်ဖိုး လျော့ကျလာမှုတစ်ခုရဲ့ ဖြစ်နိုင်ခြေနဲ့ မျှော်မှန်းတန်ဖိုးကို ရည်ညွှန်းပါတယ်။ ဈေးကွက်စွန့်စားရမှုက ကုန်သွယ်မှုစနစ်တိုင်းမှာ ရှိနိုင်တာကြောင့် အဲဒီစွန့်စားရမှုကို စွမ်းဆောင်ရည်မြင့်မားစွာနဲ့ လျင်မြန်စွာ လုပ်ဆောင်ကြရမှာ ဖြစ်တယ်။ ဈေးကွက်အတွင်းမှာ ရှိနေတဲ့ သာတူညီမျှရှိစေမှုတွေ၊ အတိုးနှုန်းတွေနဲ့ နိုင်ငံခြားငွေလဲလှယ်မှုတွေဖြစ်တဲ့ လုပ်ငန်းဆောင်ရွက်မှုမှာ လုံခြုံစေမှုတွေ အတွင်း ဈေးနှုန်းတွေရဲ့ ထင်မှတ်မထားတဲ့ အခြေအနေဖြစ်စေတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမှုဖြစ်ပေါ်စေမှု ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ သာတူညီမျှဖြစ်မှု ပျောက်နေတယ်။ ဆင်းရဲချမ်းသာကွာဟမှု များနေတယ်။ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းက မထင်မှတ်တဲ့ ကိန်းဂဏန်းပမာဏအထိ ရောက်နေတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို နိုင်ငံသားအများစု ခံစားနေကြရတယ်။
ဈေးကွက်စွန့်စားရမှုကို စနစ်တကျ တိုင်းတာပြီး မိမိနိုင်ငံသားတွေအတွက် ကုန်ဈေးနှုန်းတွေကျဆင်းအောင် လုပ်ဆောင်ရမှာ လက်ရှိပကတိ အခြေအနေဖြစ်ပါတယ်။ ဒီ့အတွက် မှန်ကန်တဲ့လုပ်ဆောင်မှုတွေ လုပ်ဖို့လိုအပ်နေတယ်။
(ခ) မြီရှင်နှင့် အတိုက်အခံအဖွဲ့ကြောင့် ဖြစ်ပေါ်လာသော စွန့်စားရမှုကို တိုင်းတာခြင်း
ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်နေသူရဲ့ လုပ်ဆောင်မှုတွေ သက်ဆိုးမရှည်အောင် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ စွန့်စားရမှုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပမာပေးရရင် စာရေးသူတို့နိုင်ငံမှာ မကြာသေးမီကမှ စတင်ခဲ့တဲ့ ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက် ဖြစ်ပါတယ်။ လောလောဆယ်မှာ စာရေးသူတို့နိုင်ငံမှာ စတော့တွေထုတ် ရောင်းနိုင်တဲ့ကုမ္ပဏီတွေက အနည်းငယ်သာ ရှိသေးတဲ့အတွက် နိုင်ငံသားတွေမှာ ရွေးချယ်ပိုင်ခွင့် နယ်ပယ် ကျဉ်းမြောင်းလွန်းတာရယ်၊ မိမိနိုင်ငံသားတွေကို ငွေကြေးစတော့တွေနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ အားနည်းနေတာ၊ ဥပဒေခေါင်းစဉ်ကိုယ်တိုင်က မှားယွင်းနေတာတွေကို သတိပြုဆင်ခြင်ရမယ့် အချက်တွေဖြစ်ပါတယ်။
(ဂ) လုပ်ငန်းဖျက်သိမ်းရခြင်း စွန့်စားရမှုကို တိုင်းတာခြင်း
ကုန်သွယ်မှုလုပ်ငန်းတွေမှာ လက်ရှိဈေး ကွက်မှာဖြစ်နေတဲ့ ဈေးနှုန်းတွေကို မိမိကအချိန်ကိုက် ကာကွယ်နိုင်မှုမရှိရင် လုပ်ငန်းဖျက်သိမ်းရတဲ့ အခြေအနေအထိ စွန့်စားရမှုဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်။
(ဃ) လုပ်ငန်းပိုင်းဆိုင်ရာ စွန့်စားရမှုကို တိုင်းတာခြင်း
ဒါကတော့ လုပ်ငန်းအတွင်းပိုင်း မူဝါဒတွေကို မှန်ကန်စွာ ထိန်းချုပ်လုပ်ဆောင်နိုင်ခြင်း မရှိမှု၊ အစိုးရသတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း မဆောင်ရွက်နိုင်မှု စနစ်ပျက်ယွင်းမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ လိမ်လည်လှည့်ဖြားခံရမှု၊ လူကြောင့် အမှားဖြစ်မှု တွေနဲ့ ပြင်ပဆိုင်ရာ ဘေးဆိုးကပ်ဆိုးများကြောင့် ဖြစ်ပါတယ်။
ကုန်သွယ်မှုလုပ်ငန်းတွေမှာ လုပ်ငန်းမလုပ်မီကတည်းက လုပ်ဆောင်သင့်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ များစွာလုပ်ဆောင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ စွန့်စားရမှုတွေကို ခံနိုင်ရည်ရှိစေရမှာ ဖြစ်တယ်။ Opportunities come to those whotakerisk. လို့ဆိုထားတာကြောင့် အခက်အခဲတွေ စိန်ခေါ်မှုတွေ တွေ့ရင် အောင်မြင်စွာ ကျော်လွှားနိုင်စေရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေက စနစ်တကျ အကောင်အထည်ဖော်နိုင်ရင် ကုန်သွယ်မှု အခွင့်အလမ်းတွေအဖြစ် ဖြစ်ထွန်းလာနိုင်စေမှာ ဖြစ်ကြောင်းပါ။










